အာဆီယံ ထုတ်လုပ်သူများအကြား မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုအခြေအနေနှင့် စီးပွားရေးအလားအလာ

အာဆီယံ ထုတ်လုပ်သူများအကြား မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုအခြေအနေနှင့် စီးပွားရေးအလားအလာ
Published 2 October 2022

အာဆီယံထုတ်လုပ်သူတို့ထံတွင် လုပ် ငန်းအခြေအနေများ ဆက်လက်တိုးတက်လာကြောင်း S&P Global ၏ အာဆီယံကုန် ထုတ်လုပ်မှုPMI အညွှန်းကိန်းများစစ်တမ်း တွင် ဖော်ပြထားသည်။

အဓိကအကျဆုံးPMI မှာ သုံးလအတွင်း အမြင့်ဆုံးတွင်ရှိနေခြင်း၊ ထုတ်လုပ်မှုနှင့်အော် ဒါအသစ်များ သြဂုတ်လတွင် ပိုမိုလျင်မြန်စွာ တိုးလာနေခြင်း၊ အကောင်းမြင်မှုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးသို့ မြင့်တက် လာခြင်းတို့ဖြစ်သည်။

S&P Global PMI၏ နောက်ဆုံးဒေ တာအရ အာဆီယံထုတ်လုပ်ရေးကဏ္ဍတစ် ဝန်းက ထုတ်လုပ်မှုအခြေအနေမျး ၁၁လ မြောက် တိုးတက်လာကြောင်း အချက်ပြနေ သည်။ ထုတ်လုပ်မှုပမာဏများနှင့် စက်ရုံများ ၏ အော်ဒါအသစ်များ ပိုမိုလျင်မြန်စွာ ဦးမော့ လာမှုက တိုးတက်လာရေးကို ပ့ံပိုးပေးခဲ့သည်။

အဓိကအကျဆုံး PMIအညွှန်းကိန်းမှာ သြဂုတ်လတွင် ၅၂ ဒသမ ၃ ၌ မှတ်တမ်းတင် ဖြစ်ခဲ့ရာ ဇူလိုင်လ၏ ၅၂ ဒသမ ၂မှမြင့်တက် လာခြင်းဖြစ်ပြီး တိုးတက်မှုအစဉ်ကို ၁၁ လ မြောက်သို့ ဆွဲဆန့်ပေးလိုက်သည်။ထို့ပြင် နောက်ဆုံးအညွှန်းကိန်းက အာဆီယံထုတ် လုပ်ရေးကဏ္ဍ၏အခြေအနေအခိုင်အမာ တိုးတက်လာမှုကို ညွှန်ပြနေခဲ့သည်။

အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် ခြော က်နိုင်ငံက သြဂုတ်လတွင် လုပ်ကိုင်မှုအခြေအ နေများ တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြ ပြီး စင်ကာပူက အမြန်ဆုံးဦးမော့မှုဖြင့် ၉လ ဆက်တိုက် တိုးတက်လာခဲ့သည်။

ထိုင်းထုတ်လုပ်သူတို့ကမူ ဒုတိယအမြန်  ဆုံးတိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြကြောင်း ၊  ဗီယက်နမ်နိုင်ငံသည်လည်း နောက်ဆုံးစစ် တမ်းကာလထဲတွင် လုပ်ငန်းအခြေအနေများ ပိုမိုလျင်မြန်စွာတိုးတက်လာမှုကို ပြသလာ နိုင်ရာ လက်ရှိတိုးတက်မှုအစဉ်ကို ၁၁လသို့ ဆွဲဆန့်ပေးလိုက်သည်။

အင်ဒိုနီးရှားထုတ်လုပ်သူတို့ကပါ အသင့် အတင့်သော တိုးတက်မှုကို ပြသခဲ့ကြပြီး လက် ရှိတိုးတက်မှုအစဉ်ကို ၁၁ လသို့ ဆွဲဆန့်လိုက် ကြသည်။အလားတူ ဖိလစ်ပိုင်ကပါ လုပ်ငန်း အခြေအနေများ တိုးတက်မှုကို အစီရင်ခံခဲ့ ကြသည်။

မလေးရှားထုတ်လုပ်သူတို့က အဓိကအ ကျဆုံးအညွှန်းကိန်းကို ကြားနေအမှတ် ၅၀.၀ အထက် ၅၀.၃တွင် ငါးလဆက်တိုက်မှတ် တမ်းတင်လိုက်ကြကြောင်း သိရသည်။

သြဂုတ်လတွင် ထုတ်လုပ်မှုအခြေအနေ ပိုဆိုးလာခြင်းကို ပြသခဲ့သည့်တစ်ခုတည်း သော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေး လဆက်တိုက် ဆုတ်ယုတ်မှုကို မှတ်တမ်းတင် ခဲ့သည်။ အဓိကအကျဆုံးအညွှန်းကိန်း ၄၆.၅ မှာ ယခင်လအတိုင်း မပြောင်းမလဲရှိနေခဲ့ပြီး  သိသာသည့်ကျဆင်းမှုကို ထောက်ပြနေသည် ဟု ဖော်ပြထားသည်။

“သြဂုတ်ဒေတာက အာဆီယံထုတ်လုပ် ရေးကဏ္ဍ တစ်ရပ်လုံးအသင့်အတင့်တိုးတက် လာမှုကို ထပ်ပြီး အချက်ပြနေပါတယ်။ထုတ် လုပ်မှုပမာဏများနဲ့ အော်ဒါအသစ်များရရှိ မှု မြင့်တက်လာမှုကြောင့် ကုမ္ပဏီများက ဝန် ထမ်းများကို တိုးခန့်လျက် လက်ကျန်သိုလှော င်ကန်များကို မြှင့်တင်လာခဲ့မှုကို ပြသနေပါ တယ်”ဟု အာဆီယံထုတ်လုပ်မှု PMI ဒေတာ ကို သုံးသပ်လျက် S&P Global Marker Intelligence  မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

ခြုံကြည့်လျှင် အာဆီယံထုတ်လုပ်ရေး ကဏ္ဍသည် သြဂုတ်လတွင် အသင့်အတင့်တိုး တက်မှုကို မှတ်တမ်းတင်ခဲ့သည်။ ထုတ်လုပ်မှု ထဲတွင် လက်ရှိဦးမော့မှုမှာ ဧပြီလမှစပြီး မှတ် တမ်းတင်ခဲ့သည့်အထဲ၌ အမြန်ဆုံးဖြစ်လာ ကြောင်း၊ တစ်ချိန်တည်းမှာပင် အော်ဒါမှာယူ မှု ပမာဏများမှာ လေးလအတွင်း အမြန်ဆုံး နှုန်းဖြင့် တိုးလာခဲ့သည်။

လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ မြင့် တက်လာသည်နှင့်အမျှ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းရှိ ကုမ္ပဏီများအား နှစ်လဆက်တိုက် ဝန်ထမ်းမျာကို တိုးပြီး ငှားရမ်းလာစေခဲ့သည်။ သို့သော်လည်း အလုပ်နေရာသစ်ဖန်တီးမှုနှုန်း မှာမူ ဇူလိုင်လ၏နှုန်းထက် အားပျော့သွားပြီး  ခြုံကြည့်လျှင် အသင့်အတင့်မျှသာရှိခဲ့သည်။

ထုတ်လုပ်ရေးကုမ္ပဏီများသည် ထုတ် လုပ်မှုပမာဏများ မြင့်တက်လာချိန်တွင် လက် ကျန်ပစ္စည်းများကို တိုးပြီး စုစည်းလိုခဲ့ကြ သည်။ သြဂုတ်လတွင် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ထားမှု နှစ်မျိုးစ လုံး တိုးလာခဲ့သည်။ထို့ပြင် ကုန်ချောများ သို လှောင်ထားမှုမှာ စံချိန်တင်အားအကောင်း ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။

“ခြုံပြောရရင် အာဆီယံနိုင်ငံများအ ကြားမှာ စျေးဝယ်များဖက်က ဝယ်လိုအား  အားကောင်းလျက်ရှိနေပါတယ်။ သို့သော် လည်း ငွေကြေးဖောင်းပွမှုမြင့်တက်မှုနောက် ပိုင်းမှာ တွေ့မြင်ရတတ်တဲ့အတိုးနှုန်းတိုးမြှင့် မှုကြောင့် လာမယ့်လများအတွင်းမှာ ဝယ် လိုအားအတွက် စိန်ခေါ်မှုများ ပေါ်လာနိုင်ပြီး လျော့ကျသွားဖွယ်ရှိပါတယ်”ဟု ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ ၁၁ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း၊ စက်ရုံများ ရရှိသည့်အော်ဒါများ လေးလဆက်တိုက် ကျဆင်းလာကြောင်း စက်တင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် S&P Global  မြန်မာ ကုန်ထုတ်လုပ်မှု PMI အညွှန်း ကိန်း  များ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍသည် သြဂုတ်လတွင် လေးလ ဆက်တိုက်ကျ ဆင်း လာခဲ့သည်။ ထုတ်လုပ်မှုနှင့်အော်ဒါမှာယူမှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာ ခဲ့ မှုကြောင့် ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်တမ်းတွင် ပါဝင်ဖြေကြား သူတို့က ပစ္စည်းများနှင့်စွမ်းအင် ပြတ်လပ်မှုများက ထုတ်လုပ်မှုကို  နောက်သို့ ပြန်ဆွဲခဲ့ကြသည်ဟုဆိုကြောင်း ဖော်ပြထား သည်။

ထို့ပြင် စျေးနှုန်းဖိအားပေးမှုများ ပြင်းထန်လာခဲ့သောကြောင့် ရောင်းစျေးများ တဟုန်ထိုးမြင့်တက် လာခဲ့ရာ စျေးဝယ်များထံတွင် ဘဏ္ဍာ ရေးအခက်အခဲရှိလာခြင်းဖြင့် ဝယ် လိုအားအပေါ် လေးလံစွာ သက် ရောက်ခဲ့ သည်။

“သြဂုတ်လဒေတာက မြန်မာ နိုင်ငံ ထုတ် လုပ်ရေးကဏ္ဍတစ်ဝှမ်း မှာ အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသ နေပါတယ်။ စစ်တမ်းထဲ ပါဝင်ခဲ့ကြတဲ့ လုပ် ငန်းများကို လေ့လာကြည့်ရင် ငွေကြေးဖောင်း ပွမှုနှင့် ကုန်ကြမ်း ပြတ်လပ်မှုက ထုတ်လုပ်မှုကို နောက် ပြန်ဆွဲနေခဲ့ကြတယ်။ နိုင်ငံရေးမရေ ရာမှုနဲ့ ကိုဗစ်-၁၉ က နိုင်ငံရဲ့ စီးပွား ရေး လုပ် ငန်းတွေအပေါ် လေးလံစွာ ဖိစီးနေကြတယ် ဆိုတော့ လာမယ့်လများအတွင်းမှာ ဒီကဏ္ဍထဲက နောက် ဘက်သို့ ဆွဲနေကြတဲ့အားတွေ အားပျော့သွားကြမယ်မထင်ရပါဘူး”ဟု S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် Maryam Baluch က ပြော ကြားခဲ့သည်။

ကျပ်ငွေတန်ဖိုးလျော့ကျသွား ခြင်း၊ ကုန်ကြမ်းကွင်းဆက်ပြတ် တောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့် တက်လာမှု အကျိုး ဆက်များကြောင့် သွင်းကုန်အမျိုးအ စားများစွာ စျေးနှုန်းကြီးမြင့်လာခဲ့ သည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံခြား ငွေကြေးစျေးကွက်မတည်ငြိမ်မှု၊ ရွှေစျေးအ တက်အကျ ကြမ်း နေမှု၊ စက်သုံးဆီစျေးနှုန်းများ မြင့် တက်မှုတို့က စားသုံးသူများနှင့် ပြည် တွင်း စျေးကွက်အပေါ် ဂယက်ကြီးစွာ  ရိုက်ခတ်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းအများစု အ ရောင်းအဝယ် ရပ်ဆိုင်းထားကြကြောင်း စျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

