စစ်ကိုင်း-မန္တလေးလမ်း  ရတနာပုံတံတား (ဧရာဝတီ) အဆင်း နှာပေါက်တိုးဂိတ်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား

စစ်ကိုင်း-မန္တလေးလမ်း  ရတနာပုံတံတား (ဧရာဝတီ) အဆင်း နှာပေါက်တိုးဂိတ်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား
Published 24 February 2024
သက်ထွန်းအောင်

စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံ တံ တား (ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ် အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက်  နံနက် ၈ နာရီ ၄၈ မိနစ်ခန့်က ယာဉ် သုံးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တ လေးလမ်း၊ ရတနာပုံတံတား (ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီးတွင် MISUBISHI CANTER  အမျိုးအစား(၆)ဘီး (အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်းကြောတူ ရှေ့ရှိ  SUZUKI CARRY  အမျိုးအစား(အဖြူရောင်)ယာဉ်အား တိုက်မိ ခဲ့ကြောင်း၊ အဆိုပါ ယာဉ်မှတစ်ဆင့်  Super Custom  အမျိုးအစား(အညိုရောင်) ယာဉ် အား ဆက်လက်တိုက်မိခဲ့ကြောင်း ၊ အဆိုပါ ယာဉ်မှတစ်ဆင့် NISSAN   (၁၂)ဘီး (ခဲ ရောင်) ယာဉ်အား ဆက်လက်တိုက်မိမှုဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဌာန၏ သတင်းထုတ်ပြန် ချက်အရ ဆက်လက်သိရသည်။

ယာဉ်တိုက်မှုကြောင့်  MISUBISHI CANTER ယာဉ်မှ ယာဉ်နောက်လိုက် အမျိုး သား တစ်ဦး ယာဉ်ခေါင်းခန်းတွင် ညပ်နေ သောကြောင့် အမရပူရမြို့နယ်မီးသတ် စခန်း မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဘုံးအိုး အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ် အချိန်တွင် ယာဉ်ခေါင်းခန်းတွင် ညှပ်နေသည့် အမျိုးသားအား ထိခိုက်ဒဏ် ရာရ (မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 ဒဏ်ရာရရှိသူ အမျိုးသားအား သံဝေဂ ဉာဏလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တ လေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ဆက်လက်သိရှိရသည်။