၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်၍မဲစာရင်း ပြုစုနိုင်မည်ဖြစ်ကြောင်းနှင့် မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်၍မဲစာရင်း ပြုစုနိုင်မည်ဖြစ်ကြောင်းနှင့် မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 2 September 2023

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေ စာရင်းထွက်လာမည်ဖြစ်၍မဲစာရင်းပြုစုနိုင်မည်ဖြစ်ကြောင်းနှင့် မဲစာရင်းများအပြည့်အဝကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

စက်တင်ဘာ ၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)သို့ တက်ရောက်၍ အမှာ စကားပြောကြားရတွင် နစကဥက္ကဋ္ဌ ထိုသို့ ထည့်သွင်းပြောကြားသည်။

နစကဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြို တင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရွန်နစ် မဲပေးစနစ်ဖြင့် စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှ တသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ ကြောင့်လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံ တစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရေး မဲစာရင်း အခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရ မည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာ လျှင် မဲစာရင်းမှန်ကန်မှုရှိမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။

ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌ မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှု နှုန်းသည် ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီးယင်း ကို အခြေခံ၍ တွက်ချက်ကြည့်မည် ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းကို တွက်ချက် ၍ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ် ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှား မှုများ စွာဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်း များ မှန်ကန်မှုရှိရေး အလေး ထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခနှစ် နှောင်းပိုင်း တွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင် ရွက်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင် ရွက်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှ သာလျှင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက် ယူမှုမပြုနိုင်သေးသည့် မြို့နယ်အချို့ရှိ ကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန် ရှိသူများကို အနှောင့်အယှက်ပေးနေမှုများ ကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်း ဖြစ် ကြောင်း၊ ထို့ကြောင့်မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာလျှင် မှန်ကန်သည့် မဲစာ ရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲ ကို လည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင် မည်ဖြစ် ကြောင်း နစကဥက္ကဋ္ဌပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲတစ်ရပ် ကို မဖြစ် ဖြစ်အောင်ဆောင်ရွက်၍ရသည်ဖြစ်သော် လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေး ကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီ စနစ်ခိုင်မာ စေရေး အလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ပတ် သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမို ကရေစီကိုတောင်းဆိုသည်မှာ မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအ လိုက် သက်ဆိုင်ရာဒေသများသို့ ရောက်ရှိ ပါက လူဦးရေစာရင်းကောက်ယူမှုများ ဆော လျင်စွာပြုစုပြီးစီးနိုင်ရေးအတွက် ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်သ ကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ စီးပွားရေး မြှင့်တင်မှုကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင်လည်း ၀ိုင်းဝန်းကြိုးပမ်း ဆောင် ရွက်စေလိုကြောင်း နစကဥက္ကဋ္ဌကဆိုသည်။   

Most Read

Most Recent