ထိုင်းနိုင်ငံ ကော့တောင်ကျွန်းအနီးတွင် ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး သင်္ဘောပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းအနီးတွင် ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး သင်္ဘောပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေ
Published 5 April 2024

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းအနီးတွင် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းသင်္ဘောပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေဟု သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းအနီး ပင်လယ်ပြင်တွင် ဧပြီ ၄ ရက်က ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

မီးလောင်ခဲ့သည့် သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားအချို့ လိုက်ပါလာခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါသင်္ဘောမှာ စူရတ်ဌာနီမှကော့ တောင်ကျွန်းသို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်း၊ သင်္ဘောထွက်ခွာခဲ့ပြီးနောက် စက်ချွတ်ယွင်းမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ထိုင်းနိုင်ငံတာဝန်ရှိသူများ ရောက်ရှိလာကာ အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်း၊ သဘေ်ာပေါ်မှ ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားမှာ ကိုနေမျိုးအောင် (ခ) ဝက်ကြီးဆိုသူဖြစ်ကြောင်း၊ အခြားအမျိုးသမီးတစ်ဦးလည်း ပျောက်ဆုံးနေကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Most Read

Most Recent