နေ့အပူချိန်တိုးလာတဲ့ မတ်လလယ်ကာလများ

နေ့အပူချိန်တိုးလာတဲ့ မတ်လလယ်ကာလများ
ရန်ကုန်မြို့၏ နေ့အပူချိန်တွင် သွားလာနေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့၏ နေ့အပူချိန်တွင် သွားလာနေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 17 March 2024

“ နေ့လည်ဘက် ဘယ်နေရာမှာ နေရမ လဲ မသိတော့ဘူး” ဟု ရန် ကုန်တိုင်းဒေသကြီး တွင် နေထိုင်တဲ့သူတစ်ဦးက ပြောကြားသည်။

မတ်လ လဆန်းပိုင်းက စတင်ကာ နေ့အ ပူချိန်များ သိသိသာသာတိုးလာသည်ကို ခံစား ရသည်ဟု ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင် သူများက ပြောကြားသည်။

“ သိသိသာသာပူလာတယ်။ နေ့လည် ဘက်ဆို ကားမမောင်းနိုင်ဘူး။ ညနေ ၃ နာရီ လောက်မှ မောင်းတော့တယ်။ လမ်းပေါ်မှာ လည်း အပူချိန်ကြောင့် လူအသွားအလာနည်း သွားတယ်” ဟု ရန်ကုန်မြို့တွင်းအဌားယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအရပ် ရပ်တွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်း ဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ် တောင်များ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထား သည်။

အဆိုပါမိုးတိမ်တောင်များ ရွေ့ လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက် ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဇေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထူးခြားသည့် နေ့အပူချိန် မြင့်တက်မှုမှာ မတ် ၁၄ ရက်က ချောက်မြို့တွင် ၄၂ ဒီဂရီဆဲလ် စီးယပ်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းချက် များအရ မတ်လမှာ အပူဆုံးမဟုတ်သေးဘဲ ဧပြီလတွင် အပူဆုံးအချိန်ကို ရောက်ရှိမည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က ပြောကြားသည်။

“ မြန်မာနိုင်ငံရဲ့ နွေရာသီက မေလ၊ ဇွန် လတွေအထိ ဆက်လက်ဖြစ်နေပြီး ၂၀၂၄ခုနှစ် အတွင်းမှာ ဧပြီလသည် အပူဆုံးလဖြစ်မယ် ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်ကလဲ ဆက်လက် တည်ရှိနေနိုင်ပါမယ်။ဇူလိုင်လကိုရောက်မှ သာ မိုးများများစတင်ရွာသွန်းနိုင်မဲ့အခြေအနေရှိနိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိ အားနည်းရပ်ဝန်း-မုန်တိုင်းစသည်ဖြင့် ဖြစ် ပေါ်ခြင်းမရှိရင် မိုးဦးကာလအတွင်း မိုး နည်း နိုင်ပါတယ်။ ဧပြီလက အပူဆုံးလ နေရာတချို့ မှာ အပူချိန် ၄၀ ကျော်တွေဖြစ်ပါလိမ့်မယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်း နိုင်က ပြောကြားသည်။

လက်ရှိတွင်လည်း နေ့အပူချိန်များမြင့် တက်နေသဖြင့် အပူဒဏ်ကို သတိထားရမည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

“ မြန်အောင်-ကြံခင်း ၊ ပွင့်ဖြူနဲ့ ပြည်မြို့ တွေက MMWeather Site က ပြည်နယ်နဲ့တိုင်း မဟုတ်သောမြို့များထဲမှာ ဒီရက်ပိုင်းအတွင်း အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ဖြစ်တော့မဲ့မြို့ တွေအဖြစ် ပေါ်လာပါတယ်။ ကျန်တဲ့ မြို့တွေ လဲ တောင်ပေါ်မြို့များကလွဲရင် သိပ်မထူးပါ ၃၈-၃၉ ဝန်းကျင်တွေ ဖြစ်လာကြတာတွေ့ရ ပါတယ်။ အပူဒဏ်ကို သတိထားကြပါ” ဟု ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ ပေါင်း ၃၇ မြို့၏ နှစ်အလိုက်အပူဆုံးနေ့များ ၏ ပြောင်းလဲမှုအလားအလာကို လေ့လာ တွက်ချက်မှုများအရ မြို့ပေါင်း ၃၂ မြို့တွင် ၁၀ စုနှစ် အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေ သည်ကို တွေ့ရကြောင်း၊ အညာဒေသများတွင် ၁၀ စုနှစ် အလိုက် နေ့အပူချိန်မြင့်တက်လာ သည်ကိုသိသာထင်ရှားစွာတွေ့ရကြောင်း သိ ရသည်။

အပူချိန်မြင့်တက်မှုကြောင့်သတိထားရမည့် ကျန်းမာရေးသတိပေးချက်

အပူချိန်မြင့်တက်လာမှုကြောင့် နောက် ဆက်တွဲသတိထားရမည့် ပြသာနာမှာ ကျန်း မာရေးဆိုင်ရာပြသာနာများပင်ဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်း နှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တ ရာယ် တစ်ရပ်မှာ အပူလျှပ်ခြင်း (ံနအျေအမသုန) ဖြစ်သည်။

ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက် မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ် ပွားတတ်သည်။ အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည့် အခြေအနေမျိုးဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက် ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီး သွားစေနိုင်ပြီး ကုသမှုခံယူရန် နှောင့်နှေးလေ လေ ထိခိုက်ပျက်စီးခံရနိုင်ခြေ များလေလေ ဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တ ရာယ်ရှိသည်။

အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ အပူလွန်ကဲသော ပတ်ဝန်းကျင် နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း၊ အ ရက်သောက်ခြင်း၊ ဆုံးရှုံးသွားသော ရေဓာတ် များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ ဖြစ်သည်။

မည်သူမဆို အပူလျှပ်ခြင်း  ဖြစ်နိုင်သော် လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အ ချက်များမှာ အသက်အရွယ် (အပူဒဏ် ခံနိုင် စွမ်းသည် ဗဟိုအာရုံကြောစနစ်အပေါ်မူ တည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ်ယို ယွင်းပျက်စီးလာနိုင်ကြောင်း၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန် ပြောင်း လဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးကြောင်း သိရသည်။

ထို့ပြင် ပူပြင်းသော ရာသီဥတု၌ ပြင်း ထန်စွာလှုပ်ရှားခြင်း ဥပမာ- ပူပြင်းသော ရာသီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင် ခြင်းတို့ဖြစ်ကြောင်း၊ ရုတ်တရက် ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း၊ အဲယားကွန်းမရှိ ခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင် သော်လည်း တစ်လျှောက်လုံး ပူပြင်းသော ရာသီဖြစ်ပါကအဲယားကွန်းသည်သာ အပူကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်)၊ ဆေး ၀ါးများ (အချို့သောဆေးဝါးများက ခန္ဓာ ကိုယ်၏ ရေဓာတ်ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေး များ၊ သွေးကျဆေးများ၊ ဆီးဆေးများနှင့် စိတ် ကျရောဂါအတွက် သုံးသောဆေးများကို သတိထား သုံးစွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းင်းအပြင်အဝလွန်သူများ၊ ယခင် က အပူလျှပ်ခြင်း ဖြစ်ဖူးသူများနှင့် နာတာ ရှည် ရောဂါများဖြစ်သည့် နှလုံး (သို့) အဆုတ် ရောဂါ ခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။

အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများ မှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီ ဂရိတ်နှင့် အထက်သည် အပူလျှပ်ခြင်း၏ အဓိက လက္ခဏာဖြစ်သည်)၊ စိတ်အခြေအ နေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊  စကား မပီခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်း များ ဖြစ်ပွားနိုင်သည်)၊ ချွေးထွက်မှုပုံစံပြောင်း ခြင်း (ရာသီဥတုပူ၍ ဖြစ်ပွားသော အပူလျှပ် ခြင်း၌ အရေပြားသည် ပူ၍ခြောက်သွေ့နေ တတ်ပြီး လေ့ကျင့်ခန်းကြောင့် ဖြစ်ပွားပါက အရေပြားသည် စိုစွတ်နေတတ်သည်)၊ ပျို့ ခြင်းနှင့်  အော့အန်ခြင်း၊ အရေပြား နီမြန်းလာ ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန် ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြောင်း သိရ သည်။

ယင်းသို့ အပူလျှပ်ခြင်း ဖြစ်ပွားသူအား အိမ်၌ကုသ၍ မလုံလောက်နိုင်ကြောင်း၊  ရောဂါလက္ခဏာ များပြားပါက အရေးပေါ် ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း သိရ သည်။

ယင်းသို့ ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ ကာလတွင် အပူလွန်ကဲသူအား အေးသွားစေ ရန် အရိပ်ထဲ (သို့) အဲယား ကွန်းရှိသောနေရာ (သို့) အိမ်ထဲသို့ ချက်ချင်းခေါ်လာရမည် ဖြစ် ကြောင်း၊ ရေအေးဖြင့် ရေချိုးပေးခြင်း (သို့) ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ရမည်ဖြစ် ကြောင်း၊ ရေငွေ့ ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့အား ရေစိုဝတ်ဖြင့် အုပ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ကြောင်း၊ ရေဓာတ် ပြန်လည် ဖြည့်တင်းရန် ရေများများသောက်ရမည်ဖြစ် ကြောင်း၊ ချွေးထွက်များပါက ဆားဓာတ်ဆုံးရှုံး နိုင်သဖြင့် ဓာတ်ဆားသောက်သုံးရမည်ဖြစ် ကြောင်း သိရသည်။

အပူလျှပ်ခြင်းကဲ့သို့ ရှောင်လွှဲမရနိုင် သည့့် အခြားကျန်းမာရေးတစ်ခုမှာ နေရောင် ခြည်ကြောင့် အရေပြားထိခိုက်မှုများဖြစ်သည်။

ပုံမှန်အခြေအနေများတွင် နေရောင်ခြည် မှထွက်ပေါ်လာသည့် ခရမ်းလွန်ရောင်ခြည် အား လေထုထဲကအိုဇုန်းလွှာက ကာကွယ်ပေး ထားခြင်းဖြစ်သည်။

သို့သော် သက်ရင့်ရုပ်ကြွင်း (ရေနံ၊ ကျောက်မီးသွေး)အလွန်အကျွံသုံးစွဲခြင်း၊ တောမီးလောင်ခြင်း လူသားတို့ ကလိုရိုဖလူရို ကာဗွန်များဖြစ်တဲ့ အဲကွန်း၊ ရေခဲသေတ္တာ ဓာတ်ငွေ့ဖြည့်ခြင်း၊ ဖျက်မင်၊ လက်သည်းချွတ် ဆေး၊ ရင်ကျပ်ရှုဆေးတို့ အမြောက်အမြား သုံးစွဲလာကာ လေထုထဲက အိုဇုန်းလွှာပေါက် ပြဲလာပြီး ခရမ်းလွန်ရောင် ခြည် ကမ္ဘာမြေကိုကျ ရောက်စေသည်။

ခရမ်းလွန်ရောင်ခြည်မှာ ညပိုင်းများတွင်  သုညဖြစ်သော်လည်း ပူပြင်းသည့် နေ့အချိန် တွင်မူ ၁ဝမှ ၁၄ ကြား ရှိနိုင်ကြောင်း သိရသည်။

ယင်းကြောင့် ခရမ်းလွန် ရောင်ခြည်မြင့် မားသည့် နံနက် ၁၀ နာရီမှညနေ ၄ နာရီ အ တွင်း နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့ခြင်း ရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေအပြင် ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ် ဆောင်းသင့် ကြောင်း၊ နေရောင်ခံခရင်မ် လိမ်းသင့်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကို တိမ်စွဲ ခြင်းဖြစ်စေကာ အမြင်အာရုံထိခိုက်စေနိုင်သ ဖြင့် ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာ ကွယ်ပေးသည့် နေကာမျက်မှန်များကိုတပ် သင့်ကြောင်း ဆရာဝန်များက အကြံပြုပြော ကြားထားသည်။

မြန်မာနိုင်ငံ၏ အပူဆုံးနွေကာလဖြစ် သည့် ဧပြီလမရောက်မီမှာပင် အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရသော်လည်း စားဝတ် နေရေးအတွက် ရှောင်လွှဲမရကြောင်း အခြေခံ လူတန်းစားများ၏ ပြောကြားချက်များအရ သိ ရသည်။

“ ပူလည်း စားဖို့သောက်ဖို့အတွက် ရှာနေ ရတယ်လေ။ အရိပ်ရတဲ့နေရာကျရင်တော့ နည်းနည်းနားရတာပေါ့။ နားလည်း ခဏပဲနား လို့ရတာပါ။ ပြီးတာနဲ့ အပြင်ထွက်စျေးထပ် ရောင်းရတာပဲလေ” ဟု ရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ်များအတွင်း စျေးလှည့်လည်ရောင်း ချနေသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent