ကိုဗစ်နှင့် ဦးနှောက်ကျန်းမာရေး၊ ဆီးချိုရောဂါ 

ကိုဗစ်နှင့် ဦးနှောက်ကျန်းမာရေး၊ ဆီးချိုရောဂါ 
Published 9 October 2022
ဒေါက်တာလွင်သန့်

ကိုဗစ်ရောဂါကူးစက်မှုရဲ့နောက်ဆက်တွဲပြဿနာက အဆုတ်ကိုဒုက္ခပေးတဲ့အပြင်ဦးနှောက်ကိုပါ ဆက်လက်ဒုက္ခပေးပါတယ်။ ကိုဗစ်ကူးစက်ခံရမှုနဲ့ ဦးနှောက်ကျန်းမာရေးအခြေအနေ ဆက်စပ်မှုကို သုတေသီများ တွေ့ရှိထားပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူများမှာ ပထမတစ်နှစ်အတွင်း ဦးနှောက်ကျန်းမာရေးကို တဖြည်းဖြည်း ဆိုးရွားစွာထိခိုက်စေတယ်ဆိုပါတယ်။ ကိုဗစ်ရဲ့နောက်ဆက်တွဲပြဿနာပေါ့။

 ဦးနှောက်ပြဿနာတွေထဲမှာ လေဖြတ်ခြင်း၊ ကျန်းမာရေး မကောင်းတော့ခြင်း၊ မှတ်ဉာဏ်မကောင်းတော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ကြောင့်ကြများခြင်း၊စိတ်ဓာတ်ကျခြင်းနဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ပါဝင်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက်ဦးနှောက်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု မူမမှန်တဲ့အထဲမှာ ခြေထောက်တွေ၊ လက်တွေတုန်ယင်ခြင်း၊ ဝယ်ယူပြန်သလိုဖြစ်ခြင်း၊အကြောဆွဲခြင်း၊ ခန္ဓာကိုယ်တည်ငြိမ်မှုမရှိခြင်းတို့ အပါအဝင်ဖြစ်ပါတယ်။ အကြားအာရုံနဲ့ အမြင်အာရုံတွေလည်း ပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တဲ့အပြင်ပါကင်ဆန်ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်တဲ့ရောဂါလက္ခဏာလည်း တွေ့ရနိုင်ပါတယ်။

အဆိုပါသုတေသနကို ဝါရှင်တန်ဆေးတက္ကသိုလ်နဲ့ စစ်မှုထမ်းဟောင်းရေးရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့မှ သုတေသီပညာရှင်များ လုပ်ဆောင်ထားပါတယ်။ အမေရိကန်စစ်မှုထမ်းဟောင်းရေးရာဌာနက ထိန်းသိမ်းထားတဲ့လူပေါင်း ၁၄ သန်းရဲ့ကျန်းမာရေးအခြေအနေကို လေ့လာဆန်းစစ်ပြီး အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။ သုတေသီရဲ့ လုပ်ဆောင်မှုမှာပါတဲ့ လူနာတွေက ၂၀၂၀ ပြည့်နှစ်မတ်လမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိ ကိုဗစ်ကူးစက်ခံရသူတွေဖြစ်တဲ့အတွက်လူအနည်းငယ်သာ ကိုဗစ်ကာကွယ်ဆေးထိုးရသေးတာတွေ့ရပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေမှာ ကိုဗစ်ကြောင့် ဦးနှောက်ထိခိုက်ရမှုအခြေအနေ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့သုတေသီကဆိုပါတယ်။

ကိုဗစ်မဖြစ်အောင်ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့် နှစ်ကြိမ်ထိုးထားဖို့ လိုပါမယ်။ ကာကွယ်ဆေးထိုးပေမဲ့ ဦးနှောက်ထိခိုက်မှုအခြေအနေ အပြည့်အဝအကာအကွယ်မပေးနိုင်ဘူးဆိုတာ သိရှိထားသင့်ပါတယ်။ ကိုဗစ်ကြောင့် နောက်ဆက်တွဲအဆိုးဆုံးက နာတာရှည်ဦးနှောက်ထိခိုက်မှုအခြေအနေမှာ မှတ်ဉာဏ်စွမ်းရည်အပေါ်ကြီးမားတဲ့သက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရသူများဟာ မှတ်ညဏ်လျော့ကျနိုင်ခြေ ၇၇ ရာခိုင်နှုန်းအထိမြင့်တက်လာတာ တွေ့ရပါတယ်။

 လေဖြတ်နိုင်ခြေပမာဏကလည်း သွေးထဲ (သို့မဟုတ်) အခြားပိတ်ဆို့စေတဲ့ပစ္စည်းတစ်ခုခုကသွေးလွှတ်ကြောပိတ်ဆို့စေတာကြောင့် ဦးနှောက်ဆီ သွေးနဲ့အောက်ဆီဂျင်မရောက်တော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုမခံရသူများအကြားနှိုင်းယှဉ်ကြည့်ရင်ပထမတစ်မျိုးက ဝက်ရူးပြန်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ပိုများကာ စိတ်အခြေအနေမကောင်းတာ (၄၃ ရာခိုင်နှုန်း)၊ ခေါင်းကိုက်တာ(၃၅ ရာခိုင်နှုန်း)၊ ခန္ဓာကိုယ်မူမမှန်တာ (၄၂ ရာခိုင်နှုန်း) အသီးသီးမြင့်တက်လာပါတယ်။

 ကိုဗစ်ရောဂါကြောင့် ရေရှည်မှာ ဦးနှောက်ထိခိုက်မှုများနဲ့ အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်မှုများက အစိုးရများအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့မူဝါဒများ ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်သွားသင့်တာညွှန်ပြနေတာလည်းဖြစ်ပါတယ်။

နောက်တစ်မျိုးက ကိုဗစ်ကူးစက်ခံရသူ ကလေးငယ်များနဲ့ ဆယ်ကျော်သက်များဟာ ဆီးချိုရောဂါအဖြစ်များတာကို သုတေသီများတွေ့ရှိထားပါတယ်။ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ခြောက်လအတွင်း အဖြစ်များတာတွေ့ရတာဖြစ်တယ်လို့ အမေရိကန်ဆေးတက္ကသိုလ် "ကေ့ဝစ်စတန်း တက္ကသိုလ်ဆေးကောလိပ်" မှ သုတေသီတွေက ထုတ်ပြန်ထားပါတယ်။

သုတေသီတို့ဟာ အသက် ၁၈ နှစ်နဲ့အောက် ဆယ်ကျော်သက်များနဲ့ ကလေးငယ်အယောက်တစ်သန်းရဲ့အီလက်ထရွန်နစ်ကျန်းမာရေး ဆေးမှတ်တန်းများကိုလေ့လာပြီးနောက် မှတ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သုတေသီတို့ရဲ ့လေ့လာစူးစမ်းမှုအရ ကိုဗစ်ရောဂါကူးစက်ခံရပြီး ကံကောင်းထောက်မစွာ အသက်မသေဘဲ ကျန်ရစ်သူဆယ်ကျော်သက်များနဲ့ ကလေးငယ်များမှာ ဆီးချို(TID) ရောဂါဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာလည်း ရောဂါဖြစ်ခဲ့တဲ့ ဝူဟန် (Wohan) မြို့မှအစ ကျောင်းတွေပြန်ဖွင့်လှစ်နေပြီး စီးပွားရေးလုပ်ငန်းများ စတင်နေပြီပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ရောဂါဖြစ်နေဆဲကာလမှာပင် စီးပွားရေးမပြိုလဲအောင် 'ကန့်သတ်မှု’ များနဲ့အတူ စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်နေတယ်။ ဂျပန်နိုင်ငံမှာတော့ ကိုဗစ်ကာလ 'အိမ်တွင်းအောင်း’ နေကြပြီး ကိုဗစ်ကင်းစင်ချိန်မှာ လုပ်ငန်းခွင်ကိုစနစ်တကျ ဝင်လာကြတယ်။ ၂၀၂၁ ခုနှစ်မှာ ကိုဗစ် (COVID- 19) ရှိရှိကြီးနဲ့ “ကမ္ဘာ့အိုလံပစ်ပွဲတော်” ကျင်းပပြီးစီးခဲ့ပါတယ်။

 ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာ မသိရှိနိုင်သေးတဲ့ ကိုဗစ် (COVID- 19) ကပ်ရောဂါကာလမှာ “ကိုဗစ်” ရှောင်လွှဲမရနိုင်ဘဲ လု့လောက်တဲ့ အကာအကွယ်၊ နှာခေါင်းစည်း (Mask) များကိုယ်စီတပ်ဆင်ကာ အတူနေထိုင်ရေးကသာ စားဝတ်နေရေးဖြေရှင်းနိုင်ကြမှာပဲဖြစ်ပါတယ်။ ကိုဗစ်လှိုင်း (Wave) ကဘယ်အချိန်ပြန်ထလာမလဲ အမျိုးမျိုးတွက်ဆနေကြပြီး “အပြုံးမပျက်” လုပ်ကိုင်သွားနိုင်ဖို့ ပိုပြီးအရေးကြီးလာပါတယ်။ အကျုံးဝင်သူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။

 အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာအသက် ၂၀ အောက်ဆယ်ကျော်သက်နဲ့ ကလေးငယ်စုစုပေါင်း ၁၈ရဝဝဝခန့်ဟာ ဆီးချိုရောဂါဖြစ်ပွားမှုနဲ့ ဆက်လက်ရှင်သန်နေရတယ်လို့သိရပါတယ်။ ဆီးချိုဆိုတာ ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သဘာဝခုခံအားစနစ်က ကိုယ်တွင်းရှိမူလကလာပ်စည်းများနဲ့ပြင်ပကဝင်လာတဲ့ ကလာပ်စည်းများကို ခွဲခြားနိုင်စွမ်းမရှိတော့ဘဲ ပုံမှန်ကလာပ်စည်းများကို တိုက်ခိုက်တာမျိုးဖြစ်ပါတယ်။

ကိုဗစ်ပိုးက ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်တာကို အားပေးတဲ့သဘောရှိတာကြောင့် ကိုယ်တွင်းရှိ ကိုယ်ခံအားစနစ်ကသွေးထဲသကြားဓာတ်ဝင်မှုကိုထိန်းပေးတဲ့ အင်ဆူလင်ဒြပ်ပေါင်းထုပ်ကလာပ်စည်းကို တိုက်ခိုက်လာတဲ့အတွက်ဆီးချိုရောဂါဖြစ်ပွားတာပဲဖြစ်ပါတယ်။ ဆေးချိုဟာ ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ လူလတ်ပိုင်းမှာ အဖြစ်များလေ့ရှိပေမဲ့ ဘယ်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုထက်အမျိုးအစား (၂) ဆီးချိုဖြစ်သူပိုများလေ့ရှိပါတယ်။ဆီးချိုပိုဖြစ်ပွားနေသူကိုကြည့်ရင်ဆီးချိုဖြစ်သူ (၅-၁၀ ရာခိုင်နှုန်း) သာရှိပါတယ်။ လက်ရှိအချိန်မှာ ဆီးချိုဖြစ်ပွားမှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာ မသိနိုင်သေး

ပေမဲ့ ရောဂါဖြစ်ပြီဆိုရင်အရှင်းပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိပြီဖြစ်ပါတယ်။

 ယနေ့မှာ ကလေးသူငယ်တွေ ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်မှုဟာ အမြဲတမ်းတည်ရှိနေသလား။ ကိုဗစ်ရဲ့နောက်ဆက်တွဲဆီးချိုရောဂါကို ဘယ်လိုကုသရမလဲဆိုတာ သုတေသီတို့လေ့လာစူးစမ်းမှုများပြုလုပ်ရဦးမှာပဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်အထိ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်ပွားသူ ၆၂၅ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၅၅ သန်းရှိပြီး မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားသူ၏ ၆၂၂၈၀၂ ဦး၊ ကိုဗစ်ကြောင့်သေဆုံး ၁၉၄၅၈ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ ကမာ့္ဘနိုင်ငံများမှာ အောက်တိုဘာ ၄ ရက်တစ်ရက်အတွင်း ကိုဗစ်လူနာသစ်၅၂၀၀၀၀ ကျော်နဲ ့သေဆုံး ၁၂၀၀ ကျော်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ဆိုင်နိုဖမ်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်ကိုဖမ်းကိုဗစ်ကာကွယ်ဆေးကိုအရေးပေါ်အသုံးပြုဖို့စက်တင်ဘာ ၂၉ ရက်မှာ အတည်ပြုခဲ့သလို အင်ဒိုနီးရှားထုတ်ကိုဗစ်ကာကွယ်ဆေးကိုလည်းအရေးပေါ်အသုံးပြုကာကွယ်ဆေးအဖြစ်(FDA)ကအသိအမှတ်ပြုထားပါတယ်။ ဝဲဘက်(walvax) ကာကွယ်ဆေးဟာ အင်ဒိုနီးရှား၊ မက္ကစီကို၊ တရုတ်အ ပါအဝင်နိုင်ငံအနှံ့အပြားနောက်ဆုံးအဆင့်ကြီးမားတဲ့စမ်းသပ်မှုလုပ်ဆောင်စဉ်အတည်ပြုခဲ့ပါတယ်။ တရုတ်ဟာနည်းပညာနဲ့ကာကွယ်ဆေးအများအပြားထုတ်လုပ်နေပေမဲ့ ဝဲဘက်ကာကွယ်ဆေးဟာနောက်ဆုံးအဆင့်ဆေးဝါးစမ်းသပ်မှုထိကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေတဲ့တစ်ခုတည်းကာကွယ်ဆေးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူများမှ(၈၁ ဒသမ ၄ ရာခိုင်နှုန်း) ဟာ ကာကွယ်ဆေးလုံးဝ (သို့မဟုတ်) အချိန်ပြည့်မထိုးနှံရသေးသူများဖြစ်ပြီး(၁၇ ဒသမ၂ ရာခိုင်နှုန်း) ဟာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူများဖြစ်ကာ (၁ ဒသမ ၄ ရာခိုင်နှုန်း) ဟာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူများဖြစ်ကြပါတယ်။ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်မှာ(၄-၅)နှစ်ကြာဦးမှာဆိုတော့ ယခု အိုမီခရွန်ရဲ့မျိုးကွဲဘီအေဖိုး၊ဘီအေဖိုက်ဆက်လက်ပျံနှံ့နေကာ မိုဒါနာနဲ့ဖိုင်ဇာကုမ္ပဏီက

အိုမီခရွန်မျိုးကွဲအတွက်ကာကွယ်ဆေးသစ်များတီထွင်ထုတ်လုပ်ကာအသက်ခြောက်လမှအသက် ငါးနှစ်အထိ အသက်ငယ်ဆုံးအသက်အပိုင်းအခြားကို နှစ်ကြိမ်၊အသက်(၅-၁၈)နှစ်ကိုထပ်ဆင့်မြှင့် တစ်ကြိမ်အပါအဝင် သုံးကြိမ်၊ ၁၈ နှစ်အထက်ပုံမှန်ကာကွယ်ဆေး နှစ်ကြိမ်၊ထပ်ဆင့်မြှင့် နှစ်ကြိမ်ထိုးနှံစေတဲ့ပြင်နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း‌၊ လေဝင်လေထွက်ကောင်းစီမံခြင်းတို့ လိုက်နာသင့်ပါတယ်။ 

Most Read

Most Recent