အီသီယိုပီးယားတွင် မကြာသေးမီလများအတွင်း ငတ်မွတ်မှုကြောင့် လူ ၄၀၀ နီးပါး သေဆုံး

အီသီယိုပီးယားတွင် မကြာသေးမီလများအတွင်း ငတ်မွတ်မှုကြောင့် လူ ၄၀၀ နီးပါး သေဆုံး
မေ ၉ ရက်က အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသတွင် ဒေသခံများက ရွှေ့ပြောင်းနေထိုင်သူများကို အစားအစာများ ဝေမျှပေးနေစဉ် (Photo:AP)
မေ ၉ ရက်က အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသတွင် ဒေသခံများက ရွှေ့ပြောင်းနေထိုင်သူများကို အစားအစာများ ဝေမျှပေးနေစဉ် (Photo:AP)
Published 31 January 2024

အီသီယိုပီးယား၏ တီဂရေးနှင့်အမ်ဟာရာဒေသများတွင် မကြာသေးမီလများအတွင်း ငတ်မွတ်မှုကြောင့် လူ ၄၀၀ နီးပါးသေဆုံးခဲ့သည်ဟု အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန်အစိုးရကခန့် ထားသောအရာရှိက ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ဖက်ဒရယ်အဆင့် အဖွဲ့အစည်းတစ်ခုက ငတ်မွတ်မှုနှင့်ဆက်နွှယ်၍ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီးရှား ရှားပါးပါးထုတ်ပြန်ချက်တစ်ခုဖြစ်သည်။

ဒေသခံတာဝန်ရှိသူများက ၎င်းတို့၏ခရိုင်များတွင် ငတ်မွတ်မှုကြောင့် သေဆုံးမှုများရှိကြောင်း အစောပိုင်းကထုတ်ပြန်ထားသော်လည်း အီသီယိုပီးယားဖက်ဒရယ်အစိုးရက  ယင်းအစီရင်ခံတင်ပြမှုများသည် အပြည့်အဝ မှားယွင်းနေကြောင်း ခုခံပြောကြားခဲ့သည်။

အီသီယိုပီးယား၏ဖက်ဒရယ်အရာရှိက မိုးခေါင်မှုနှင့် ၁၄ လကြာ ဖြစ်ပွားသော ဆိုးရွားသည့် ပြည်တွင်းစစ်၏ ရိုက်ခတ်မှုများကို ဆက်လက်ရင်ဆိုင်နေရသော ယင်းဒေသများသို့ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။

လွန်ခဲ့သည့် ခြောက်လအတွင်း တီဂရေးတွင် ငတ်မွတ်မှုကြောင့် လူ ၃၅၁ ဦးသေဆုံးပြီး အမ်ဟာရာတွင် ၄၄ ဦးသေဆုံးကြောင်း ၎င်းတို့က သုံးသပ်ထုတ်ပြန်ခဲ့သည်။

ခိုးယူမှုဖြစ်စဉ်များကြောင့် ကာလကြာ ရှည်အကူအညီပေးမှုများကို ရပ်နားခဲ့ပြီးနောက် အကူအညီပေးရေး အေဂျင်စီများက ဂျုံစပါးပို့ဆောင်မှုများကို ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် တစ်လကျော်အကြာတွင်

တီဂရေးရှိ လိုအပ်နေသူများ၏အနည်းငယ်သော ပမာဏသာ အစားအစာအကူအညီရရှိသည်ဟု အေပီသတင်းဌာနက တွေ့မြင်ခဲ့သော မှတ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။

ယခုလအတွင်း တီဂရေးတွင် လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများ၏အ စားအစာအကူအညီပေးရန် ရည်ရွယ်ထားသော လူ ၃ ဒသမ ၂ သန်း၏ ၁၄ ရာခိုင်နှုန်းသာရရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နှင့် အီသီယိုပီးယားတာဝန်ရှိသူများက ပူးတွဲလုပ်ဆောင်နေသည့် အကူအညီပေးရေးအေဂျင်စီများမှ တစ်ဖွဲ့ဖြစ်သော တီဂရေးအစားအစာအစုအဝေး၏ မှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းမှတ်တမ်း၌ လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ချက်ချင်းအရှိန် တိုးမြှင့်ရန် တိုက်တွန်းထားပြီးအလျင်အမြန် အရေးတကူ လုပ်ဆောင်မှုပျက်ကွက်ခြင်းသည် အထွက်နည်းသော ရာသီကာလအတွင်း ဆိုးရွားသော အစားအစာချို့တဲ့မှုနှင့် အာဟာရပြတ်လတ်မှုများ ဖြစ်ပေါ်လာနိုင်ကာ ဒေသ ရှိကလေးများနှင့် အမျိုးသမီးများအပေါ်အထိ နာစေနိုင်သည်ဟု သတိပေးထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဂျုံစပါးများကို ခိုးယူရန် ကြီးမားသော အရှုတ်တော်ပုံတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ကုလသမဂ္ဂနှင့်အမေရိကန်တို့က လွန်ခဲ့သည့်နှစ် မတ်လလယ်ပိုင်းတွင် တီဂရေးသို့ အစားအစာထောက်ပံ့မှုများ ရပ်နားခဲ့သည်။ဇွန်လတွင် ယင်းဆိုင်းငံ့မှုကို အီသီယိုပီးယား၏ ကျန်အ စိတ်အပိုင်းများသို့ ထပ်မံတိုးချဲ့ခဲ့သည်။အမေရိကန်တာဝန်ရှိသူများက ယင်းခိုးမှုသည် ဂျုံစပါးများအား အကြီးမားဆုံး လမ်းလွှဲသယ်ယူမှုဖြစ်ဖွယ်ရှိသည်ဟု ယူဆကြသည်။အလှူရှင်များက ယင်းအရှုတ်တော်ပုံအတွက် အီသီယိုပီးယားအစိုးရတာဝန်ရှိသူများနှင့် စစ်တပ်ကို ပြစ်တင်ပြောကြားခဲ့သည်။

ခိုးမှုကိုတားမြစ်ရန် ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ခဲ့ပြီးနောက် ကုလသမဂ္ဂနှင့်အမေရိကန်က ဒီဇင်ဘာတွင်ဆိုင်းငံ့မှုများကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း တီဂရေး အာဏာပိုင်များကမူ အစားအစာများသည်  လိုအပ်နေသူများထံ မရောက်ရှိကြောင်း ပြောကြားခဲ့သည်။                                     Ref:AP

Most Read

Most Recent