သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ခြိမ်းခြောက်စာအကပ်ခံရ

သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ခြိမ်းခြောက်စာအကပ်ခံရ
Published 11 February 2024

သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ် ချုပ်ရေးမှူးအား ခြိမ်းခြောက်စာကပ်ကာ ခြိမ်း ခြောက်ထားကြောင်း ဒေသခံများထံမှ သိရ သည်။ အဆိုပါ ခြိမ်းခြောက်စာအား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ဖေဖော် ၀ါရီ ၁၀ ရက် နံနက်ပိုင်းက ကပ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ဘယ်အဖွဲ့က ကပ်သွားတာလဲတော့ မသိဘူး။ ခြိမ်းခြောက်စာက အုပ်ချုပ်ရေးမှူးကို ရည်ရွယ်ထားတယ်ဆိုပေမဲ့ တစ်ရွာလုံး ထိတ် လန့်နေရတယ်” ဟု အဆိုပါဒေသခံက ဆက် လက်ပြောကြားသည်။

အဆိုပါခြိမ်းခြောက်စာတွင် အုပ်ချုပ် ရေးမှူးအား အရှင်ဖမ်းပြမည်၊ ရွာသားများ အသွားအလာ  သတိပြုကြရန်စသည့်အချက် များ ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူး ကျေးရွာနှင့် အနင်းကျေးရွာရှိ ရဲကင်းစခန်း အား PDF အဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက် နံနက် ၅ နာရီကစတင်ကာ တစ်ပြိုင် တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အနင်းကျေး ရွာမှ လူအိမ်နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် အနင်းကျေး ရွာနှင့် ထင်းရှူးကျေးရွာတို့မှ ဒေသခံအရပ် သားတစ်ဦးစီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒေသခံ ၁၀၀ ခန့်မှာ နေရပ်စွန့်ခွာစစ်ဘေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent