နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား နစက ဒုတိယဥက္ကဋ္ဌ နှင့် အိန္ဒိယတပ်မတော် အမှတ် (၃)တပ်မကြီးမှူးတို့ တွေ့ဆုံရာတွင် ဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား နစက ဒုတိယဥက္ကဋ္ဌ နှင့် အိန္ဒိယတပ်မတော် အမှတ် (၃)တပ်မကြီးမှူးတို့ တွေ့ဆုံရာတွင် ဆွေးနွေး
Published 21 February 2024

နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(​ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော် အမှတ် (၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM တို့ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(​ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော် အမှတ် (၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ့သို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(​ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် အမှတ် (၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent