တာချီလိတ်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး ဖမ်းဆီးရမိ
Published 23 February 2024

တာချီလိတ်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ဖေဖော်ဝါရီ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ)ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝန်းအတွင်း၌ တရားမဝင် အွန်လိုင်းဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများသည် ပြုလုပ်နေကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ အွန်လိုင်းဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent