မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း သိရ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း သိရ
Published 2 February 2024

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ် လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန် မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။          ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင် ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၉ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ  ၅ သန်းနှင့် ဘတ် သန်း ၅၀ ထပ်မံရောင်းချ ခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်    ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်    ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချခဲ့ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း သိရသည်။          မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေ  ကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာ လေးသန်း နှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility  ပေးခဲ့သည်။

 ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင် ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရ သည်။

သီလဝါဆိပ်ကမ်းမှ စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရာ တွင် မျှောစနစ်ဖြင့်ဆောင်ရွက်နေပြီး အွန်လိုင်း မှတစ်ဆင့် မျှောစနစ်ထုတ်ယူနိုင်ရန် စီစဉ်ထား ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် က ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ်ယူရသည့်စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့်အဆင့်သို့ အသုံးပြုသွား နိုင်ရေးနှင့်  software စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူ သုံးစွဲမှုအခြေအနေကို ကြီး ကြပ်စောင့်ကြည့်နိုင်ရေး အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စက်သုံးဆီ အရောင်းဆိုင်များက အများပြည်သူသို့ ဝန် ဆောင်မှု ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန်အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေး နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဆီတင် /ဆီချ ဆောင်ရွက်ရာတွင် စက်သုံးဆီများ ယို ဖိတ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို အရည် အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် သီလဝါဆိပ်ကမ်း ရှိ စက်သုံးဆီသိုလှောင်စခန်းများသို့ သွား ရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။                  ယခင်က သီလဝါမှ စက်သုံးဆီများထုတ် ယူရာတွင် သတ်မှတ်ထားသည့် terminal များ တွင် ဆီဆိုင်များက ရရှိသည့် စက်သုံးဆီခွဲတမ်း များ ထုတ်ယူပြီး ပြည်နယ်နှင့်တိုင်းများသို့ သယ် ဆောင်၍ ဆိုင်များတွင် ရောင်းချနေသည့်ပုံစံ ဖြစ်ပြီး ယခုတွင် ထုတ်ယူပြီးသည့် စက်သုံးဆီ များကို ပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင် ရာတွင် မျှောစနစ်ဖြင့် ထုတ်ပေးသည့်အခြေ အနေသို့ ပြောင်းလဲခြင်းဖြစ်သည်။

Most Read

Most Recent