ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ကျဆင်းလာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
Published 15 October 2023

သီလဝါစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်၊ 

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် စက်တင်ဘာလတွင် အဓိကအားဖြင့် တုံ့ဆိုင်းနေ ခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အ သစ်တစ်ဖန် ကျဆင်းလာခဲ့သည်။

ထို့ပြင် ဝယ်လိုအားကျလာသည်နှင့်အ မျှ ကုမ္ပဏီများသည် မိမိတို့၏ လုပ်သားဦးရေ ကို ပို၍လျှော့ချခဲ့ကြကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အ ညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြထား သည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

စျေးနှုန်းများကို လေ့လာကြည့်ပါက ထည့်ကုန်စရိတ်များနှင့် ရောင်းစျေးများမှာ ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအမြန်ဆုံးတိုး လာခဲ့ပြီး အရှိန်အမြင့်ဆုံးဖြစ်လာကာ ငွေ ကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ အရှိန်မြင့်လျက်ရှိနေသေးသည်။

အဓိကအကျဆုံး S&P Global မြန်မာ စက်မှုထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော် ပြပေးသော တစ်ခုတည်းသောအညွှန်းကိန်း ကို စက်တင် ဘာ ၅၀ ဒသမ ၁ တွင် မှတ် တမ်းတင်လိုက်ရာ သြ ဂုတ်လတွင်ဖြစ်ပေါ်ခဲ့ သည့် ၅၃ ဒသမ ၀ ထက် နိမ့်ကျသွားခဲ့ပြီး ခုနစ်လဆက်တိုက်တိုးတက်ခဲ့မှု၏နောက် တွင် လုပ်ငန်းအခြေအနေများ တည်ငြိမ်လာ မှုကို အချက်ပြလိုက်သည်။

စက်မှုကဏ္ဍတစ်ဝန်း အရှိန်ကျလာမှုအ တွက် အဓိကအကြောင်းရင်းမှာ ထုတ်လုပ် မှုနှင့် အော်ဒါအသစ်များ ထပ်မံလျော့နည်း လာမှုဖြစ်ခဲ့သော်လည်း အော်ဒါအသစ်များ ကျဆင်းမှုမှာ ဒသမဂဏန်းမျှဖြစ်ခဲ့သည်။ ဝယ်လိုအား အားပျော့လာမှုအတွက် အဓိ ကအားဖြင့် PMI ထဲက အကျယ်ပြန့်ဆုံးအ စိတ်အပိုင်းနှစ်ခု အသစ်တစ်ဖန်ကျဆင်းလာ မှုကို အပြစ်ဖို့ခဲ့ကြပြီး စျေးဝယ်များထံတွင်  ရှိနေသည့် ဘဏ္ဍာရေးအခက်အခဲများနှင့် နည်းလာသည့်အော်ဒါများအတွက် ရောင်း စျေးများ မြင့်တက်လာမှုကို ပါဝင်ဖြေကြား သူအများစုတို့က ထည့်သွင်းဖော်ပြခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍအ တွက် တတိယသုံးလပတ်ဟာ လုံးဝနီးပါးရပ် တန့်ခြင်းဖြင့် ပြီးဆုံးသွားခဲ့တယ်။ ထုတ်လုပ်မှု နဲ့ အော်ဒါအသစ်များမှာ အသစ်တစ်ဖန်ကျ ဆင်းလာခဲ့ချိန်မှာ အလုပ်နေရာများ ဖြတ် တောက်ခံရမှုနှုန်းမှာ  ပိုပြင်းထန်လာခဲ့ပါတယ်။ နောက်ဆုံးစစ်တမ်းလအတွင်းမှာ ဝယ်လိုအား ဟာ  ပြန်ပြီး ကျသွားခဲ့ရာ ထုတ်လုပ်ရေးကဏ္ဍအနေနဲ့ ကုန်ကြမ်းရှားပါးမှု၊ မီးပြတ်တောက်မှု၊ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်တွေ ကြန့်ကြာ လာမှုများနဲ့  လက်ကျန်စာရင်းတွေ အပြင်း အထန် ကုန်ခန်းလာမှုတို့လိုကိစ္စတွေကို ရုန်း ကန်နေရရာ ရှိနေဆဲစိုးရိမ်မှုတွေကို မီး မောင်းထိုးပြနေပါတယ်။အဲဒီအတောအတွင်း ငွေကြေးဖောင်းပွမှုဖိအားပေးမှုတွေဟာ မြင့် တက်လျက်ရှိနေတုန်းပါပဲ” ဟု  S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch  က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇွန်လမှစပြီး ဝန်ထမ်းဦး ရေများကို ဖြတ်တောက်လာခဲ့ကြရာ စက် တင်ဘာလတွင် အလုပ်နေရာလျှော့ချမှုများ မသိမသာ ပိုမြန်လာခဲ့သည်။ အလုပ်သမား များသည် လစာပိုရသည့်အလုပ်နေရာများ သို့ ရွှေ့ပြောင်းလိုကြသောကြောင့် မိမိတို့ ဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်မှုများရှိ ခဲ့ကြောင်း အစီရင်ခံမှုများရှိသည်။

ကုန်စည်ထုတ်လုပ်သူတို့အတွက် ကုန် ကြမ်းရှားပါးမှုများနှင့် လျှပ်စစ်မီးပြတ် တောက်မှုများမှာ အဓိကစိုးရိမ်စရာအချက် များဖြစ်ခဲ့ပြီး ၎င်းင်းတို့လက်ထဲကျန်ရစ်ခဲ့သည့်  အလုပ်စာရင်းများမှာ စက်တင်ဘာလတွင်  တစ်ဟုန်ထိုး တိုးလာခဲ့သည်။ အမှန်စင်စစ် တွင် လက်ကျန်အလုပ်များ စုစည်းလာခဲ့ သည့်နှုန်းမှာ ဧပြီမှစပြီး အမြန်ဆုံးဖြစ်လာ ခဲ့ပြီး သမိုင်းစဉ် ပျမ်းမျှထက် သိသာစွာမြင့် မားနေသည်။ ထို့ပြင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ မှာ ဆက်လက်၍ အပြင်းအ ထန်ရှည်ကြာလျက်ရှိနေခဲ့သည်။ ပစ္စည်းပေး သွင်းမှုပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာမှု မှာ မှတ်တမ်းထဲတွင် ဒုတိယပူးတွဲအကြာရှည် ဆုံး ဖြစ်လာခဲ့သည်။

ယင်းအတောအတွင်း ကုမ္ပဏီများက မိမိတို့၏ ဝယ်ယူမှုများကို လျှော့ချလာမှုမှာ သုံးလဆက်တိုက်ဖြစ်လာသည်။ ဝယ်လိုအား ပြန်ကျလာခဲ့ချိန်တွင် ကုန်ကြမ်းပစ္စည်းများ ၏ စျေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ ရာ ကုမ္ပဏီများသည် ရှိနေဆဲသိုလှောင်ကုန် များကို ထုတ်ရောင်းရန် ရွေးချယ်ခဲ့ကြသည့် အတွက် သိုလှောင်ကုန်များသည် စက်တင် ဘာလတွင် အပြင်းအထန် ကုန်ခန်းလာခဲ့ ကြပြန်သည်။ ထုတ်လုပ်မှုအကြိုနှင့်ထုတ် လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံး တို့သည် သြဂုတ်လတွင် မြင်ခဲ့ရသည့်နှုန်း ထက် ပိုပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး သမိုင်း စဉ်ဒေတာနှင့် ယှဉ်ကြည့်လျှင် အားကောင်း ခဲ့သည်။

စျေးနှုန်းများကိုကြည့်လျှင် ကုန်ကြမ်း ပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့် တက်လာပြီး ဒေါ်လာကျပ်ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့် စရိတ်စကများ၏ ဝန် ထုပ်ဝန်ပိုးများ ရှေ့ဆက်ထိုးတက်လာစေခဲ့ သည်။

ထည့်ကုန်စျေးနှုန်းများ၏ဖောင်းပွမှုမှာ တစ်နှစ်အတွင်း ဒုတိယအပြင်းထန်ဆုံးဖြစ် လာခဲ့ပြီး သြဂုတ်လတွင် မြင်ခဲ့ရသည့်နှုန်း ထက် နည်းနေသည်။ ထို့ပြင် ထည့်ကုန်တန် ဖိုးများသည် သမိုင်းစဉ်ပျမ်းမျှထက် သိသာ စွာ ဆက်မြင့်တက်လာခဲ့ရာ ကုမ္ပဏီများသည် တက်လာသည့် ကုန်ကျစရိတ်များကို စျေး ဝယ်များအပေါ်သို့ လွှဲချခဲ့ကြပြန်ရာ အရှိန် ပိုမြင့်လာခဲ့သည်။

နောက်ဆုံးအနေဖြင့် လာမည့်တစ်နှစ် တာကာလအတွက် အကောင်းမြင်မှုမှာ သ မိုင်းစဉ်အရ အားပျော့နေလျက် ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည့်ကုမ္ပဏီ များမှာ ၁၀ ရာခိုင်နှုန်း နည်းခဲ့ကြသည်။

ယခုလတွင် လုပ်ငန်းဆိုင်ရာ မျှော်မှန်း ချက်များမှာ အားနည်းလာခဲ့ပြီး ကုန်ကြမ်း ရှားပါးမှုများ၊ စျေးကွက်မတည်ငြိမ်မှုများနှင့် မျှော်လင့်ချက်များကို အားနည်းလာစေသည့် ဝယ်လိုအား အားပျော့လာမှုကို စိုးရိမ်နေကြ သည်။

“အနာဂတ်ဆီကို မျှော်ကြည့်ရင် အနာ ဂတ်ဆိုင်ရာ စိုးရိမ်မှုတွေက ထုတ်လုပ်မှု တိုးလာရေးအလားအလာတွေကို အားနည်း လာစေပါတယ်။ ဒါ့အပြင် နိုင်ငံတကာစျေး ကွက်ထဲက အခက်အခဲတွေနဲ့ ပြည်တွင်းက မရေရာမှုတွေက အားပျော့လာမယ့် စတုတ္ထ သုံးလပတ်ကို ညွှန်ပြနေကြပါတယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

သို့သော်လည်း ပို့ကုန်လုပ်ငန်းရှင်များ အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်ရန် အထူး အခွင့်အရေးပေးမည့်အစီအစဉ်များကို ရေး ဆွဲလျက်ရှိကြောင်း  ကုန်သည်စက်မှုအသင်း ချုပ်မှ သိရသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေ များကြိုးပမ်းရှာဖွေပေးနေသော ပို့ကုန် လုပ် ငန်းရှင် Exporter များအတွက် အထူး အခွင့် အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန် အမည်အမျိုးမျိုးကို တရားဝင်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များအား အကျိုးခံစားခွင့် များပိုမိုရရှိနိုင်ရန် အထူးအခွင့်အရေးပေး မည့်အစီအစဉ်များကို ညှိနှိုင်းတိုင်ပင် ရေးဆွဲ လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent