ကုန်စည် ထုတ်လုပ်သူတို့အကြား ပိုမိုမြင့်တက်လာသည့် စိုးရိမ်မှုများ

ကုန်စည် ထုတ်လုပ်သူတို့အကြား ပိုမိုမြင့်တက်လာသည့် စိုးရိမ်မှုများ
Published 3 March 2024

အာဆီယံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အော်ဒါအသစ်များ ကျဆင်းလာသည့်တိုင် အာဆီယံစက်မှုထုတ်လုပ်မှုမှာ အခိုင်အမာ ကြီးထွားလာကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံထုတ်လုပ်မှု PMI အစီရင်ခံ စာတွင် ဖော်ပြထားသည်။

S&P Global အာဆီယံထုတ်လုပ်မှု  PMI ကို S&P Global သည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်သူ စုစု ပေါင်း ၂၁၀၀ ခန့် ပါဝင်သည့် အဖွဲ့များက ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေး သည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့် ဖြေကြားချက်များကို အခြေခံတွက်ချက်ထား ခြင်းဖြစ်သည်။

S&P Global ၏ နောက်ဆုံး PMI ဒေ တာအရ အာဆီယံထုတ်လုပ်ရေးကဏ္ဍသည်  ဖေဖော်ဝါရီလအတွင်း ဆက်လက်ပြီး မသိ မသာတိုးတက်လာခဲ့သည်။ ခိုင်မာသည့်တိုး တက်မှုကို ပံ့ပိုးပေးခဲ့သည်မှာ အလုပ်နေရာ များ အသစ်တစ်ဖန်အခိုင်အမာ တိုးလာခဲ့ခြင်း နှင့် လက်ကျန်အလုပ်များ ရှေ့ဆက်ကျဆင်း လာခဲ့မှုဖြစ်သည်။ သို့သော်လည်း အော်ဒါအ သစ်များမှာမူ အနုတ်လက္ခဏာနယ်ပယ်ထဲ တွင်ရှိလာသည်မှာ ခြောက်လဆက်တိုက်ဖြစ် လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။

အဓိကအကျဆုံး S&P Global အာဆီယံထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း  PMI သည် ဇန်နဝါရီတွင် ၅၀ ဒသမ ၃ ရှိခဲ့ရာမှ ဖေဖော်ဝါရီတွင် ၅၀ ဒသမ ၄ သို့ တက်လှမ်းလိုက်ခြင်းဖြင့် လုပ်ကိုင်မှု အခြေအနေများ နှစ်လဆက်တိုက် လစဉ်တိုး တက်လာမှုကို အချက်ပြနေသည်။

မည်သို့ပင်ဖြစ်စေ တိုးတက်မှုအရှိန်မှာမူ ဒသမဂဏန်းမျှသာဖြစ်သည်။

အာဆီယံ ထုတ်လုပ်သူတို့သည် လာ မည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့်ပတ်သက် ပြီး အကောင်းမြင်ကြသည်။ သို့သော်လည်း ခြုံကြည့်လျှင် ယုံကြည်မှုသည် လေးလအနိမ့် ဆုံးသို့ နိမ့်ဆင်းသွားခဲ့ပြီး စစ်တမ်း၏ရေရှည် ပျမ်းမျှအောက်တွင် ရှိနေသည်။ အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ် လျက်  S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch က “အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ ဖေဖော်ဝါရီလမှာ လုပ်ငန်းအခြေအနေတွေ ရှေ့ဆက် တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့ကြပေမဲ့ ဒသမ ဂဏန်းမျှ တိုးတက်မှုပါ။ ယခင်လ တွေက အော်ဒါတွေ စုစည်းလာမှုနဲ့ ဝန်ထမ်း ဦးရေ အားကောင်းလာခြင်းက ထုတ်လုပ်မှု အခိုင်အမာတိုးလာရေးကို ပံ့ပိုးပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်း၊ မြန်မာနဲ့ မလေးရှားနိုင်ငံတွေမှာ စျေးဝယ်တွေဘက်က ဝယ်လိုအားနိမ့်ကျလာ ခဲ့လို့ ထုတ်လုပ်သူတို့ဟာ အော်ဒါအသစ်တွေ တိုးရလာကြောင်းကိုမူ မှတ်တမ်းမတင်နိုင်ခဲ့ ကြပါဘူး” ဟု ပြောကြားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအခြေအနေ ကို သုံးသပ်ထားသည့် S & P Global  မြန်မာ ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ၏ အ ညွှန်းကိန်း PMI စစ်တမ်းတွင် ထုတ်လုပ်မှု နှင့် အော်ဒါသစ်များ တစ်ဟုန်ထိုးလျော့နည်း သွားပြီး စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှု ကြောင့် အလုပ်နေရာများ ကျဆင်းလာ ကြောင်း ဖော်ပြထားသည်။

S & P Global မှ နောက်ဆုံး PMI စစ် တမ်းဒေတာက မြန်မာနိုင်ငံတစ်ဝန်း ထုတ် လုပ်ရေးအခြေအနေများ ဖေဖော်ဝါရီတွင် ရှေ့ဆက်ဆုတ်ယုတ်လာမှုကို မီးမောင်း ထိုးပြ လိုက်သည်။

ဝယ်လိုအားနည်းလာသည့်အခြေအနေ များက အော်ဒါအသစ်များကို ကျဆင်းသွား စေခဲ့ပြီး ကျဆင်းမှုကြောင့်ကုမ္ပဏီများအား ၎င်းင်းတို့၏ ထုတ်လုပ်မှုကို ဖြတ်တောက်စေခဲ့ ကြောင်း၊ တု့ံ့ပြန်သည့်အနေဖြင့် ဝယ်ယူမှုများ နှင့် အလုပ်နေရာများပါ ဆုတ်ယုတ်လာခဲ့ ကြောင်း၊ ထို့ပြင် အလုပ်မှ နုတ်ထွက်မှုများလာ ခြင်းကြောင့်နှင့် ဧပြီလတွင် ကျင့်သုံးရန် လျာ ထားသည့် စစ်မှုထမ်းဥပဒေထုတ်ပြန်မှုကြောင့် အလုပ်နေရာများ လျှောဆင်းသွားခဲ့ကြောင်း အဆိုပါ စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထား သည်။

ထို့ပြင် နှစ်ဆန်းပိုင်းတွင် မှတ်တမ်းတင် ဖြစ်ခဲ့သည့် အကောင်းမြင်စိတ်နှင့် ပြောင်းပြန် ဖြစ်လျက် ထုတ်လုပ်သူတို့သည် ဖေဖော်ဝါရီ လတွင် လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းလာကြကြော င်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိ ပက္ခများဆိုင်ရာ စိုးရိမ်မှုများကို ကျယ်ပြန့် စွာ ကိုးကားထောက်ပြခဲ့ကြသည်။

အဓိကအကျဆုံး  S & P Global  မြန်မာ ထုတ်လုပ်မှု  PMI- ထုတ်လုပ်ရေးစွမ်းဆောင်မှု ကို ဖော်ပြပေးသော တစ်ခုတည်းသောအညွှန်း ကိန်းသည် ဖေဖော်ဝါရီတွင် သုံးလအတွင်း ၄၆ ဒသမ ၇ ဖြင့် အမြင့်ဆုံးအဖြစ် မှတ်တမ်း တင်ခဲ့သည်။ ဇန်နဝါရီ၏ ၄၄ ဒသမ ၃ ထက် မြင့်တက်လာခဲ့သော်လည်း မြန်မာထုတ်လုပ် ရေးကဏ္ဍ၏အခြေအနေမှာ လစဉ် ငါးလဆက် တိုက် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

အော်ဒါအသစ်များထဲက ကျဆင်းမှု သည် လွန်ခဲ့သည့်နိုဝင်ဘာလနောက်ပိုင်း အားအနည်းဆုံးဖြစ်လာခဲ့သည်။ ဝယ်လိုအား နည်းလာသည့် အခြေအနေမှာ အဓိကအ ကြောင်းရင်းဖြစ်ခဲ့ပြီး ကုမ္ပဏီများက စျေးဝယ် များထံတွင် ရှိနေသည့် ဘဏ္ဍာရေးအခက်အ ခဲများကိုပါ မကြာခဏ ညွှန်ပြကြသည်။ ထို့ ကြောင့် ထုတ်လုပ်မှုပါ ဖေဖော်ဝါရီတွင် တစ် ဟုန်ထိုး ကျဆင်းသွားရာ ကုမ္ပဏီများက  ကုန် ကြမ်းများရှားပါးမှုနှင့် လျှပ်စစ်ပြတ်တောက် မှုများကို ထုတ်လုပ်မှုကို ဟန့်တားခဲ့သည့် အချက်များအဖြစ် ထောက်ပြကြသည်။

အော်ဒါအသစ်ပမာဏနှင့် ထုတ်လုပ်မှု ဆက်လက်ကျဆင်းမှု၏ ရောင်ပြန်ဟပ် မှုအ ဖြစ် ဝယ်ယူမှုများ ရှေ့ဆက်ကျဆင်းလာခဲ့ သည်။

အလုပ်နေရာ ဖြတ်တောက်မှုနှုန်းသည် စစ်တမ်း၏ နောက်ဆုံးလအတွင်း ပိုမြန်လာခဲ့ သည်။ လုပ်ငန်းတောင်းဆိုချက်များ နည်းလာ ခြင်းက ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို ထုတ်ပစ်မှုကို ဆိုလိုခြင်းဖြစ်ပြီး မကြာမီက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေက အလုပ်မှ နုတ်ထွက်မှုများလာစေသည့် တွန်းအားပေးမှု ဖြစ်လာကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။

ထို့ပြင် ကုန်ကြမ်းများ ရှားပါးလာလျက်  လျှပ်စစ်ပြတ်တောက်မှုများ ရှိနေသည့်အကြား မှာ အလုပ်သမားရှားပါးနေကြောင်း အစီရင် ခံမှုများ ရှိနေချိန်မှာ ကုမ္ပဏီများသည် လုပ် ငန်းများမှာ ထုတ်လုပ်မှုစွမ်းအားကို ထပ်မံပြီး အပြည့်အဝ မသုံးနိုင်ခဲ့ကြပေ။ မပြီးဘဲ ကျန်ခဲ့ သည့် အလုပ်ပမာဏများ ဖေဖော်ဝါရီတွင် သိသာပြီး ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် စုစည်း လာခဲ့ကြသည်။

ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင် ရည်မှာ ဖေဖော်ဝါရီတွင် ဆက်လက်ဆုတ်ယုတ် လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းကို ကုမ္ပဏီများက သွင်းကုန်လိုင်စင်ရယူမှု အခက်အခဲများ၊ ကုန် ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် နိုင်ငံ့မြောက်ပိုင်း တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုဖြင့် ဆက်စပ်ရှင်းပြကြသည်။ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များ သိသိသာ သာ ပိုကြာလာခဲ့သော်လည်း ကြန့်ကြာမှုများ မှာ နိုဝင်ဘာလမှစပြီး အနည်းဆုံးဖြစ်လာ သည်။

စျေးနှုန်းများကိုကြည့်လျှင် စစ်တမ်း၏ နောက်ဆုံးလအတွင်း ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တိုးလာခဲ့ရာ ထည့်ကုန်များ အတွက်ရော ရောင်းကုန်များအတွက်ပါ ငွေ ကြေးဖောင်းပွမှုမှာ ငါးလအတွင်း အမြင့်ဆုံး ဖြစ်လာသည်။ ပို့ဆောင်ရေးစရိတ်များနှင့် ကုန်ကြမ်းစရိတ်များ တိုးလာမှုကြောင့်လည်း ကောင်း၊ အမေရိကန်ဒေါ်လာအတွက် ကျပ် ငွေတန်ဖိုးကျဆင်းမှုကြောင့်လည်းကောင်း၊ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာ ခြင်းကြောင့် ရောင်းစျေးများ တစ်ဟုန်ထိုး ထိုး တက်သွားခဲ့သည်။

“အနာဂတ်ဆီ လှမ်းမျှော်ကြည့်ရင် နိုင်ငံ ရေး မတည်ငြိမ်မှု ပိုကြီးထွားလာခြင်းနဲ့ လက် နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်လာနေခြင်းတို့ လို ပြည်တွင်းအခက်အခဲများ ကြီးထွားလာနေ ခြင်းက လုပ်ငန်းဆိုင်ရာ ယုံကြည်မှုကိုပါ ဖေ ဖော်ဝါရီလတွင် ထိုးနှက်ခံရခြင်းကို ဆိုလိုပါ တယ်။ ကုမ္ပဏီများက လာမည့်တစ်နှစ်အတွင်း မှာ ထုတ်လုပ်မှုကျဆင်းလာမယ်လို့ ခန့်မှန်း ကြရာ နှစ်ဆန်းပိုင်းမှာ မြင်ခဲ့ရတဲ့အကောင်း မြင်ခြင်းကနေပြီး ပြောင်းလဲသွားမှုဖြစ်ပါတယ်” ဟု S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch က သုံး သပ်ပြောကြားခဲ့သည်။

နောက်ဆုံးအဖြစ် လာမည့် ၁၂ လကာလ အတွက် ယုံကြည်မှုသည် အဆိုးဘက်ကို ညွှန် ပြနေပြီး ထုတ်လုပ်သူတို့အကြားရှိ စိုးရိမ်မှု များနှင့် မရေရာမှုကို ယင်ဟပ်နေသည်။ အမှတ် ၅၀ ဒသမ ၀ အောက်တွင် မှတ်တမ်း တင်ဖြစ်ခဲ့သည့် နောက်ဆုံးမှတ်တမ်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစတင်ခဲ့သည့်စစ်တမ်း သမိုင်းထဲတွင် ဒုတိယအကြိမ်ဖြစ်လာသည်။ နိုင်ငံရေး မတည်ငြိမ်မှုနှင့် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်လာသည့် အလားအလာက ယုံကြည်ချက်အပေါ် ဖိစီး နေသည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထား သည်။