တောင်ကိုရီးယား Streamer တစ်ဦး အိန္ဒိယတွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရ

တောင်ကိုရီးယား Streamer တစ်ဦး အိန္ဒိယတွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရ
Photo: Allkpop
Photo: Allkpop
Published 3 December 2022

တောင်ကိုရီးယားအမျိုးသမီး Streamer တစ်ဦး အိန္ဒိယနိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်နေချိန် ဒေသခံ မွမ်ဘိုင်းအမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရသည်ဟု သိရသည်။

Twitch ပလက်ဖောင်းတွင် Mhyochi ဟုလူသိများသည့် ကိုရီးယားနိုင်ငံသူ အမျိုးသမီးသည် အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့တွင် တိုက် ရိုက်ထုတ်လွှင့်နေစဉ် အမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု အိန္ဒိယသတင်းဌာန NDTV နှင့် အခြားမီဒီယာများတွင် ဖော်ပြခဲ့သည်။

အမျိုးသမီး Streamer သည် တိုက်ရိုက် ထုတ်လွှင့်နေစဉ် ၎င်းတည်းခိုသည့်နေရာသို့ လျှောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသားတစ်ဦးက ယင်းအမျိုးသမီးအနားသို့ချဉ်းကပ်ခဲ့ပြီး အိမ်ပြန်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး ထိုအမျိုးသမီး၏ လက်မောင်းကို ဆွဲကာ၎င်း၏မော်တော်ဆိုင်ကယ်ပေါ်သို့ ဆွဲတင်ခဲ့သည်။

ထိုအမျိုးသမီးက ငြင်းဆန်သည့်အခါ ယင်းအမျိုးသားက ၎င်း၏ပခုံးပေါ်သို့ လက်တင်ခဲ့ပြီး ယင်းအမျိုးသမီး၏ ပါးကိုနမ်းရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် အမျိုးသမီးက ၎င်းတို့ရန်မှလွတ်ရန် ထွက်ပြေးလာသောအခါ ထိုအမျိုးသားနှင့်အတူ နောက်ထပ်အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် နောက်ကလိုက်ပါခဲ့သည်။ ထိုဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရိုက်ကူးမိခဲ့သည်။

ယင်းဗီဒီယိုသည် လူမှုမီဒီယာတွင်ပျံ့နှံ့ခဲ့ပြီးနောက် မွမ်ဘိုင်းရဲတပ်ဖွဲ့က အသက် ၁၉ နှစ်နှင့် ၂၀ အရွယ်ရှိ ဗီဒီယိုထဲတွင်ပါဝင်သည်ဟု ယူဆသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Most Read

Most Recent