၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစက, က ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ဖြစ်သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နစက လက်ထက်မှသာ အာဏာအသက် ဝင်လာခြင်းလည်း ဖြစ်သည်။
ယင်းဥပဒေအာဏာတည်ပြီး နောက် အနောက်နိုင်ငံများက ဝေဖန် သုံးသပ်မှုများ ရှိသည့်အပြင် Exile မီဒီယာများက လှုံ့ဆော်မှုများ ရှိလာ သည့်အတွက် အောက်ခြေလူတန်း စားများ၊ အလယ်အလတ်တန်း၊ အ ထက်တန်းနှင့် Elite အလွှာများတွင် ရိုက်ခတ်မှုများရှိခဲ့သည်။
ထိုသို့ရိုက်ခတ်မှုများ ရှိနေချိန် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာ န၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြား ရာတွင် ဧပြီလမှ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ရန်ရှိကြောင်း ပြောကြားခဲ့သဖြင့် လူ တန်းစားအလ ွှာအသီးသီးကြားတွင် စိုးရိမ်မှုများက ပိုမိုမြင့်တက်လာခဲ့ သည်။
လက်ရှိတွင် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှု ထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အကျုံးဝင်သူ ၁၃ သန်းရှိသည်။ မြန်မာနိုင်ငံတွင် လူဦး ရေ ၅၆ သန်းရှိသည့်အတွက် လူဦး ရေ၏ လေးပုံတစ်ပုံကျော် မှာ စစ်မှု ထမ်းရမည့် အခြေအနေတွင် ရှိနေ ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။
သို့သော် အကျုံးသူ ၁၃ သန်းစ လုံး တစ်ပြိုင်နက်တည်း စစ်မှုထမ်းရ မည် မဟုတ်ကြောင်း နစကပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေရာမှာ ကျွန်တော်တို့မိဘ ပြည်သူ များကို ထပ်မံပြီးအသိပေးလို တာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်း ခေါင်စာရင်းအ ရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ် မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အ ကျုံးဝင်နိုင်တဲ့ လူဦးရေ၊ အကျုံးဝင် နိုင်တဲ့ လူ ဦးရေဆိုတာက အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိ ပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်း လုံးကို တစ်ပြိုင်နက်တည်း စစ်မှု ထမ်းဆောင်စေမှာလား မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီစစ်မှုထမ်း ဆောင်စေ တယ်ဆိုတဲ့အထဲမှာ နိုင်ငံတော်ကာ ကွယ်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့ သူရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ခြောက်သောင်း ကျော်ရှိသည့်အတွက် စစ်မှုထမ်းရ မည်ဆိုပါက ရပ်ကွက်တစ်ခု၊ ကျေးရွာ တစ်ခုတွင် တစ်ဦး သို့မဟုတ် နှစ်ဦး ထက် မပိုနိုင်ကြောင်း ၎င်းင်းက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ခုန ပြောတဲ့ လူဦးရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုး သမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသ မီးတွေကို ထည့်မတွက်နဲ့ဦး။ အမျိုး သားတွေပဲထည့်တွက်ဦး။ အမျိုး သားတွေပဲ ထည့်တွက်ရင် ဒီ ၆ ဒသ မ ၃ သန်းရဲ့ တစ်ရာ ခိုင်နှုန်း တစ်ရာ ခိုင်နှုန်းဆိုရင် ခြောက်သောင်း သုံး ထောင်ရှိပြီ ဖြစ်ပါတယ်။ နှစ်ရာခိုင် နှုန်းဆို ရင် တစ်သိန်းနှစ်သောင်း ရှိ ပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦးရေခြောက်သိန်းရှိပြီ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဒီလောက် လူ ဦးရေလိုသလား၊ ၁၀ ရာခိုင်နှုန်း လို သလား မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံ မှာ ရပ်ကွက်၊ ကျေးရွာပေါင်း ခြောက် သောင်း ရှိတယ်။ ရပ်ကွက်တွေ ပါ ထည့်တွက်ရင် ခြောက်သောင်းကျော် ရှိတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်း ဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်း ဆောင်ဖို့ တစ်ဦး ထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်း မရှိပါ ဘူး”ဟု ၎င်းက ပြောကြားသည်။
လက်ရှိတွင် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံ တော်ကာကွယ်ရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှု ထမ်းဥပဒေပုဒ်မ ၆ နှင့် ပုဒ်မ ၇ အရ ဗဟိုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များ ဖွဲ့စည်းထားပြီး ခရိုင်အ ဆင့်၊ မြို့နယ်အဆင့် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့များ အမြန် ဆုံး ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြား ထားသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပ ဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့ စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁) ကို အင်အား ၅၀၀၀ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ် ကြောင်း နစကဘက်က ထုတ်ပြန် ထားသည်။
သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ ဆန္ဒရှိသော အရပ်ဒေသများတွင် သာ သတ်မှတ်ထားသော ကာလအ ထိ တာဝန်ထမ်းဆောင်သွားရမည် ဖြစ်သည်။
“ဒီလို သင်ကြားပေးပြီးမှ ကျွန်တော်တို့အနေနဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်တယ်။ တာဝန်ထမ်းဆောင် စေတဲ့နေရာမှာလည်း အဆင့်အလိုက်နဲ့ အရည်အချင်းအလိုက်၊ အတွေ့အကြုံအလိုက်နဲ့ ရာထူးတာဝန်ပေးပြီး တာဝန်ထမ်းဆောင်စေရမှာ ဖြစ်တယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့နေရာမှာလည်း ပထမဦးဆုံး အပတ်စဉ်တွေမှာ အမျိုးသမီးတွေကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေဖို့ နည်းမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာ သာ တာဝန်ထမ်းဆောင်စေဖို့အ တွက် ရည်ရွယ်ပါတယ်”ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင် သော ဥပဒေဖြစ်ခြင်းကြောင့် ယင်း ဥပဒေကိုရှောင်ရှားပြီး အခြားလက် နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်မည် ဆိုပါက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် တည်ဆဲဥပဒေ များအတိုင်း အရေးယူခြင်းခံရမည် ဖြစ်သည်။
ထို့ပြင် နိုင်ငံခြား၌ ကျောင်း တက်နေသူ များ၊ အလုပ် လုပ်ကိုင် နေသူများအနေဖြင့် ပြည်သူ့စစ်မှု ထမ်းဥပဒေ ပုဒ်မ ၁၅ (က) တွင် ပါရှိ သည့်အတိုင်း စစ်မှုထမ်းဆောင် ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သော် လည်း ၎င်းင်းတို့အနေဖြင့် ပညာသင် ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းဆောင် ရွက်ပြီးချိန်တွင် ပုဒ်မ ၁၅ (ခ)နှင့် အညီ နိုင်ငံတော်ကာကွယ်ရေးအ တွက် သတ်မှတ် ကာလပြီးဆုံးသည် အထိ စစ်မှုထမ်းဆောင်ရမည်ဖြစ် သည်။
လက်ရှိရေးဆွဲထားသော စီမံ ချက်အရ သင်တန်းအမှတ်စဉ် (၁) တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင် သူ အမျိုးသားများကိုသာ စတင်ခေါ် ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအ မှတ်စဉ် (၅) မှသာ ခေါ်ယူရန် လျာ ထားသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့ နေရာမှာ အမျိုးသမီးတွေကို လတ် တလောခေါ်ယူဖို့ အစီအစဉ် မရှိ သေးပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းအ ဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက် နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန် တည်း တစ်ပြိုင်တည်း ခေါ်ယူမည်မ ဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့ နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားထား သည်။
သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ် ခေါ် ယူသွားမည်ဖြစ်သည့်အတွက် တစ် နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာ ထားစီမံထားကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ မူကြမ်းအဆင့်သို့ ရောက်ရှိနေပြီး မကြာမီ ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြော ကြားထားသည်။
ထိုသို့သောအချိန်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည် ကြောင်း နစကဘက်က ကြေညာပြီး တစ်လကျော်အကြာ တိုင်းနှင့် ပြည် နယ်အသီးသီးရှိ မြို့နယ်အများစုတွင် ဥပဒေအရ အကျုံးဝင်သည့် လူငယ် များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူမှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လည်း မြို့နယ်အများစု၌ ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဥပဒေသတ် မှတ်ချက်အရ အကျုံးဝင်သည့် လူ ငယ်များ၏ ကိုယ်ရေးအချက်အ လက်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကောက်ယူခဲ့ သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်အများစု၌ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ဥပဒေတွင် အကျုံးဝင်သည့် လူငယ်များများထံ စစ်မှုထမ်းဆောင်ရန်အတွက် ညှိ နှိုင်းဆွေးနွေးရန် အစည်းအဝေး တက်ရောက်ရမည်ဖြစ်ကြောင်း အ ကြောင်းကြားစာများ ပေးပို့ခဲ့သည်။
အစည်းအဝေးသို့ လူကိုယ်တိုင် မလာရောက်နိုင်ပါက မိသားစုဝင် တစ်ဦးဦးက တက်ရောက်ပေးရန် အကြောင်းကြားစာတွင် ဖော်ပြ ထားသည်။
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်သည့် လူငယ် များ၏ စာရင်းကို ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ စာရင်းထုတ် ပေးခြင်းဖြစ်ပြီး ယင်းစာရင်းအရ အ ကျုံးဝင်သည် လူငယ်များ မြေပြင် တွင် ရှိ မရှိကို ရပ်ကွက်အုပ်ချုပ်ရေး မှူးများက အတည်ပြု စစ်ဆေးပေး ရခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်သည့် အစည်း အဝေးတက်ရောက်ခဲ့သူများက ပြော ကြားသည်။
“ပထမတော့ အသက်၂၄ က နေ ၃၀ ကြား လူငယ်တွေခေါ်မယ်ဆိုပြီး သတင်းထွက်တယ်။ နောက်တာ့မှ ဥပဒေအတိုင်း ၁၈ နှစ်ကနေ ၃၅ အထိခေါ်မယ်ဆိုပြီး အစည်းအဝေး မှာ ပြောပါတယ်။ အခုစာရင်းတွေက လဝက ကနေ စာရင်းထုတ်ပေးတာ။ အဲဒီစာရင်းမူလက သက်ဆိုင်ရာရယ ကဥက္ကဋ္ဌတွေက ဒီမှာရှိသလား၊ ကျောင်းတက်နေသလား၊ အပြင်မှာ အလုပ်လုပ်နေသလားဆိုတာကို Update ပြန်လုပ်တာပေါ့။ စာရင်းနဲ့ မြေပြင်အခြေအနေနဲ့ ကိုက်သလား ဆိုတာကို ယူတာပေါ့”ဟု ရန်ကုန် တိုင်းဒေသကြီးသုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
စစ်မှုထမ်းရန် ခေါ်ဆိုရာတွင် ပထမအဆင့်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က ၎င်းတို့နယ်မြေအတွင်း နေထိုင်သည့် ဥပဒေသတ်မှတ်ချက်အရ အကျုံးဝင်သူ လူငယ်များ၏ အမည်စာရင်းကို ပြုစု၍ မြို့နယ်အဖွဲ့ကို ပေးပို့ရခြင်း ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပေးပို့လာသည့် အမည်စာ ရင်းရလာပါက မြို့နယ်အဖွဲ့အနေဖြင့် ယင်းအမည်စာရင်းပါသူအားလုံးကို တစ်ဦးချင်းအလိုက် စစ်မှုထမ်း ရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်း ရေးသွင်းရန် သတ်မှတ်ထားသော ပုံစံနှင့်အညီ ခေါ်ယူရမည်ဖြစ်သည်။
ဆင့်ခေါ်စာရသူများအနေဖြင့် ဆင့်ခေါ်စာရသည်နှင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့ထံ သတင်းပို့ရမည်ဖြစ် ပြီး မြို့နယ်အဖွဲ့က ဆင့်ခေါ်ခံရသူကို ပုံစံ ၃ (က) ဖြစ်သည့် စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်း သွင်းမည့်သူက ရေးသွင်းရန် ပုံစံတွင် ရေးဖြည့်ရမည်ဖြစ်သည်။ မှတ်ပုံတင်စာရင်း ရေးသွင်းပြီးနောက် မြို့နယ်အဖွဲ့ မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးမည်ဖြစ်သည်။
ထိုသို့ အဆင့်သတ်မှတ်ချက်များ ရှိသော်လည်း အောက်ခြေရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ် ချုပ်ရေးမှူးများက မြို့နယ်အဆင့် လုပ်ဆောင်ရမည့် အဆင့်များကို လုပ်ဆောင်လျက်ရှိကြောင်း ကိုယ် တိုင်ကြုံတွေ့ရသူများက အွန်လိုင်း ပေါ်တွင် ပြောဆိုဝေဖန်မှုများ ရှိလာ သည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့ နယ်မြေအတွင်း နေထိုင်သည့် ဥပ ဒေသတ်မှတ်ချက်အရ အကျုံးဝင်သူ လူငယ်များ၏ အမည်စာရင်းကို ပြုစု ၍ မြို့နယ်အဖွဲ့ကို ပေးပို့ရမည်ဖြစ် သော်လည်း အချို့သော ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများက ပုံစံ ၃ (က) ဖြစ်သည့် စစ် မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်း သွင်းမည့်သူက ရေးသွင်းရန်ပုံစံတွင် ရေးဖြည့်ခိုင်း ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“အခုနောက်ဆုံးညွှန်ကြားချက်က ဓာတ်ပုံသုံးပုံပေါ့။ လိုင်စင် ဓာတ်ပုံ နောက်ခံကာလာက အပြာ ရောင်ပေါ့။ ကာယကံရှင်ကိုယ်တိုင်က ရယကဥက္ကဋ္ဌပေးတဲ့ ပုံစံ ၃ (က)ပေါ့။ အဲဒီမှာ ပုံစံ ၃ ကို ကိုယ်တိုင်ဆန္ဒ ပြုတယ်ဆိုတာကို လက်မှတ်ထိုး မှတ်တမ်းတင် ဓာတ်ပုံရိုက်တာပေါ့။ အ ကယ်၍ သားသမီးမရှိရင် မိဘက ကိုယ်စားတာဝန်ယူရင် မိဘက လက်မှတ်ထိုးတဲ့ မှတ်တမ်းတင်ဓာတ် ပုံရိုက်မှာပေါ့။ ပြောရမယ်ဆိုရင် ကာ ယကံရှင်ရဲ့ ဓာတ်ပုံသုံးပုံနဲ့ လက်မှတ် ထိုးတာကို မှတ်တမ်းတင်ထားမှာ ပေါ့”ဟု ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦး က ပြောကြားသည်။
“ကျွန်တော်သိသလောက် ဖောင်နံပါတ်(၁)က ကိုယ့်ရပ်ကွက် ထဲမှာ အသက်နဲ့ အခြားအရည်အ ချင်း ပြည့်မှီသူတွေရဲ့စာရင်းကို အ ရင်ပြုစုတယ်။ ပြီးတော့မှ အဲဒီသူတွေ ကို ထပ်ပြီးစိစစ်တယ်ပေါ့။ စိစစ်ရင် ဖောင်နံပါတ်(၂)ကို ပို့ရမယ်။ အဲဒီ သူတွေကို စိစစ်ပြီး အရည်အချင်း ပြည့်မှီပြီဆိုတော့မှ စစ်မှုထမ်းရန် အဆိုပြုလွှာပေါ့ ဖောင်ပုံစံ ၃(က)ပေါ့။ ပြောချင်တာက ကျွန်တော်တို့ ဆီမှာ စစ်ဘေးရှောင်တွေများတယ်။ ပြီးတော့သူတို့က သိပ်နားမလည် ကြဘူး။ အဲဒီတော့ဘာဖြစ်လဲဆို တော့ အခုက ဖောင်နံပါတ်(၂)ကို မပို့တော့ဘဲ ဖောင်နံပါတ် ၃(က)ကို တန်းပို့ခိုင်းတယ်။ မန္တလေးမြို့အစွန် ဆင်ခြေဖုံးဒေသမှာဆိုရင် စစ်မှုထမ်း ရန်အဆိုပြု မပြုကို ပြုဆိုတဲ့နေရာမှာ ခြစ်ခိုင်းတာတွေရှိတယ်။ သူတို့ကိုယ် တိုင် ထမ်းဆောင်ပါမယ်ဆိုပြီး လုပ် သလိုဖြစ်နေတာပေါ့”ဟု မန္တလေး မြို့မှဒေသခံတစ်ဦးက ပြောကြား သည်။
ထို့ပြင် နယ်မြို့များနှင့် ကျေး လက်ဒေသများတွင် စစ်မှုထမ်းရန် ရွေးချယ်ခံများကို မဲနှိုက်ခိုင်းခြင်း၊ ကျေးရွာတစ်ရွာလျှင် နှစ်ယောက် နှုန်းဖြင့် ရွေးချယ်ခြင်း၊ ရွေးချယ်ခံရ သူများအနေဖြင့် ခရီးသွားမည်ဆို လျှင် သတင်းပို့ခိုင်းခြင်း၊ စစ်မှုမထမ်း ချင်၍ ထွက်ပြေးမည်ဆိုလျှင် မိသား စုကို အရေးယူမည်ဟု ပြောဆိုမှုများ ရှိနေခြင်း စသည့် အခြေအနေများကို ကိုယ်တိုင်ကြုံတွေ့ရသူများက အွန် လိုင်းပေါ်တွင် ရေးသားမှုများ ရှိလာ သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “လက် ရှိအချိန်မှာ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ (မူကြမ်း) ကို ရေးဆွဲထားရှိပြီး သက်ဆိုင်ရာ ဥပဒေပညာရှင်တွေက နောက်ဆုံးအတည်ပြုနိုင်ရေး အ ဖက်ဖက်က စိစစ်သုံးသပ်လျက်ရှိပါ တယ်။ ဒီနည်းဥပဒေမှာ ပါဝင်တဲ့ ကြိုတင်ဆောင်ရွက်ရတဲ့ လုပ်ငန်း စဉ်တွေကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်ရေးအဖွဲ့တွေဆီ အ ကြောင်းကြားထားပြီး အဲဒီကတစ် ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေး ရွာအလိုက် အကျုံးဝင်တဲ့စာရင်းတွေ ကောက်ယူဆောင်ရွက်လျက်ရှိပါ တယ်။ လုပ်ငန်းစဉ်အရ သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာတွေကတစ် ဆင့် အကျုံးဝင်တဲ့သူတွေကို မြို့နယ်၊ သက်ဆိုင်ရာမြို့နယ်ကနေ တိုင်းနဲ့ ပြည်နယ်၊ အဲဒီကနေ ဗဟိုအဆင့် ဆင့်ဆီ တင်ပြရမှာဖြစ်ပါတယ်။ ဗဟို ကနေ ရွေးချယ်သူတွေကို အဆင့် ဆင့် ပြန်လည်ချပြပြီး ရွေးချယ်ခံရသူ တွေကို ကျန်းမာရေးဆေးစစ်ဖို့ ခေါ် ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အရ ဗဟိုက ရွေးချယ်ရာမှာ ကြန့် ကြာမှု မရှိစေရေးအတွက် သင့်လျော် တဲ့ အင်အားအရေအတွက်ကို ဗဟို ကခေါ်ယူလိုတဲ့ လူအင်အား အရေ အတွက်နဲ့ ကိုက်ညီအောင် သက်ဆိုင် ရာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တစ် ခါတည်း သတ်မှတ်နေကြတာ ဖြစ်ပါ တယ်။ ဗဟိုဆီကို အကျုံးဝင်တဲ့ အင် အားစာရင်း တင်ပြပြီးပါက ဒီလူတွေ ဟာ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့ ရွေး ချယ်ခံရနိုင်ခြေ များတာကြောင့် အဲဒီ လူတွေအနေနဲ့ ခရီးသွားလာမှုတွေ ရှိပါက အချိန်မီဆေးစစ်ခံနိုင်ရေးအ တွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ် နိုင်တာကြောင့် ခရီးသွားမယ်ဆိုပါ က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ တာဝန်ခံတွေဆီ အကြောင်းကြား ပေးဖို့ အသိပေးခြင်းသာ ဖြစ်ပါ တယ်။ အဲဒီအချက်ကို မှီပြီး ကောလာ ဟလမျိုးစုံ ထုတ်လွှင့်နေတာတွေ ရှိ ပါတယ်။ အချုပ်အားဖြင့် ပြည်သူ့စစ် မှုထမ်းဆောင်ဖို့အတွက် သတ်မှတ် ထားတဲ့ အသက်အရွယ်အပိုင်းအ ခြား၊ ကင်းလွတ်ခွင့်ရရှိသူတွေ၊ ယာ ယီရွှေ့ဆိုင်းခွင့်ရရှိသူတွေ စတဲ့သူ တွေကို ဥပဒေမဲ့မဟုတ်ဘဲ ထုတ်ပြန် ထားတဲ့ ဥပဒေနဲ့အညီသာ ဆောင် ရွက်လျက်ရှိပါတယ်”ဟု ပြောကြား သည်။
ထို့အတူ စစ်မှုထမ်းရန် ရွေး ချယ်ခြင်း မခံရသည့် အိမ်များနှင့် စစ်မှုထမ်းရန် အသက်အရွယ်မရှိ သည့် အိမ်များထံမှ လစဉ် စစ်မှုထမ်း မည့်သူများအတွက် ငွေကြေးကောက် ခံခြင်းများ ရှိလာကြောင်း ပြောဆိုမှု များက ထွက်ပေါ်လာသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်မယ့်သူတွေအ တွက် သင်တန်းကာလ စတက်က တည်းက စစ်မှုထမ်းဆောင်ဆဲ တပ် မတော်သားတွေလို သတ်မှတ်ထား တဲ့ ရိက္ခာ၊ လစာ၊ ဝတ်စုံနဲ့ အခြားခံ စားခွင့်အားလုံးကို ကြိုတင်တွက် ချက် စီမံချက်ရေးဆွဲပြီးမှသာ နိုင်ငံ တော်က တတ်နိုင်တဲ့ ဘတ်ဂျက်နဲ့ သင့်တော်တဲ့ လူအရေအတွက်ကို ခေါ်ယူဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါ တယ်။ ဒီအကြောင်းအရာနဲ့ပတ် သက်ပြီး အကြိမ်ကြိမ်ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ကျေးရွာ၊ ရပ်ကွက် အချို့မှာတော့ စစ်မှုထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့ မိသားစုတွေကို သူ တို့ရပ်ကွက်၊ ကျေးရွာ အစီအစဉ်နဲ့ ထောက်ပံ့ဖို့ စီစဉ်နေကြတယ်လို့ လည်း သတင်းစကား ကြားရပါတယ်။ အဲဒီကျေးရွာ၊ ရပ်ကွက်မှာ နေထိုင် သူတွေက ပြည်သူ့စစ်မှုထမ်းဥပဒေ တာဝန်ထမ်းဆောင်တဲ့သူတွေအနေ နဲ့ တာဝန်ထမ်းဆောင်နေချိန်မှာ နောက်ဆံမတင်းစေဖို့နဲ့ ကျန်ခဲ့တဲ့ မိသားစု လူမှုစီးပွားဘဝတွေ အဆင် ပြေစေရေးအတွက် တတ်နိုင်တဲ့ငွေ ကြေးကို ထောက်ပံ့ဖို့ စီစဉ်နေခြင်း သာ ဖြစ်ပါတယ်။ ဒီကိစ္စအပေါ်မှာ လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်မဖော်စေလိုတဲ့ သူတွေက မဟုတ်မမှန်တဲ့ ကောလာ ဟလတွေ ထုတ်လွှင့်နေခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်း ဆောင်ခွင့် ရရှိတဲ့သူတွေကို ဥပဒေ နဲ့အညီ ရိက္ခာ၊ လစာနဲ့ အခြားခံစား ခွင့်အားလုံး ပြည့်ဝစွာ ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က ဆိုသည်။
ထို့ပြင် ရပ်ကွက်/ ကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေသတ်မှတ်ချက်အရ အကျုံး ဝင်သူ လူငယ်များကို ဆင့်ခေါ်စာဖြင့် ဆင့်ခေါ်ခြင်း၊ မဲနှိုက်ခိုင်းသည့် ဖြစ် စဉ်များမှာ အောက်ခြေရှိ အချို့သော ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဖြစ်ပေါ်လျက်ရှိပြီး စစ်မှုထမ်းဥပ ဒေအရ အကျုံးဝင်သည့် လူငယ်များ ကို ခေါ်ယူရာတွင်လည်း ရပ်ကွက် တစ်ခုနှင့်တစ်ခု၊ ကျေးရွာတစ်ခုနှင့် တစ်ခု အသက်သတ်မှတ်ချက် မတူ ညီမှုများလည်း ရှိနေကြောင်း စုံစမ်း သိရှိရသည်။
အချို့ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် လူငယ်များကို ခေါ် ယူသော်လည်း အချို့ရပ်ကွက်/ ကျေး ရွာအုပ်စုများတွင် အသက် ၂၄ နှစ်မှ ၃၀ အတွင်း လူငယ်များကို ခေါ်ယူ နေကြောင်း သိရှိရသည်။
“လောလောဆယ် ၂၄ နှစ် ကြား နဲ့ ၃၀ နှစ် ကြားကို အဓိကခေါ်ယူပြီး ပြည်သူ့စစ်မှုထမ်းကိစ္စ ခေါ်ယူရှင်း လင်းတာကို တွေ့ရတယ်။ ကျွန်တော် ထင်တာတော့ ၁၈ နှစ်နဲ့ ၂၄ နှစ် ကြားက အများစု ကျောင်းတက်တဲ့အ ရွယ်ဖြစ်သလို ၃၀ နှစ်အထက်ဆို ရင်လည်း အိမ်ထောင်ကျပြီး မိသား စုကိစ္စရှိတာမျိုးတွေ၊ ကိုယ်ပိုင်လုပ် ငန်းဦးဆောင်သူတွေ စတဲ့အခြေအ နေတွေ ရောက်နေကြတာများတော့ ဒီအသက် ၂၄ နှစ်နဲ့ ၃၀ နှစ်ကြားကို အဓိကခေါ်ဖို့လုပ်နေတယ်လို့ ထင် တယ်။ ဒါပေမဲ့ အချို့ရပ်ကွက်တွေကြ တော့ ၂၂ ဝန်းကျင်လောက်တွေ လည်း ခေါ်ယူတွေ့ဆုံတ ယ်လို့သိရ တယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။
ထိုသို့ စစ်မှုထမ်းရန် ခေါ်ယူရာ တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအ လိုက် အသက်သတ်မှတ်ချက်များ မတူညီသည့်အတွက် ပြည်သူများအ ကြားတွင် ဝေဖန်မှုများက ကျယ် လောင်စွာ ထွက်ပေါ်လျက်ရှိသည်။
“ဥပဒေမှာ အသက်သတ်မှတ် ချက်က ၁၈ နှစ်နဲ့ ၃၅ နှစ်ဆိုပေမဲ့ ၂၄ နှစ်နဲ့ ၃၀ နှစ်ကြားတွေကို အဓိ က ခေါ်တွေ့တာပေါ့။ အဲဒီသတ်မှတ် ချက်တွေကို ဘယ်သူတွေက ဘယ် လိုသတ်မှတ်သလဲ ရှင်းရှင်းလင်းလင်း မရှိဘူးဖြစ်နေတယ်။ ဥပမာ အခု ၃၃ လောက်ရှိတဲ့သူက မပါဘူးဆိုရင် သူတို့က နောက်နှစ်နှစ်လောက်ဆို ၃၅ နှစ်ပေါ့။ ဒါဆိုသူတို့က ကင်း လွတ်သွားပြီလား။ ဘယ်လိုပုံစံမျိုး တွေလည်းပေါ့။ ခေါ်မယ်ဆိုလည်း စာရင်းကို အတိအကျနဲ့ ဘယ်သူက နိုင်ငံခြားသွားတယ်။ ဘယ်သူက ကျောင်းတက်တယ်။ ဘယ်သူက တော့ ကင်းလွတ်ခွင့်ရတယ် ဒါမျိုး တွေကို အတိအကျထုတ်ပြန်သင့် တယ်လို့ ထင်တယ်။ အခုက ဟိုနေရာ တစ်မျိုး၊ ဒီနေရာတစ်မျိုးပုံစံဖြစ်ပြီး ကောလာဟလသတင်းတွေက လည်း အစုံပဲ။ တစ်နိုင်ငံလုံး တစ်ပြေး ညီဖြစ်သင့်တယ်လို့ ထင်တယ်” ဟု ဗဟန်းမြို့နယ်မှ စစ်မှုထမ်းကိစ္စနှင့် ခေါ်ယ ူဆွေးနွေးခံရသည့်မိဘတစ် ဦးက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ကို အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ် လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အ တွင်းဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ကျွမ်းကျင်သူ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသ မီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်းထား သည်။
ကျွမ်းကျင်သူဟုဆိုရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှု လက်မှုပညာ တတ်မြောက်သူ သို့မ ဟုတ် အခြား အတတ်ပညာ တစ်ရပ် ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုကြောင်း ပြည်သူ့ စစ်မှုထမ်း ဥပဒေက ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အ သက်သတ်မှတ်ချက်ကို တိတိကျကျ ပြဋ္ဌာန်းထားသော်လည်း စစ်မှုထမ်း ရန် စတင်ကောက်ယူသည့် ရပ်ကျေး အဆင့်တွင် တစ်နေရာနှင့် တစ်နေ ရာ တူညီမှုမရှိဘဲ ကောက်ယူမှုများရှိ သည့်အပေါ် ပြည်သူများက ထောက် ပြဝေဖန်မှုများ ရှိခဲ့သည်။
ထို့ပြင် အချို့ရပ်ကွက်များတွင် ဧည့်စာရင်းဖြင့် လာရောက်နေထိုင် သူများကိုပါ စစ်မှုထမ်းကိစ္စနှင့်ပတ် သက်၍ ဆွေးနွေးရန် ခေါ်ယူမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေ ရသူများက ဆိုသည်။
“ကျွန်မတူလေးက ဧည့်စာရင်း နဲ့နေတာ။ အသက် ၂၂ နှစ် ပဲရှိသေး တယ်။ အခုခေါ်နေတာ ဧည့်စာရင်း သမားပါတယ်လို့ မကြားမိဘူး။ ဒါပေမဲ့ ကျွန်မတို့ကို ရပ်ကွက်ရုံးက စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေး ဖို့ခေါ်တယ်။ ကလေးက အခု ဒီမှာလည်း မရှိပါဘူး။ လာလိုက် သွားလိုက်ဆိုတော့ ဒီမှာဧည့်စာရင်းထဲ ထည့်ထားတာ။ မူလအိမ်ထောင်စု စာရင်းက စစ်ကိုင်းမှာ။ အဲဒီက ခေါ် တာမျိုးမဟုတ်ဘဲ ဒီကခေါ်တော့ ဘာတွေမှန်းမသိဘူး။ ကျွန်မတို့က ကလေးလည်း အခုဒီမှာမရှိတော့ ရုံးကခေါ်တာတော့ မသွားလိုက်ဘူး”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။
ထိုသို့ ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေချိန်တွင် စစ်မှု ထမ်းရန် ရပ်ကျေးအဆင့်၌ ခေါ်ယူ မှုများတွင် ဥပဒေနှင့် ကျော်လွန်ဆန့် ကျင်ဆောင်ရွက်နေမှုများကို တား မြစ်အရေးယူပေးရန် ပြည်သူ့ပါတီ က ထုတ်ပြန်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့် သုံးခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန် နိုင်ငံ နှင့်အဝှမ်း တပြေးညီကျင့်သုံးမည့် နည်းဥပဒေ ညွှန်ကြားချက်များကို ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေ မှုများကို တားမြစ်အရေးယူပေးရန် မတ် ၁၉ ရက်တွင် ပြည်သူ့ပါတီက ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အ ခန်း (၃) ပုဒ်မ ၇ (က) တွင် ပြည်သူ့စစ် မှုထမ်းဆင ့်ခေါ်ရေးဗဟိုအဖွဲ့သည် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များ ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်”ဟု ပြဋ္ဌာန်း ထားသောကြောင့် ရပ် ကွက် သို့မဟုတ် ကျေးရွာအဆင့်တွင် ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ ယင်း ဥပဒေပုဒ်မ ၈ တွင် “ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီသည်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်မှုထမ်းရ မည့် အသက်အရွယ်ရောက်သူများ ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ် ချက်များနှင့်အညီ နှစ်စဉ် ဇန်နဝါရီ ၁ ရက်အရောက် ပြုစုပေးပို့ရမည်” ဟူ၍သာ ပြဋ္ဌာန်းထားကြောင်း၊ မူ ရင်းပြဋ္ဌာန်းဥပဒေအရ ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့သည် စာရင်းပြုစုပေးပို့ရန်သာ ဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်၊ (မဲ နှိုက်ခြင်းအပါအဝင်) စာရင်းမှ ပယ် ဖျက်ခွင့်မရှိကြောင်း တွေ့ရှိရ ကြောင်း ပြည်သူ့ပါတီက ထောက်ပြ ပြောဆိုသည်။
ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ ပါးစေရန်အတွက် နစကအနေဖြင့် နိုင်ငံနှင့်အဝှမ်း တပြေးညီကျင့်သုံး မည့် နည်းဥပဒေညွှန်ကြားချက်များ ကို အများပြည်သူ အလွယ်တကူ သိ ရှိနိုင်ရန် တိကျသေချာစွာ ထုတ်ပြန် ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန် ဆန့်ကျင် ဆောင်ရွက်နေမှုများအား တားမြစ်အရေးယူပေးရန် လိုအပ် မည်ဖြစ်ကြောင်း ပြည်သူ့ပါတီက တိုက်တွန်းထားသည်။
သို့သော် ပြည်သူ့စစ်မှုထမ်းရန် ခေါ်ဆောင်ရာ၌ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း များ မရှိသေးချိန်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ယခုကဲ့သို့ အ ကောင်အထည်ဖော်နေခြင်းသည် ဥပဒေနှင့် သွေဖည်နေကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသော် လည်း နစကသတင်းထုတ် ပြန်ရေး အဖွဲ့ကမူ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေသည့် ကိစ္စတစ်ခုမျှ မရှိကြောင်း ပြောကြားထားသည်။
“လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေဟာ မူကြမ်းရရှိထားတဲ့ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေသာ ဖြစ်ပါ တယ်။ ဒါ့အပြင် အခုဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံးက ထုတ်ပြန်ထားတဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စတစ်ခုမှ မရှိဘဲ အသက်အရွယ်အပိုင်းအခြား၊ ကင်း လွတ်ခွင့်ပြုသူ၊ ယာယီရွှေ့ဆိုင်းနိုင်သူ စသဖြင့် အားလုံးက ဥပဒေအ တိုင်းသာ ဖြစ်ပါတယ်။ ဥပဒေထက် ကျော်လွန်တဲ့ ကိစ္စတွေရှိပါက သက် ဆိုင်ရာကို တရားဝင်ကန့်ကွက် တိုင်ကြားနိုင်ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ဆိုသည်။