မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံအတွင်း ကုန်တင်ယာဉ်တစ်စီး မီးလောင်

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံအတွင်း ကုန်တင်ယာဉ်တစ်စီး မီးလောင်
Published 22 March 2024

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံအတွင်း ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု မတ် ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၂၂ ရက် နံနက် ၁၁ နာရီကျော်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့သည်။

“ဆန်တွေသယ်ဆောင်ထားတဲ့ ကုန်တင်ယာဉ်မီးလောင်တာပါ။ လူထိခိုက်ခြင်းတော့ မရှိပါဘူး။ ယာဉ်ရှေ့ခန်း မီးလောင်သွားပါတယ်။ စက်ချို့ယွင်းမှုဖြစ်ပြီး မီးလောင်တာပါ” ဟု ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွိ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်သည့်နေရာမှာ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ကံ့ကော်လမ်းသွယ်(၁)တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent