ဝယ်လိုအား ကျဆင်းပြီး ကုန်ကြမ်းနှင့် လုပ်သား ရှားပါးမှုကြောင့် ရုန်းကန်နေရသော မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

ဝယ်လိုအား ကျဆင်းပြီး ကုန်ကြမ်းနှင့် လုပ်သား ရှားပါးမှုကြောင့် ရုန်းကန်နေရသော မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
Published 7 April 2024

အာဆီယံထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း - PMI သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အရှိန်ရ လာကြောင်း S&P Global အစီရင်ခံစာ  အရ သိရသည်။

S&P Global အာဆီယံထုတ်လုပ်မှု  PMI ကို S&P Globalသည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်သူစုစု ပေါင်း ၂၁၀၀ ခန့် ပါဝင်သည့်အဖွဲ့များမှ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးသည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေကြား ချက်များကို အခြေခံတွက်ချက်ထားခြင်းဖြစ် သည်။

ဇန်နဝါရီလဒေတာတွင် အခြေအနေ များ ပိုမိုဆိုးရွားလာခြင်းကိုတွေ့ရပြီး ၂၀၂၃  နှစ်ကုန်ပိုင်းတွင် မြင်တွေ့ခဲ့ရသည့် မြန်မာ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှုသည် နှစ်သစ်သို့ ပါလာကြောင်း၊ အမှာစာအသစ် များနှင့် ထုတ်လုပ်မှု ပမာဏနှုန်းများသည် သတိပြုမိဖွယ်နှုန်းဖြင့် လျော့ကျခဲ့ကြောင်း၊  သို့ဖြစ်ရာ လုပ်ငန်းများသည် လုပ်သားအရေ အတွက်နှင့် ကုန်ပစ္စည်းဝယ်ယူမှုများကို လျှော့ ချကာ လျော့နည်းလာသော လိုအပ်ချက်များ နှင့်အညီဖြစ်စေရန် ၎င်းင်းတို့၏လုပ်ဆောင်မှုကို ချိန်ညှိခဲ့ကြကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံ၏ မြောက်ပိုင်းဒေသများမှ လက်နက် ကိုင်ပဋိပက္ခက ထောက်ပံ့ရေးကွင်းဆက်များ အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုထပ်ဖြစ် လာခဲ့သည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် မတ်လအတွက် ထုတ်ပြန်သည့်  S&P Global ထံမှ PMI နောက်ဆုံး ဒေတာအရ  အာဆီယံထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းမှ တိုးတက်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အဆုံးပိုင်းတွင် အရှိန် ရလာကြောင်း၊ အော်ဒါအသစ်များ အသစ် တစ်ဖန်ပြန်လည်မြင့်တက်လာမှုက ထုတ်လုပ် မှုအားကောင်းစွာ တိုးချဲ့ရေးအတွက် မောင်း နှင်အားဖြစ်လာကြောင်း၊ အကျိုးဆက်အဖြစ် ကုမ္ပဏီများသည် အလုပ်နေရာများနှင့် ဝယ် လိုအားကို တိုးချဲ့ခဲ့ကြရာ ဝယ်လိုအားသည် နောက်ဆုံး ငါးလအတွင်း အကောင်းဆုံးနှုန်း ဖြင့် မြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံအလိုက်ကြည့်လျှင် လုပ်ကိုင်မှုအ ခြေအနေများ တိုးတက်လာမှုမှာ စင်ကာပူနှင့် အင်ဒိုနီးရှားထုတ်လုပ်ရေးကဏ္ဍများတစ်ဝိုက် ကို ဗဟိုပြုထားသည်။ ယင်းအတောအတွင်း ဖိလစ်ပိုင်နိုင်ငံသည် အတော်အသင့်တိုးတက် မှုကိုသာ မှတ်တမ်းတင်နိုင်ခဲ့သည်။ အခြားနိုင် ငံများအနက် ဗီယက်နမ်၏ ထုတ်လုပ်ရေး ကဏ္ဍသည် နေရာအများစုမှာ ထုတ်လုပ်မှုအ ခြေအနေများ အပြောင်းအလဲမရှိကြောင်း မှတ်တမ်းတင်ခဲ့ချိန်မှာ ကျန်အာဆီယံသုံးနိုင်ငံ ဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် မြန်မာတို့က မတ်လတွင် ဆုတ်ယုတ်မှုကို မှတ်တမ်းတင်ခဲ့ ကြသည်ဟု သိရသည်။

S&P Globalမှ နောက်ဆုံး PMI စစ် တမ်းဒေတာအရ ၂၀၂၄ ခုနှစ်၏ ပထမသုံးလ ပတ်သည် မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက လုပ်ကိုင်မှုအခြေအနေများ ရှေ့ ဆက်ဆုတ်ယုတ်လာမှုဖြင့် ပြီးဆုံးသွားကြောင်း၊ သို့သော်လည်း ထုတ်လုပ်မှုနှင့် အော်ဒါအ သစ်များ ကျုံ့လာမှုမှာ ပြီးခဲ့သည့်ဒီဇင်ဘာ နောက်ပိုင်းတွင် ဆက်အားပျော့လာခဲ့ပြီး ဒသ မဂဏန်းမျှသာဖြစ်ခဲ့သည့်အတွက် ကဏ္ဍ တစ်ဝန်းက ကျဆင်းမှုသည် ရှေ့ဆက်ပြီး အ သင့်အတင့်ဖြစ်လာသည်။

“မြန်မာနိုင်ငံရဲ့ နောက်ဆုံးဒေတာက ထုတ်လုပ်ရေးကဏ္ဍရဲ့ ကားချပ်ပုံ သုန်မှုန်နေ ခြင်းကို ပြသနေကြတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များထဲက ကျဆင်းမှု ဆက် အားပျော့လာချိန်မှာ အချို့သော ကုမ္ပဏီတွေ က လက်ရှိပြဿနာများကို ပိုမိုးဆိုးရွားလာစေ ကာ မတည်ငြိမ်မှုများကို အရှိန်မြှင့်ပေးနေတဲ့ နိုင်ငံတစ်ဝန်းက တိုက်ပွဲတွေကြောင့် စက်မှု ကဏ္ဍ နစ်နာနေရမှုကို အစီရင်ခံကြတယ်” ဟု  S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch က ပြော ကြားသည်။

မည်သို့ဖြစ်စေ အလုပ်နေရာဆိုင်ရာ ကားချပ်ပုံမှာ မတ်လတွင် ဆိုးရွားလာခဲ့သည်။ အလုပ်နေရာများ နောက်ဆုံးဖြတ်တောက်မှု မှာ ပြင်းထန်ခဲ့ပြီး နှစ်နှစ်ခွဲနီးပါးအတွင်းမှာ အသိသာဆုံးဖြစ်သည်။ ထို့ပြင် လာမည့်တစ် နှစ်ကာလအတွက် ခန့်မှန်းချက်မှာ မှေးမှိန် လျက် ရှိနေကာ အဆိုးမြင်မှုအဆင့်မှာမူ စစ် တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ မှစပြီး အဆိုးဆုံးဖြစ်သည်။

“အကျိုးဆက်အဖြစ် ယုံကြည်စိတ်ချမှု လည်း ထိုးနှက်ခံရတယ်။ လွန်ခဲ့တဲ့နှစ်များက နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုတွေ ဆက် တိုက်ရင်ဆိုင်ခဲ့ရတာတောင် မြန်မာထုတ်လုပ် သူတို့ဟာ နှစ်အများစုမှာ အကောင်းမြင်သူ တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးနှစ်လ အတွင်းမှာ အကောင်းမြင်မှုက  အကျဘက်ဦး တည်ပြီး အဆိုးမြင်မှု ပိုနက်ရှိုင်းလာခဲ့တယ်” ဟု စီးပွားရေးပါရဂူ Maryam Baluch က ဆိုသည်။

အဓိကအကျဆုံး S&P Global  မြန်မာ ထုတ်လုပ်မှု - PMI ထုတ်လုပ်ရေးစွမ်းဆောင် မှုမှာကို ဖော်ပြသည့်အညွှန်းကိန်းသည် ကြား နေအမှတ် ၅၀ ဒသမ ၀ ၏အောက်တွင် မှတ် တမ်းတင်ခဲ့သည့်ပြင် မြန်မာနိုင်ငံ၏ ထုတ်လုပ် ရေးကဏ္ဍအခြေအနေ ဆုတ်ယုတ်မှုအားနည်း လာမှုကို အချက်ပြနေသည်။ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာအညွှန်း ကိန်းမှာ ဖေဖော်ဝါရီလ၏ ၄၆ ဒသမ ၇ မှ ၄၈ ဒသမ ၃ သို့  ငါးလအတွင်း အမြင့်ဆုံးသို့ မြင့် တက်သွားသည်။

လက်နက်ကိုင်အကြမ်းဖက်မှုများရှိနေ ဆဲသတင်းများနှင့်အတူ စျေးဝယ်များ၏ ငွေ ရေးကြေးရေးအခြေအနေ ယိမ်းယိုင်လာနေ ချိန်တွင် ကုမ္ပဏီများသည် အော်ဒါသစ်များ တိုးတက်ရရှိရန် ရုန်းကန်နေကြရသည်။ ထို့ ပြင် ဝယ်လိုအား အကျဘက်ဦးတည်နေလျက်  ကုန်ကြမ်းများနှင့် လုပ်သားအင်အားရှားပါး နေသည့်အတွက် ထုတ်လုပ်မှုကျဆင်းရေး ဆီ ဦးတည်စေခဲ့သည်။

“ဒါ့အပြင် ဧပြီလမှာ အာဏာသက်ဝင် လာဖို့ရှိနေတဲ့ စစ်မှုထမ်းဥပဒေဟာ အလုပ် သမားစျေးကွက်အပေါ်မှာ ဆက်လက်ဖိစီး လာနေပါတယ်။ အလုပ်မှနုတ်ထွက်မှုတွေကို အစီရင်ခံမှုဟာ စစ်တမ်းအတွင်း ပုံမှန်ဖြစ် လာနေပြီး အလုပ်သမားတွေဟာ သူတို့ဇာတိ နေရပ်တွေကို ပြန်နေကြသလို နိုင်ငံခြားမှာ အခွင့်အလမ်းရှာလိုသူ တချို့လည်း ရှာနေကြ ပါတယ်” ဟု စီးပွားရေးပါရဂူ Maryam Baluch က ပြော ကြားခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ လုပ်ငန်းတောင်းဆို ချက်များ ကျဆင်းလာမှုနှင့်အတူ ကုမ္ပဏီများ က ၎င်းင်းတို့၏ ဝယ်ယူရေးလုပ်ငန်းများကို ကိုး လဆက်တိုက် ဖြတ်တောက်လာခဲ့ကြသည်။  ကျဆင်းမှုနှုန်းမှာ မသိမသာအားပျော့လာခဲ့ သော်လည်း ကျဆင်းမှုနှုန်းကို ခြုံကြည့်လျှင် ပြင်းထန်ခဲ့သည်။ ကုမ္ပဏီများသည် လိုအပ် သည်များကိုသာ ဝယ်ယူခဲ့ကြကြောင်း အစီ ရင်ခံကြပြီး ဝယ်ယူရန် ဆန္ဒရှိခဲ့ကြသူတို့က ကုန်ကြမ်းရှားပါးမှုကြောင် ့ထည့်ကုန်များကို ရှာဖွေရာတွင် အခက်အခဲများရှိနေကြောင်း ဖော်ပြကြသည်။

နောက်ဆုံးအဖြစ် အနာဂတ်ဆိုင်ရာ ယုံ ကြည်မှုမှာ မှေးမှိန်လျက်ရှိနေသေးကြောင်း၊ လက်တွေ့တွင် အဆိုးမြင်သည့်အဆင့်မှာ မှတ်တမ်းထဲတွင် အားအကောင်းဆုံးဖြစ်ပြီး ကုမ္ပဏီများက နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ် နေခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် လုပ် သားရှားပါးမှုတို့က ထုတ်လုပ်မှုကို နှောင့်နှေး စေမည်ဟု စိုးရိမ်နေကြကြောင်း ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent