ခြောက်လပြည့်တော့မည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲ

ခြောက်လပြည့်တော့မည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲ
Published 28 March 2024
မင်းထက်

ပြည်ပနိုင်ငံများက လေယာဉ်များဖြင့် စားနပ်ရိက္ခာအကူအညီများကို ဂါဇာသို့ ချ ပေးခြင်းအား လုပ်ဆောင်ခြင်းမပြုရန် မတ် ၂၆ ရက်တွင် ဟားမာ့စ်က တိုက်တွန်းခဲ့သည်။ ပြည်ပနိုင်ငံများသည် လေယာဉ်များဖြင့် ရိက္ခာများကိုချပေးလျက်ရှိသည်။ အထူးသ ဖြင့် စားနပ်ရိက္ခာအကူအညီများကို လေထီး များဖြင့် ချပေးခြင်းဖြစ်သည်။ ဆာလောင်နေ သာ ဂါဇာသားများက ယင်းစားနပ်ရိက္ခာ အ ကူအညီများကို ရရှိရန် ကြိုးပမ်းကြရာမှ လူ ၁၈ ဦး သေဆုံးသွားပြီးနောက် စားနပ်ရိက္ခာ တို့ကို လေထီးဖြင့် ချပေးခြင်းမပြုရန် ဟား မာ့စ်က တိုက်တွန်းခြင်းဖြစ်သည်။

စားနပ်ရိက္ခာအကူအညီများကို လေ ထီးဖြင့် ချပေးမည့်အစား ဂါဇာကမ်းမြောင် သို့ စားနပ်ရိက္ခာတင်ထားသည့် ကုန်တင် ကားများ ပိုမိုဝင်ရောက်ခွင့်ပေးရန် ဟားမာ့စ် က ရန်သူတော်အစ္စရေးကို တောင်းဆိုခဲ့ သည်။ အစ္စရေးဝိုင်းထားသော ဂါဇာကမ်း မြောင်သည် လူကလုပ်ဆောင်သော အငတ် ဘေး ကျရောက်တော့မည်ဟု ကုလသမဂ္ဂက သတိပေးထားသော နေရာဖြစ်သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် က အစ္စရေးကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့သော ကြောင့် ဖြစ်ပွားသည့်စစ်ပွဲတွင်အပစ်အခတ် ချက်ချင်းရပ်စဲရန် တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကို ပထမဆုံး အတည်ပြုခဲ့ပြီးနောက် တစ်ရက် အကြာ ဂါဇာကမ်းမြောင်၌ တိုက်ခိုက်မှုများ  သည် လျော့ပါးသွားခြင်းမရှိပေ။

စစ်သွေးကြွ များက ဓားစာခံ ၁၃၀ နီးပါး ကို လွှတ်ပေးရန် လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်တွင် ဆော်သြထားသည်။ ဓားစာခံ ၁၃၀ ခန့် ဂါဇာတွင်ရှိနေသည်ဟု အစ္စရေးက ပြော ကြားထားပြီး ဓားစာခံ ၃၃ ဦးသည် သေဆုံး သွားပြီဟု ယူဆကြောင်း အစ္စရေးက ပြော ကြားသည်။

ဂျော်ဒန်၊ အမေရိကန်၊ အခြားနိုင်ငံတို့ က လေယာဉ်များသည် ဂါဇာသို့ အစားအစာ များအား လေယာဉ်များပေါ်မှ ချပေးနေ သည်ဆိုသော်လည်း ယင်းသို့ စားနပ်ရိက္ခာ များကို လေယာဉ်ဖြင့် ချပေးခြင်းမှာ ဂါဇာ ပြည်သူ ၂ ဒသမ ၄ သန်း၏ စားနပ်ရိက္ခာလို အပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်း ပေးနိုင် ခြင်းမရှိဟု ကုလသမဂ္ဂက ပြောကြား ခဲ့ပြီး စားနပ်ရိက္ခာများကိုကုန်းလမ်းဖြင့် ပို့ ဆောင်ခြင်းလောက် ထိရောက်မှုမရှိဟုဆို သည်။

မတ် ၂၆ ရက်တွင် ဂျော်ဒန်၊ အီဂျစ်၊ ယူ အေအီး၊ ဂျာမနီတို့က လေယာဉ်များသည် အကူအညီ ရိက္ခာများကို လေယာဉ်များဖြင့် ထပ်မံချပေးခဲ့ပြန်သည်။ လေထီးများဖြင့် ကျ ဆင်းလာသော စားနပ်ရိက္ခာများ နောက်ကို ပါလက်စတိုင်း လူအုပ်က ပြေးလိုက်သော ကြောင့် လူအချင်းချင်း နင်းမိပြီး လူခြောက် ဦးသေဆုံးခဲ့သည်။ အခြားလူ ၁၂ ဦးသည် ဂါ ဇာကမ်းမြောင်၏ မြေထဲပင်လယ်ကမ်းရိုး တန်းအလွန်တွင် သေဆုံးသွားခဲ့သည်ဟု ဟားမာ့စ်အစိုးရအဖွဲ့နှင့် ဆွစ်ဇာလန်အ ခြေစိုက် Euro Med Human Rights Monitor တို့ က ပြောသည်။

ထို့ကြောင့် လေယာဉ်များပေါ်မှ စား နပ်ရိက္ခာများချပေးခြင်းကို ချက်ချင်းရပ်တန့် ရန် ဟားမာ့စ် ထုတ်ပြန်ချက်တွင် ဆော်သြ ထားသော်လည်း ယင်းဆော်သြချက်ကို အမေရိကန်က ပယ်ချခဲ့သည်။ ရိက္ခာများကို လေယာဉ်ဖြင့်ဆက်လက်ချပေးသွားမည်ဟု ဆိုသည်။

ဖြစ်ပေါ်လာတော့မည့် အငတ်ဘေးကို ရှောင်လွှဲရန် လေကြောင်းသို့မဟုတ်ရေ ကြောင်း တို့ဖြင့်ပို့ဆောင်ခြင်းထက် ကုန်း လမ်းဖြင့်ပို့ဆောင်ခြင်းက  ပိုမို များပြားလှ သောအကူအညီများကို ဂါဇာသို့ မြန်မြန် ရောက်ရှိစေမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ကပြောကြားခဲ့ သည်။

ကီလိုမီတာရာချီအဆက်အသွယ်ဖြတ် တောက်ခံထားရသော လူများနေထိုင်ရာနေ ရာများတွင် စားနပ်ရိက္ခာအကူအညီများကို လေယာဉ်ဖြင့်ချပေးခြင်းသာဖြစ်သည်ဟု ယူ နီဆက်ဖ် ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းအဲလ်ဒါက ပြောသည်။

သို့ရာတွင် ၎င်းင်းတို့လိုအပ်နေသည့် အ သက်တမျှအရေးကြီးနေသော စားနပ်ရိက္ခာ အကူအညီများသည် ကီလိုမီတာ အနည်း ငယ်ဝေးသော နေရာကိုရောက်နေသည်ဟု ၎င်းက ပြောသည်။ ရိက္ခာအကူအညီများ တင်ထားသော ကုန်တင်ကားများသည် အီ ဂျစ်နှင့်ထိစပ်နေသည့် ဂါဇာတောင်ပိုင်းနယ် စပ်ကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ ကုန်းလမ်း ကွန်ရက် ကို အသုံးပြုဖို့လိုအပ်နေပါတယ်” ဟု ၎င်းက ဂါဇာမှတစ်ဆင့် ဗီဒီယိုလင့်ခ်ဖြင့် အေအက်ဖ် ပီကို ပြောသည်။

ဧပြီ ၇ ရက်တွင် ခြောက်လပြည့်တော့ မည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အရှိန် လျော့ကျသွားမည့် လက္ခဏာ မတွေ့ရ။ အစ္စ ရေးလေယာဉ်များသည် ပစ်မှတ် ၆၀ ကျော်  ကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ပစ် ခတ်ခဲ့သော ပစ်မှတ်များထဲတွင် လိုဏ်ခေါင်း များ၊ အဆောက်အအုံများပါဝင်နေပြီး ထိုနေ ရာများတွင် လက်နက်ကိုင် ဟားမာ့စ်တိုက် ခိုက်ရေးသမားများ ရှိနေသည်ဟု ဆိုသည်။

