ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့်မြန်မာနိုင်ငံသားများ တစ်ရက်အတွင်း နေရာခြား၍ ၃၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့်မြန်မာနိုင်ငံသားများ တစ်ရက်အတွင်း နေရာခြား၍ ၃၉ ဦး ဖမ်းဆီးခံရ
■ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားအချို့ကို တွေ့ရစဉ် (Photo: Thai News)
■ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားအချို့ကို တွေ့ရစဉ် (Photo: Thai News)
Published 22 February 2024

ထိုင်းနိုင်ငံအတွင်းသို့  ကော့သောင်း- ရနောင်း လမ်းမှတစ်ဆင့်တရားမဝင်ဝင် ရောက်ကြသည့် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၂၀ ရက်  တစ်ရက်တည်းတွင် နေရာခြား၍ ၃၉ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့ သည် ရနောင်းခရိုင် ကရဘူရီမြို့ ကျော်ပေါရော် ကျေးရွာ ဟင်(န်)ဒမ်ကျေးရွာအနီးတွင် ရပ်ထားသည့်  ပစ်ကပ်ကားတစ်စီးအား ဖေ ဖော်ဝါရီလ ၂၀ ရက် နံနက် ၂ နာရီခန့်က  သွား ရောက်စစ်ဆေးရာ တရားမဝင် မြန်မာ အလုပ်သမား ရှစ်ဦး (အမျိုးသား လေးဦး၊ အမျိုး သမီး လေးဦး )နှင့် ယာဉ်မောင်းဖြစ်သူ တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီမြို့ကျော် ပေါရော် ကျေးရွာအုပ်စု ရော်ဘာခြံအနီးတွင် ခြေကျင် လျှောက်နေသူ မြန်မာအလုပ်သမား လေးဦး ကို ထပ်မံတွေ့ရှိဖမ်းဆီးခဲသည်ဟု ထိုင်း ဘက် မှလာသောသတင်းများအရ သိရသည်။

အဆိုပါ မြန်မာလုပ်သား လေးဦးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် ခြေကျင် ဖြင့် ဝင်ရောက်လာသူများဖြစ်ကြောင်း စစ် ဆေးရေးဂိတ်ကျော်သွားပါက စောင့်နေသည့် ကားဖြင့် ချွန်ဖော်သို့ သွားမည်ဖြစ်ကြောင်း နှင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအား ပါက် ကျန် ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း တပ်မ ၄ က သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

ထို့နောက် တရားမဝင် နယ်စပ်ဖြတ် ကျော်လာကြောင်းသတင်းအရ ထိုင်းဒေသခံ အာဏာပိုင်အဖွဲ့များသည် ကရဘူရီမြို့ ရနောင်းမြို့ စူခ်ဆမ်ရာမြို့တို့တွင် စစ်ဆေး ရေးဂိတ် များချထားပြီး ကားဖြင့် လုံခြုံရေး လှည့်ပတ်စစ်ဆေးနေစဉ် ရနောင်းခရိုင် စူခ် ဆမ်ရာမြို့ ရှိ  စားအုန်းဆီခြံ ဘေး တောလမ်း တွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီး မောင်းနှင်သည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ ကားထဲတွင် တရားမဝင် မြန်မာအလုပ်သမား ငါးဦးကိုတွေ့ရှိဖမ်းဆီးခဲ့ကြောင်း၊ထို့နောက် စူခ်ဆမ်ရာမြို့ နာခါကျေးရွာတွင်  သံသယဖြစ် ဖွယ် ကားတစ်စီးတွေ့ရှိသဖြင့်  လိုက်လံဆေး စစ်ရာ ကမ်ဖွန်ကျေးရွာ အုပ်စု ၄ တွင် အရှေ့ နောက် လမ်းပိတ်ပြီး ကားကိုစစ်ဆေးရာတွင် တရားမဝင် မြန်မာအလုပ်သမား သုံးဦး ဖမ်း ဆီး ခံရကြောင်း၊ ထို့နောက် မြန်မာအလုပ် သမားကို တင်ဆောင်လာသည့်  ကားနှစ်စီးကို ထပ်မံတွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာတွင်  ပထမတစ်စီးကို စူခ်ဆမ်ရာကျေးရွာ ကမ် ဖွန်ကျေးရွာ အုပ်စု၂  အနီးတွင်ဖမ်းဆီးရမိပြီး ကားထဲတွင် တရားမဝင် မြန်မာ အလုပ်သမား ငါးဦးနှင့် ဒုတိယ ကားအတွင်မှ  မြန်မာအလုပ် သမား ၁၄ ဦးတို့ကို  ထပ်မံတွေ့ရှိ ဖမ်းဆီးခဲ့ ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်း များအရသိရသည်။

ပြည်တွင်း၌ စစ်မှု မထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ်လူရွယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင်လမ်း ကြောင်းဖြင့် ဝင်ရောက်ကြပြီး နေ့စဉ် ဖမ်းဆီး ခံရမှုမြင့်တက်လျက်ရှိကြောင်း အလုပ်သမား ရေး ဆောင်ရွက်နေသူများက ပြောကြား သည်။                             

Most Read

Most Recent