အမေရိကန်က တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ကေပေါ့စျေးကွက်ဖြစ်လာ

အမေရိကန်က တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ကေပေါ့စျေးကွက်ဖြစ်လာ
Photo - KBIZoom
Photo - KBIZoom
Published 20 July 2023

အမေရိကန်က ကေပေါ့ဂီတတင်ပို့မှု စျေးကွက်တွင် ဂျပန်နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံးစျေးကွက်နိုင်ငံဖြစ်လာသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း ကေပေါ့ တေးအယ်လ်ဘမ်တင်ပို့မှုသည် သိသာစွာမြင့်  တက်လာသည်ဟု ကိုရီးယားအကောက်ခွန်ဌာန၏ သွင်းကုန်၊ပို့ကုန်ဆိုင်ရာ စာရင်းအချက်အလက်များက ဖော်ပြနေသည်။

ဂျပန်က ကေပေါ့ဂီတတင်ပို့မှုတွင် အကြီးဆုံးစျေးကွက်နိုင်ငံဖြစ်ပြီး အမေရိကန်က ဒုတိယ၊ တရုတ်က တတိယနေရာမှ လိုက်နေသည်။

အကြီးဆုံးစျေးကွက် ၁၀ နိုင်ငံထဲတွင် ကျန်ခုနစ်နိုင်ငံက ဂျာမနီ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ နယ်သာလန်၊ ကနေဒါ၊ ဗြိတိန်နှင့် ပြင်သစ်တို့ ဖြစ်ကြသည်။

ဂျပန်ပြီးလျှင် တရုတ်သည် ၂၀၁၂ ခုနှစ်ကတည်းက (၂၀၂၀ ခုနှစ်မပါ) ကေပေါ့တေးအယ်လ်ဘမ်တင်ပို့မှုတွင် ဒုတိယအကြီးဆုံးစျေးကွက်ဖြစ်ခဲ့ပြီး ယခုတရုတ်ကို အမေရိကန်က ကျော်တက်သွားသည်။ ၂၀၂၃ ပထမနှစ်ဝက်အတွင်း ယခုကဲ့သို့ ကေပေါ့စတားများ၏ အောင်မြင်မှုများသည် BTS အဖွဲ့၏ လှုပ်ရှားမှုများမပါဘဲနှင့် ရရှိလာသည့် အောင်မြင်မှုများလည်းဖြစ်သည်။

Stray Kids နှင့် TXT အဖွဲ့တို့ပင်လျှင် Billboard ၏ လူကြိုက်အများဆုံး အယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံးနေရာရယူနိုင်ခဲ့ပြီး Fifty Fifty အဖွဲ့ကလည်း Billboard ၏ လူကြိုက်အများဆုံး တေးသီချင်းစာရင်းတွင် CUPID သီချင်းဖြင့် ၁၆ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။ အမေရိကန်ဂီတစျေးကွက် စောင့်ကြည့်ရေးကုမ္ပဏီ Luminate အဆိုအရ  အမေရိကန်တွင် လူနားဆင်မှုအများဆုံးဘာသာစကားက အင်္ဂလိပ်နှင့်စပိန်ဘာသာပြီးလျှင် ကိုရီးယားဘာသာဖြစ်နေသည်။

Most Read

Most Recent