ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်တောင်းခံလာပြီးနောက် ခွေးများကို အုပ်ထိန်းခွင့် ဆုံးရှုံးမည့်အရေးနှင့်ပတ်သက်၍ ဘရစ်တနီစပီးယား စိုးရိမ်နေ

ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်တောင်းခံလာပြီးနောက် ခွေးများကို အုပ်ထိန်းခွင့် ဆုံးရှုံးမည့်အရေးနှင့်ပတ်သက်၍ ဘရစ်တနီစပီးယား စိုးရိမ်နေ
Photo - Instagram
Photo - Instagram
Published 19 August 2023

ခင်ပွန်းဖြစ်သူ ဆမ်အက်စ်ဂါရီက ကွာရှင်းခွင့်တောင်းခံလာပြီးနောက် ဘရစ်တနီစပီးယားသည် ၎င်းင်း၏ခွေးများကို အုပ်ထိန်းခွင့်နှင့်ပတ်သက်၍ ဆုံးရှုံးမည့်အရေးကို စိုးရိမ်လျက်ရှိသည်။ ဆမ်နှင့် ဘရစ်တနီတို့တွင် ပေါ်ရှာအမည်ရှိ ဒိုဘာမင်ခွေးတစ်ကောင်နှင့် ဆော်ရာအမည်ရှိ သြစတြေးလျသိုးထိန်းခွေး တစ်ကောင်တို့ မွေးမြူထားသည်။

“ဘရစ်တနီနဲ့ ဆမ်တို့ရဲ့ ပိုင်ဆိုင်မှုတွေ နဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ခွဲဝေမှုနဲ့ပတ်သက်ပြီး အခက်ခဲဆုံးအပိုင်းက သူတို့ရဲ့ ခွေးနှစ်ကောင်ဖြစ်ပါလိမ့်မယ်”ဟု သတင်းအရင်းအမြစ်တစ်ဦးက Daily Mail သတင်းကို ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဆမ်က ပေါ်ရှာကို လက်ဆောင်အဖြစ် ဘရစ်တနီကို ပေးခဲ့ပြီး သူတို့ ဟာဝိုင်ယီမှာရှိနေတဲ့အချိန် ဆော်ရာကို မွေးစားချင်တဲ့သူက ဘရစ်တနီဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက ဆမ်သည် ပေါ်ရှာကို ဘရစ်တနီအား လက်ဆောင်ပေးခဲ့သည်။ ထိုအချိန်က ဆမ်သည် Instagram ဗီဒီယို၌ “ဒီခွေးလေးဟာ ဘရစ်တနီအပေါ် အကြွင်းမဲ့ချစ်ခြင်းမေတ္တာကို ရည်ညွှန်းပြီး ဘရစ်တနီနားကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်လာတဲ့သူတွေရန်ကနေ ကာကွယ်ပေးနိုင်ဖို့ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆော်ရာသည် မတ်လက ၎င်းတို့မိသားစုထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ “ကျွန်မအိပ်မက်လိုပါပဲ မော်ဝီကျွန်းမှာ ဆော်ရာကို တွေ့ခဲ့ပါတယ်။ တွေ့တွေ့ချင်းပဲ သူ့ကို ချက်ချင်း အိမ်ကို ခေါ်ဆောင်လာခဲ့ပါတယ်” ဟု ဘရစ်တနီသည် ထိုအချိန်က လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ပေါ့စတားဘရစ်တနီစပီးယားနှင့် ခင်ပွန်း ဆမ်အက်စ်ဂါရီတို့ အိမ်ထောင်ရေးမှာ ၁၄ လအကြာတွင် အဆုံးသတ်သွားပြီဖြစ်ပြီး  ဘရစ်တနီစပီးယား ဖောက်ပြန်သည့် ကောလဟလများနှင့်ပတ်သက်ပြီး စကားများကြပြီးနောက် လမ်းခွဲလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာတွင် ဖော်ပြထားသည်။

“ဆမ်နဲ့ကျွန်မက သိပ်ကြာကြာအတူမနေခဲ့ရပါဘူး။ ကျွန်မ အနည်းငယ်တော့ တုန်လှုပ်သွားပါတယ်။ အမှန်ပြောရရင် ဒါက ဘယ်သူ့အလုပ်မှမဟုတ်တဲ့အတွက် ရှင်းပြသွားမှာ မဟုတ်ပါဘူး”ဟု ဘရစ်တနီက ပြောကြားခဲ့သည်။

Most Read

Most Recent