ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ပတ်သက်ပြီး ပြည့်စုံရန်လိုအပ်နေ၍ ပြင်ဆင်ရန်လိုကြောင်း လွှတ်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီပြောကြား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ပတ်သက်ပြီး ပြည့်စုံရန်လိုအပ်နေ၍ ပြင်ဆင်ရန်လိုကြောင်း လွှတ်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီပြောကြား
Published 14 January 2015

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ပတ်သက်၍ ပြည့်စုံရန်လိုအပ်နေသည့်အတွက် ပြင်ဆင်ရန်လိုကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ အတွင်းရေးမှူးဦးသိန်းလွင်က The Daily Eleven သတင်းစာသို့ပြောကြားသည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ဖြင့် ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က အဆိုပါဥပဒေကိုပြဋ္ဌာန်းထားသည်။"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပေါ့နော်။ ၂၀၁၂ ကိုပြုစုပြီးတော့ လွှတ်တော်မှာတင်ခဲ့တယ်။ ၂၀၁၂ ကတင်ခဲ့တယ်။ ၂၀၁၄ မှာကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက အဲဒါနည်းဥပဒေပြုစုလိုက်ပြီ။ အဲဒါထွက်သွားပြီ။ သို့သော် ဒီမှာတစ်လက်စတည်းပြောချင်တာက ဥပဒေတစ်ခုပြုစုလိုက်တယ်ဆိုတာက အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေက တို့မြန်မာပြည်မှာ တစ်ခါမှမရှိခဲ့ဘူး။ စပြီးဆွေးနွေးတာတွေက ၁၉၉၇ ကတည်းက သန္ဓေတည်ခဲ့ပေမယ့် တို့လည်းအဲဒါပါခဲ့ပေမယ့် အကောင်အထည်မပေါ်လာခဲ့ဘူး။ အကြောင်းအကြောင်းတွေကြောင့်။ ပထမဆုံးထွက်ပေါ်လာတဲ့ဥပဒေဖြစ်တဲ့အတွက် လိုအပ်ချက်လေးတွေရှိနေသေးတယ်။ လုံးဝပြီးပြည့်စုံတယ်လို့မရှိဘူး။ အမေရိကန်နိုင်ငံ အခြေခံဥပဒေတောင်မှ ခဏခဏပြင်ရတာပေါ့နော်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ က မြန်မာပြည်မှာ တစ်ခါမှမရှိတဲ့ဥပဒေကိုပြုစုခဲ့တာဖြစ်တဲ့အတွက် ဥပဒေတစ်ရပ်အနေနဲ့တော့ထွက်လာခဲ့တယ်။ ဝန်ကြီးဌာနကလည်း နည်းဥပဒေတွေထုတ်ပြန်ပြီးပြီ။ သို့သော် ပြီးပြည့်စုံတဲ့ လုံလောက်တဲ့ဥပဒေမဟုတ်သေးဘူး။ ထပ်ပြီးတော့ ဒါတွေပြင်ဆင်ဖို့လိုလိမ့်မယ်" ဟု အတွင်းရေးမှူးဦးသိန်းလွင်ကပြောကြားသည်။ဆက်လက်၍ ဦးသိန်းလွင်က "အဲဒါကတော့ တို့လည်းအခုလေ့လာပြီးတော့ တို့ပြဋ္ဌာန်းလိုက်တဲ့အပေါ်မှာ တချို့ကလည်း အားမလိုအားမရတွေပါတာပေါ့။ ဆိုကြပါစို့။ တချို့တွေပြောကြတယ်။ ဥပမာ Climate Change နဲ့ပတ်သက်လို့မပါဘူးပေါ့။ ပါတော့ပါပါတယ်။ သို့သော် နည်းနည်းလေးပဲပါတာပေါ့။ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်လို့ မပါဘူးလို့ပြောတယ်။ မှန်ပါတယ်။ တော်တော်လေးပြည့်ပြည့်စုံစုံပါဖို့တော့လိုသေးတာပေါ့။ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို ပြည့်ပြည့်စုံစုံအနေအထားမှာ ထည့်သွင်းဖို့လိုတယ်။ ဥပမာပြောတာပါ။ အဲဒီလိုလည်း ရှုထောင့်အသီးသီးကနေပြီးတော့ လိုအပ်မယ်လို့ထင်တဲ့ဟာလေးတွေကိုစုစည်းပြီးတော့ တစ်ခါပြန်ပြီးတော့ပြင်ရမှာပေါ့" ဟုပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပေါ့နော်။ ၂၀၁၂ ကိုပြုစုပြီးတော့ လွှတ်တော်မှာတင်ခဲ့တယ်။ ၂၀၁၂ ကတင်ခဲ့တယ်။ ၂၀၁၄ မှာကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက အဲဒါနည်းဥပဒေပြုစုလိုက်ပြီ။ အဲဒါထွက်သွားပြီ။ သို့သော် ဒီမှာတစ်လက်စတည်းပြောချင်တာက ဥပဒေတစ်ခုပြုစုလိုက်တယ်ဆိုတာက အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေက တို့မြန်မာပြည်မှာ တစ်ခါမှမရှိခဲ့ဘူး။ စပြီးဆွေးနွေးတာတွေက ၁၉၉၇ ကတည်းက သန္ဓေတည်ခဲ့ပေမယ့် တို့လည်းအဲဒါပါခဲ့ပေမယ့် အကောင်အထည်မပေါ်လာခဲ့ဘူး . . .

ပြည်သူများလိုလားသော၊ ပြည်သူအများကိုအကာအကွယ်ပေးသော၊ ပြည်သူအများကြိုဆိုသောဥပဒေများကို လွှတ်တော်ကအလေးထားပြီး ပြဋ္ဌာန်းပေးရန်မှာ အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်တွင်တင်ပြထားသည်။"အဲဒီပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ရာမှာ သူတို့တာဝန်အရှိဆုံးပဲလေ။ သူတို့ကိုယ်တိုင်က ဒါတွေစုစည်းပြီးတော့ ပြင်သင့်ပြင်အပ်တဲ့အချက်တွေ NGO တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ ပြီးတော့ လွှတ်တော်ကဥပဒေပညာရှင်တွေ၊ နားလည်တဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းစပ်ပြီးတော့ ပြင်ရမှာပေါ့" ဟု အဆိုပါကော်မတီမှ အတွင်းရေးမှူးဦးသိန်းလွင်ကဆိုသည်။"ပိုမိုပြည့်စုံမှုရှိအောင် ကမ္ဘာနဲ့အနှံအပြားမှာ တိုးတက်ဖြစ်ထွန်းလာတဲ့ အခြေအနေအပေါ်မူတည်ပြီးတော့ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုတာဟာ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံပါသင့်တယ်။ ဒီဥပဒေကိုပြင်ဆင်ဖို့လိုအပ်တယ်" ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ အတွင်းရေးမှူး ဦးသိန်းလွင်ကဆိုသည်။လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့်ဥပဒေပေါင်း ၁၂၆ ခုရှိပြီး လက်ရှိတွင် ဥပဒေကြမ်း ၄၀ အား ဆက်လက်ဆွေးနွေးနေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။