ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၂/၃) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားသုံးဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၂/၃) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားသုံးဦး သေဆုံး
Published 20 February 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၂/၃) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၂၀ က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၂/၃) အနီး၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ၁၁ မိုင် အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၃) အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hyundai အမျိုးအစား Express ယာဉ်မှာ ဆီပြတ်သွား၍ လမ်းယာဘက်အနှေးယာဉ် ကြောပေါ်တွင် ရပ်တန့်ထားစဉ် လားရာတူ အနောက်မှ ပုဆိုး/ထမီဖာများ တင်လာသော Nissan Condor အမျိုးအစားယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် Express ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်မှုဒဏ်ရာရရှိခြင်း မရှိသော်လည်း Nissan Condor ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသားသုံးဦးအနက် သုံးဦးစလုံးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် လှည်းကူးမြို့နယ် ညောင်းကုန်းကျေးရွာမှ ဉာဏိဿရ အရေးပေါ်လူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ကူညီပေးခဲ့ကြောင်း မြန်လမ်းမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent