ပြိုင်ဆိုင်မှုပြင်းထန်မည့် ထိုင်းရွေးကောက်ပွဲနှင့် အတိုက်အခံဖျူထိုင်းပါတီ

ပြိုင်ဆိုင်မှုပြင်းထန်မည့် ထိုင်းရွေးကောက်ပွဲနှင့် အတိုက်အခံဖျူထိုင်းပါတီ
Photo - AFP
Photo - AFP
Published 7 May 2023
Ref: CNA

ထိုင်းနိုင်ငံ ခွန်ကန်ပြည်နယ် နမ်ဖုံခရိုင်ရှိ ကြီးမားသည့် ယာယီတဲကြီးတစ်လုံးအောက်တွင် အကျႌအနီရောင်များဝတ်ထားသည့် လူအများအပြား စုရုံးနေသည်ကို မြင်တွေ့ရပြီး ယင်းသည် မေ ၁၄ ရက်တွင် ပြုလုပ် မည့် ရွေးကောက်ပွဲမတိုင်မီ ၂၅ ရက်အလိုတွင် ဖျူထိုင်းပါတီက ကျင်းပသည့် ကြိုတင်အောင်ပွဲခံအခမ်းအနားတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ဖျူထိုင်းပါတီသည် ထိုင်း၏ အ ကြီးဆုံး အတိုက်အခံပါတီတစ်ခုဖြစ်ရုံသာမက ယခင်ကထက်လည်း လူကြိုက်များလာသည့် ပါတီဖြစ်သည်။

ယင်းပါတီ၏ တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်များကို ယခင်ရွေးကောက်ပွဲမတိုင်မီကတည်းက ရောင်းချခဲ့သည့် စျေးဆိုင်ပိုင်ရှင်တစ်ဦးကမူ ယခုအကြိမ်တွင်လည်း ပါတီတံဆိပ်ပါသည့် တီရှပ်များသည် အကုန်ရောင်းထွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ခွန်ကန်ပြည်နယ်သည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်ရှိပြီး ဖျူထိုင်းပါတီ၏ လွှမ်းမိုးမှုအောက်တွင်ရှိသည့် ပြည်နယ်ဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင်အဖြစ်မှ ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စရက်သာသာဗီဆင်သည် တဲအတွင်းရှိ ပါတီထောက်ခံသူများကို စင်မြင့်ပေါ်မှ လက်ပြဝှေ့ယမ်းနှုတ်ဆက်ချိန်တွင် အားပေးထောက်ခံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သူနှင့်အတူ အခြားကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ပါအယ်ထုံထန် ရှင်နာဝပ်၏ ကိုယ်စားတက်ရောက်ခဲ့သည့် အစ်မဖြစ် သူ ပန်ထုံထန် ရှင်နာဝပ်လည်း လိုက် ပါလာခဲ့သည်။

ရှပ်နီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် နာတာဝပ်ဆိုင်ကူ မိန့်ခွန်းပြောကြားချိန်တွင် လူထု၏ အားပေးသံသည် ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး အသက် ၁၆ နှစ်အထက် ထိုင်းလူမျိုးအားလုံးကို ဒစ်ဂျစ်တယ် ငွေကြေးလွှဲပြောင်းမှုမှတစ်ဆင့် တစ်ဦးချင်းစီအတွက် ဘတ်ငွေ ၁၀၀၀၀ စီထောက်ပံ့မည့် ဖျူထိုင်းပါတီ၏ မူဝါဒကို ပြောကြားခဲ့သည်။

“တခြားနိုင်ငံရေး ပါတီတွေဆီက ငွေကြေးတွေကို ခင်ဗျားတို့ လက်ခံမှာလား”ဟု နာတာဝပ်ကမေးမြန်းခဲ့ချိန်တွင် လူအုပ်ကြီးက “လက်ခံမှာပါ”ဟု မဆိုင်းမတွ ပြန်လည်ဖြေကြားခဲ့သည်။

“ဒါပေမယ့် အဲဒီပါတီတွေကို ခင်ဗျားတို့ မဲပေးမှာလား”ဟု နာတာဝပ်က ဆက်လက်မေးမြန်းချိန်တွင် လူအုပ်ကြီးက “မပေးပါဘူး”ဟု တညီတညွတ်တည်း ပြန်လည်ဖြေကြားခဲ့သည်။

“တကယ်လို့ ခင်ဗျားတို့ဟာ ဖျူထိုင်းပါတီကို မဲပေးမယ်ဆိုရင် တစ်ယောက်ကို ဘတ် ၁၀၀၀၀ စီ လက်ခံရရှိပါလိမ့်မယ်။ အခြားပါတီတွေက ပေးမယ့် ငွေတွေကတော့ ဆုကြေးသဘောမျိုးပေါ့။ အဲဒီငွေတွေကိုလည်း ခင်ဗျားတို့ လက်ခံလို့ရပါတယ်”ဟု နာတာဝပ်က ပြောကြားခဲ့သည်။

နိုင်ငံ အရှေ့မြောက်ပိုင်းကို လွှမ်းမိုးထားသည့် ဖျူထိုင်းပါတီက လာမည့်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိလိမ့်မည်ဟု ကြုံးဝါးထားသည်။

၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ယခင်ရွေးကောက်ပွဲတွင်လည်း ဖျူထိုင်းပါတီသည် ခွန်ကန်ပြည်နယ်၏ နေရာ ၁၀ နေရာအနက် ရှစ်နေရာကို အနိုင်ရခဲ့ပြီး လက်လွတ်ခဲ့ရသည့် နေရာနှစ်ခုအနက် တစ်ခုမှာ Future Forward ပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေရာမှာ ပါလမ်းပရာချက်ပါတီကို ရှုံးနိမ့်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ယင်းနေရာနှစ်နေရာကို အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ၎င်းတို့၏ပါတီများကို စွန့်ခွာပြီး အာဏာရညွန့်ပေါင်း အဖွဲ့အတွင်းရှိ ပါတီတစ်ခုဖြစ်သည့် Bhumjaithai(BJT) ပါတီကို ဝင်ရောက်ခဲ့သည်။

ဖျူထိုင်းပါတီအနေဖြင့် နေရာ ၁၁ နေရာရှိသည့် ခွန်ကန်ပြည်နယ်၏ နေရာအားလုံးကို အနိုင်ရရန် နောက်တစ်ကြိမ် ရုန်းကန်ရဖွယ်ရှိပြီး BJT ပါတီနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိသည်။

ထို့ပြင် ဖျုထိုင်းပါတီသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ဖျက်သိမ်းခဲ့သည့် Future Forward ပါတီ၏ လောင်းရိပ်ဖြင့်ဖွဲ့စည်းခဲ့သည့် Move Forward ပါတီနှင့်လည်း အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ Move Foeward ပါတီသည် လူငယ်များ၏ ထောက်ခံမှုကို ရရှိထားသည့် ပါတီဖြစ်သည်။

Most Read

Most Recent