လူ ၇၀ သေဆုံးသွားခဲ့သည်ဟု မတ် ၂၆ ရက် စောစောပိုင်းတွင် ဟားမာ့စ် အုပ်ချုပ် နေသော ဂါဇာကမ်းမြောင်၏ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ၎င်းင်းတို့ထဲက ၁၃ ဦးမှာ တောင်ပိုင်းမြို့ ရာဖာတစ်ဝိုက် လေ ကြောင်းထိုးစစ်များတွင် သေဆုံးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

မတ် ၂၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အတည်ပြုခဲ့သော ဆုံးဖြတ်ချက် သည် မွတ်စလင်ဥပုသ်လဖြစ်သည့် ရာမာ ဒန်ကာလတွင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပြီး ယင်းမှသည် အမြဲတမ်း အပစ်ရပ်စဲရေးကို ဦးတည်သွားသင့်သည်ဟု ဖော်ပြထားသည်။

အစ္စရေး၏မဟာမိတ်ကြီးဖြစ်ပြီး ယခင် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကို ဗီ တိုအာဏာဖြင့်ပယ်ချခဲ့သော အမေရိကန် သည် မတ် ၂၅ ရက် မဲခွဲမှုတွင် ကြားနေခဲ့ပြီး မဲမပေးခဲ့ပေ။ အမေရိကန်က လုံခြုံရေး ကောင်စီတွင် မဲမပေးဘဲနေခဲ့ခြင်းမှာ ဂါဇာ$ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားနေခြင်းကြောင့်ဖြစ်သည်။ အမေရိ ကန်၏ လုပ်ရပ်ကို အစ္စရေးက ဒေါသတကြီး တုံ့ပြန်ခဲ့သည်အထိ ဖြစ်လာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က ရာဖာကို မြေ ပြင်ထိုးစစ်ဆင်မည့် ကိစ္စအား အမေရိကန် က တားဆီးခဲ့သည်။

ဂါဇာကမ်းမြောင်၏ တောင်ဘက်ဖျား တွင်တည်ရှိသော ရာဖာသည် အစ္စရေးမြေ ပြင်တပ်ဖွဲ့များ စစ်ဆင်ရေးမလုပ်ရသေး သော နေရာဖြစ်ပြီး ထိုနေရာတွင် ပါလက်စ တိုင်းစစ်ဘေးရှောင်အများအပြားနေထိုင် နေသည်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သည် ၎င်းင်း၏စစ်ရေးကြိုးပမ်းအားထုတ်မှုများကို လည်းကောင်း၊ ဟားမာ့စ် ထိန်းသိမ်းထား သောဓားစာခံများ ပြန်လည်လွတ်မြောက် ရေးအတွက် ကြိုးပမ်းမှုများကိုလည်းကောင်း ထိခိုက်စေခဲ့သည်ဟု အစ္စရေးက ပြောကြား ခဲ့သည်။ အမေရိကန်ကမူ အစ္စရေးအပေါ် ထားသည့် မူဝါဒပိုင်းတွင် အပြောင်းအလဲရှိ မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားခဲ့ သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ဆုံး ဖြတ်ချက်ကို ရာဖာရှိ ပါလက်စတိုင်းပြည်သူ များက ကြိုဆိုခဲ့ကြပြီး ဆုံးဖြတ်ချက်ကို အ ကောင်အထည်ဖော်ရန် ၀ါရှင်တန်ကို  တောင်းဆိုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသည် ရာဖာ တိုက်ခိုက်မှုကိုမားမားမတ်မတ်ဆန့်ကျင်ရ မည်ဖြစ်ပြီး စစ်ဘေးရှောင်များ ဂါဇာမြောက် ဖျားစွန်းရှိ ၎င်းင်းတို့၏မြို့များသို့ ပြန်လာရေး ကို ထောက်ခံရမည်ဟု အသက် ၆၃ နှစ်အ ရွယ် ဘိုင်လာအာဝပ်က ပြောသည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ကြောင့် အစ္စရေးဘက်တွင် လူ ၁,၁၆၀ သေ ဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ အရပ်သား များဖြစ်သည်ဟု အစ္စရေးဘက်က ထုတ်ပြန် သောကိန်းဂဏန်းများကို ယူ၍ အေအက်ဖ် ပီသတင်းဌာနက ဖော်ပြထားသည်။

ဟားမာ့စ်ကို အစ္စရေးက လက်တုံ့ပြန် ခဲ့သောကြောင့်ဂါဇာတွင် အနည်းဆုံးလူ ၃၂,၄၁၄ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေ ဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေး များ ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဟားမာ့စ် ကကြိုဆိုခဲ့သည်။ အစ္စရေးတွင် ထိန်းသိမ်းခံ ထားရသော ပါလက်စတိုင်းအကျဉ်းသားများ  ကိုပြန်လွှတ်ပေးရန်နှင့် အပြန်အလှန်အား ဖြင့် ဓားစာခံများကို ပြန်လွှတ်ပေးမည့် ကိစ္စ တို့ကို ဆွေးနွေးရန် အသင့်ဖြစ်နေသည်ဟု ဟားမာ့စ်က ထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေးသည် မကြုံစဖူး နိုင်ငံရေးဆိုင် ရာ အထီးကျန်မှုကို ကြုံတွေ့နေရပြီး လုံခြုံ ရေးကောင်စီတွင် အမေရိကန်၏အကာအ ကွယ်ပေးမှုကို ဆုံးရှုံးထားသည်ဟု မတ် ၂၆ ရက်တွင် အီရန်ကို သွားသည့်ခရီးစဉ်၌ ဟား မာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်က ပြောကြားခဲ့သည်။

ကြားဝင်စေ့စပ်ပေးနေသော ကာတာ က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေ သောနောက်ဆုံး အကျော့ ဆွေးနွေးပွဲများ တွင် တိုးတက်မှုမရသည့်အတွက် စောစော ပိုင်းထုတ်ပြန်ချက်တွင် ဟားမာ့စ်က အစ္စရေး ကို အပြစ်တင်ထားသည်။

နေတန်ယာဟုနှင့်၎င်း၏အစိုးရအဖွဲ့ သည် စေ့စပ်ညှိနှိုင်းရေး ကိစ္စများ အောင်မြင် မှုမရခြင်းနှင့် လက်ရှိအနေအထားအထိ ရောက်လာသော သဘောတူညီမှုကို အဟန့် အတားလုပ်နေခြင်းတို့အတွက် လုံးလုံးတာ ဝန်ရှိသည်ဟု ဟားမာ့စ်က ပြောကြားခဲ့ သည်။

ဟားမာ့စ်သည် ဆွေးနွေးမှုများ ဆက် လက်လုပ်ဆောင်နေခြင်းကို စိတ်ဝင်စားခြင်း မရှိဟု နေတန်ယာဟု၏ရုံးက လူမှုမီဒီယာ X တွင် တုံ့ပြန်ခဲ့သည်။

ဆွေးနွေးမှုများ လုပ်နေဆဲဟု ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူ မာဂျက်အယ်လ်အန်ဆာရီက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ တစ်ဘက်ဘက် က ဆွေးနွေးပွဲမှ ထွက်ခွာသွားနိုင်သည့်အ နေအထားမျိုးမရှိသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂါဇာ၌ ဖြစ်ပေါ်နေသော မြေပြင်အခြေ အနေတွင်မူ အစ္စရေးတင့်ကားများနှင့်သံချပ် ကာယာဉ်များသည် စစ်ဘေးရှောင် ထောင် ချီ ခိုလှုံနေသော တောင်ပိုင်းမြို့ ခန်းယူနစ်ရှိ နက်ဆာဆေးရုံကို ၀ိုင်းထားသည်ဟု မျက် မြင်တွေ့သူများက ပြောကြားသည်။

အဆိုပါ ဆေးရုံအနီးတစ်ဝိုက်တွင် သေ နတ်သံများကို ကြားရသည်ဟု ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဆို သော်လည်း ဆေးရုံကို စီးနင်းခြင်းမရှိသေး ဟု ဆိုသည်။

ဂါဇာကမ်းမြောင်တွင် အကြီးဆုံးဆေးရုံ  ဖြစ်သော အယ်လ်ရှီဖာတွင် အစ္စရေးစစ်သား များသည် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲ နေသည်မှာ ကိုးရက်ကြာရှိပြီဖြစ်သည်။ စစ်သွေးကြွ ၁၇၀ သေဆုံးခဲ့သည်ဟု အစ္စ ရေး ကပြောသည်။                                                        

 

Most Read

Most Recent