အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅၇)အနီးတွင် ဧပြီ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က အိမ်စီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၇/၃)နှင့် (၂၅၇/၄)ကြားတွင် အိမ်စီးယာဉ်(၁)စီးသည် မောင်းနှင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ်ကြောတွင် တိမ်းမှောက်မှုဖြစ်ပွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အခင်းဖြစ်နေရာသို့ ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးသုံးဦးအနက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျန်လေးဦးသည် မစိုးရိမ်ရဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။
ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသမှု ခံယူရန် မိတ္ထီလာမြိုနယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။