အယ်နီညို ရာသီဥတု၊ သဘာဝဘေးစိန်ခေါ်မှုများနှင့် မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု

အယ်နီညို ရာသီဥတု၊ သဘာဝဘေးစိန်ခေါ်မှုများနှင့် မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု
Published 22 October 2023

ပဲခူးတိုင်းအတွင်း  ရေကြီးနစ်မြုပ်ခဲ့သည့် လယ်များအနက်အချို့ကို ပြန်လည်ရိတ်သိမ်းနေစဉ် (ဓာတ်ပုံ- ပဲခူးတိုင်းဌာနေ)

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဆန်စပါး ကုန်သွယ်မှုသည် ယခင်နှစ်ထက် မက်ထရစ် တန်ချိန် သုည  ဒသမ ၂ သန်း လျော့နည်းပြီး မက်ထရစ်တန်ချိန် ၅၄ ဒသမ ၂ သန်းဖြစ်ခဲ့ သည်။

ယခုနှစ်အတွင်း အာဂျင်တီးနား၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ပါရာဂွေး၊ ရု ရှား၊ တန်ဇန်နီးယား၊ အမေရိကန်၊ ဥရုဂွေးနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်စပါးတင်ပို့မှု ကျ ဆင်းနိုင်သော်လည်း သြစတြေးလျ၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှာ ဆန်စပါးပိုမိုတင်ပို့နိုင် ကြောင်း ခန့်မှန်းထားကြသည်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ဧက အများအပြား ရေမြုပ်ပျက်စီးခဲ့သဖြင့် ဆန်စပါးထုတ်လုပ်မှုနည်းပါးခြင်း၊ ပါကစ္စတန်နိုင်ငံတွင်လည်း စပါးခင်းများ ပြင်းပြင်း ထန်ထန် ရေနစ်မြုပ်ဒဏ်ခံစားခဲ့ရသည့်အတွက် ယခင်နှစ်များထက် ဆန်စပါးထုတ်လုပ် မှု ၃၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် အိန္ဒိယနိုင်ငံ သည် ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်း၊ ရုရှား နှင့် ယူကရိန်းအရေးအခင်းများအတွင်း ဂျုံ နှင့် ပြောင်းတို့အစား ဆန်စပါးသည် အစား ထိုး ကုန်စည်ဖြစ်လာခြင်းအရ လိုအပ်ချက်ပို မိုမြင့်မားလာခြင်း စသည့်အချက်များကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဆန်စပါးစျေး ကွက်တွင် ရောင်းလိုအား၊ ဝယ်လိုအား မမျှ တသည့်အခြေအနေနှင့် ရင်ဆိုင်နိုင်ကြောင်း၊ ထို့ကြောင့် ဆန်စပါးကို အဓိကထုတ်လုပ် သော မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဆန် ဖူလုံရေးကို မထိခိုက်ပါက အဆိုပါအခွင့်အ ရေးများကို အသုံးချပြီး ပြည်ပစျေးကွက်သို့ ဆန်ပိုမိုတင်ပို့နိုင်ရေးအလေးထားဆောင် ရွက်ရမည့်ကာလတစ်ခုဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံတွင် နွေစပါး၊ မိုးစပါးဟူ၍ ရာသီနှစ်ရာသီဖြင့် စိုက်ပျိုးကြပြီး မိုးစပါးစိုက် ပျိုးမှု ပိုမိုများပြားသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အ တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအ နေများအရ နှစ်စဉ် မိုးစပါးစိုက်ဧရိယာနှင့် ရိတ်သိမ်းဧရိယာသည် နွေစပါးစိုက်ဧရိယာ နှင့် ရိတ်သိမ်းဧရိယာထက် ပိုမိုများပြားနေ သော်လည်း မိုးစပါးထက် နွေစပါးမှာ အ ထွက်နှုန်း ပိုမိုမြင့်မားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးကို မေလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြပြီး နွေ စပါးကိုမူ နိုဝင်ဘာလမှ ဧပြီလအတွင်း စိုက် ပျိုးလေ့ရှိသည်။ နွေစပါးသည် သွင်းရေတစ် မျိုးမျိုးရရှိမှသာ စိုက်ပျိုးဖြစ်ထွန်း၍ အမြင့် ဆုံးအထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိုးစပါးသည် မိုးရေကို အဓိကအားထား၍ စိုက်ပျိုးရသဖြင့် ဒေသအနှံ့အပြားတွင် စိုက် ပျိုးနိုင်သော်လည်း မရိတ်သိမ်းမီကာလအ တွင်း မိုးများခြင်း၊ ရေကြီးခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရပါက ရိတ် သိမ်း နိုင်ခြင်းမရှိတော့ဘဲ ထိခိုက်ပျက်စီးခြင်း များ ကြုံတွေ့နိုင်သည်။

စပါးစိုက်ပျိုးမှု အများဆုံးဒေသတွင် ပါ ဝင်သော ပဲခူးတိုင်းဒေသကြီးအတွင်း  အော က် တိုဘာ ပထမပတ်အတွင်းက မိုးသည်းထန် စွာ ဆက်တိုက်ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ကာ စပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့သည်။

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက် အရ ပဲခူးတိုင်းအတွင်း လယ်ဧက ရှစ်သောင်း ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ဧကသုံးသောင်း ကျော်ထိခိုက်ကာ ဧကလေးထောင်ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာ လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက် မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့နယ်တွင် ကာလတူနှိုင်းယှဉ်ချက်အရ မိုးရေချိန် ၃၈ လက်မ ပိုမိုရွာသွန်းခဲ့ပြီး အောက်တိုဘာ ၁၇ ရက်အထိ မိုးစပါးစိုက်ဧက ၈၇၀၁၂ ဧက ရေ ကြီးနစ်မြှုပ်ကာ ပြန်ပေါ်ဧက ၇၇၈၅၄ ဧက အနက် ၃၆၂၅၉ ဧက ထိခိုက်ခဲ့ပြီး ၄၇၁၆ ဧက ပျက်စီးခဲ့သည်။

ထိခိုက်ပျက်စီးခဲ့သည့် လယ်ဧကများကို ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့ စက်များဖြင့် မိုးစပါးရိတ်သိမ်းခဲ့ကြောင်း သိရ သည်။

၂၀၂၁-၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်း၊ နွေစပါး စိုက်ဧက ၂ ဒသမ ၄၂ သန်း၊ စုစုပေါင်းစိုက် ဧက ၁၇ ဒသမ ၄၃ သန်းရှိပြီး မိုးစပါးရိတ်သိမ်း ဧက ၁၄ ဒသမ ၉၈ သန်း၊ နွေစပါးရိတ်သိမ်း ဧက ၂ ဒသမ ၄၂ သန်း၊ စုစုပေါင်းရိတ်သိမ်း ဧက ၁၇ ဒသမ ၄ သန်း အသီးသီးရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုအများဆုံး ဒေသများမှာ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ရန် ကုန်နှင့်ရခိုင်တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း  ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးရိတ် သိမ်းဧက ၅ ဒသမ ၁ သန်းမှ စပါးတင်း ၃၉၇  ဒသမ ၈ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဆန် စပါးရိတ်သိမ်းဧက သုံးသန်းမှ စပါးတင်း ၂၃၈ ဒသမ ၃ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ဆန်စပါးရိတ်သိမ်းဧက နှစ်သန်းမှ စပါး တင်း ၁၆၆ ဒသမ ၄ သန်း၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ဆန်စပါးရိတ်သိမ်းဧက ၁ ဒသမ၄  သန်းမှ စပါးတင်း ၉၆ ဒသမ ၁ သန်း၊ ရခိုင် ပြည်နယ်တွင် ဆန်စပါးရိတ်သိမ်းဧက တစ် သိန်းမှ စပါးတင်း ၆၂ ဒသမ ၃ သန်းအသီး သီး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသ ည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုသည် မိုးရေ ကောင်းစွာရရှိသော မြန်မာနိုင်ငံအောက်ပိုင်း ဒေသ၌ အများဆုံးစိုက်ပျိုးဖြစ်ထွန်းကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထွက် ကုန်များအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံပို လျှံခဲ့ပြီးဆန်ဖူလုံမှု ၁၅၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှု ၅၁၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ သဖြင့် လယ်ယာထွက်ကုန်တင်ပို့မှုများသည် နိုင်ငံ၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၂၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ကိုယ်စားပြုနိုင်ခဲ့ပြီး ဒေသ တွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုး ပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းနောင်က အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပသည့်၂၀၂၃ ခုနှစ် ကမ္ဘာ့စား နပ်ရိက္ခာနေ့အခမ်းအနားတွင် ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံအနေဖြင့် အယ်လ်နီညိုဖြစ် စဉ်ကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေကန် များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေ အောက်ရေများရေမျက်နှာပြင် နိမ့်ကျခြင်း များ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေနှင့်သောက် သုံးရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများတွင် ထိခိုက်ဆုံးရှုံးမှု   မဖြစ်စေရေးနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေ ရေးအတွက် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်နှင့်ရေတံခါးတို့မှ သိုလှောင်ရေအခြေအ နေအပေါ်မူတည်၍ နွေစပါးစိုက်ပျိုးရေပေးဝေခြင်းနှင့် ဒေသတွင်းသောက်သုံးရေပေး ဝေခြင်းများကို ကြိုတင်ချိန်ဆ ပြင်ဆင်ထားရှိ ကြောင်း ၎င်းင်းကဆိုသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိရှိနေ နိုင်သည့် အယ်လ်နီညိုသက်ရောက်မှုအတွက် ဒေသတွင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံအ တွက်အကျိုးရှိနိုင်မည့် စီမံဆောင်ရွက်ချက် များကို ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏  စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာကဏ္ဍတွင် ကမ္ဘာ့ဘဏ်၏စစ်တမ်းအရ  စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၊ သက် မွေးဝမ်းကျောင်းနှင့် လူမှုဘဝတည်ငြိမ်မှု အတွက် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ဖြစ်နေဆဲဖြစ်ကြောင်း၊၂၀၂၀ ပြည့်နှစ်မတိုင်ခင်က စိုက်ပျိုးရေးသည် နိုင်ငံ ၏ စုစုပေါင်း ထုတ်ကုန်ပမာဏ GDP နှင့် ကုန်သွယ်ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၃၀ နီးပါးရှိခဲ့ကြောင်း ဖော်ပြထားသည်။ စိုက်ပျိုး ရေးကဏ္ဍသည် နိုင်ငံရှိလုပ်သားဦးရေ၏ ရာ ခိုင်နှုန်း ၅၀ ခန့်ကို အလုပ်အကိုင်ပေးထား  သကဲ့သို့ ကျေးလက်လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့် မှီခိုအားထားရာ အဓိကအလုပ်အ ကိုင်ကဏ္ဍကြီးဖြစ်သည်။ စိုက်ပျိုးရေး၏ ရှေ့ပြေး နှင့် နောက်ခံချိတ်ဆက်နေမှုများကို ထည့်သွင်းလိုက်ပါက စိုက်ပျိုးစားနပ်ရိက္ခာ စနစ်သည် စုစုပေါင်း GDP ၏ ၄၂ ရာခိုင် နှုန်းနှင့် စုစုပေါင်းအလုပ်အကိုင်အရေအ တွက်၏ ၅၈ ရာခိုင်နှုန်း ပါဝင်နေသည်။

အဆက်မပြတ်ရင်ဆိုင်ကြုံတွေ့လာရ သည့် အကျပ်အတည်းများကြောင့် စိုက်ပျိုး ရိက္ခာထွက်ကုန်ကဏ္ဍ အထူးသဖြင့် ကျေး လက်ဒေသနေ နွမ်းပါးသော ပြည်သူများ ပြင်း ထန် စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ဖက်တွင် လျော့နည်းလာသည့် ဝင် ငွေနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းများ ကြောင့် စားနပ်ရိက္ခာစျေးနှုန်းများနှင့် ဝယ်ယူ စားသောက်နိုင်စွမ်းကို များစွာထိခိုက်စေ သည်။ အခြားတစ်ဖက်တွင် မြင့်တက်လာသည့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် ဓာတ် မြေသြဇာနှင့် လောင်စာဆီစျေးနှုန်းများက စိုက်ပျိုးကုန်ထုတ်နိုင်မှုအပေါ် ထိခိုက်စေ ခြင်း၊ လယ်သမားများစွာက အရေးကြီးသည့် သွင်းအားစုများ လျှော့ချသုံးစွဲလာရခြင်း၊ အ ချို့သော အခြေအနေများတွင် စိုက်ပျိုးပမာ ဏ လျှော့ချခြင်းတို့ တွေ့ရှိရကြောင်းလည်း   ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။         

Most Read

Most Recent