 သြဂုတ် ၃၁ ရက်က ပြင်ပ စျေး ကွက်တွင် တစ်ဒေါ်လာ ကျပ် ၄၃၀၀ အထိ မြင့်တက် ခဲ့သည့် နိုင်ငံ ခြားငွေ လဲနှုန်းမှာ စက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ဝန်း ကျင်၊ စက်တင်ဘာ ၂ရက် နံနက် ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၃၀၀ ဝန်းကျင်အထိ ပြန်လည်ကျ ဆင်းလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ နှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၂၀၄၅ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာပြီး သြဂုတ် ၃၁ရက်တွင် အမြင့် ဆုံး ကျပ် ၄၁၀၀ သို့ ရောက်ရှိခဲ့ရာမှ စက် တင် ဘာ ၂၉ ရက်တွင် ကျပ်၂၉၅၀ သို့လည်း ကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင်ကျပ် ၂၇၀၀-၂၈၅၀ သို့ ကျဆင်းလာကြောင်း တွေ့ ရှိရသည်။ ၂၀၂၂ ခုနှစ် သြဂုတ်လကုန်တွင် ငွေလဲလှယ် နှုန်းလွန်စွာမြင့်မားမှုသည် ဖြစ်သင့်သည့် နှုန်း ထက် ပိုမိုမြင့်မားခဲ့ခြင်းဖြစ်ပြီ း စျေးကွက်အ တွင်း အမေရိကန်ဒေါ်လာ စျေး ကစားသူများမှ အုပ်စုဖွဲ့၍ စျေးကစား မှုများကြောင့်လည်း ကောင်း၊ သတင်းမီဒီယာများမှ အမေရိကန် ဒေါ်လာသည် ကျပ် ၅၀၀၀ ခန့်ထိ မြင့်တက် မည် ဟု ရေးသားချက်များကြောင့်လည်း ကောင်း၊ ပြည်သူများအနေဖြင့် စျေးတက်မည်ကို စိုးရိမ် ၍ လက်ရှိနှင့် အနာဂတ်ပေးချေမှုများအတွက် ကြိုတင်ဝယ်ယူမှုများကြောင့်လည်းကောင်း ငွေလဲလှယ်နှုန်းသည် ဖြစ်သင့်သည်ထက် ပို မိုမြင့်မားခဲ့ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ USD Index ပြောင်းလဲမှု၊ မြန်မာနိုင်ငံ၏ကုန်သွယ် မှုလိုငွေအခြေအနေ၊အမေရိကန်ဒေါ်လာစီးဝင်/စီးထွက်မှုအခြေအနေစသည့်ကိန်းရှင် များအပေါ် အခြေခံ၍ လေ့လာဆန်းစစ်ချက် များအရ အမေရိကန်တန်ဖိုးမြင့်တက်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် နှစ်ဆ ကျော်ခန့်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ ခန့်မှန်းတွက်ချက်မှုများအပေါ် အခြေခံ၍ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ခြောက်လတာကာလအတွင်း အ မေရိကန်ဒေါ်လာမှာ ၁၄ ရာခိုင်နှုန်းတန်ဖိုး မြင့်တက်ခြင်းကြောင့် မြန်မာကျပ်ငွေ ၂၈ ရာ ခိုင်နှုန်းခန့် တန်ဖိုးကျဆင်းမည်ဟု ယူဆခန့် မှန်းတွက်ချက်ပါက အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် အမေရိကန်တစ် ဒေါ်လာလျှင် ကျပ် ၂၆၁၇-၂၆၅၅ ခန့်ရှိမည် ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြီးခဲ့သည့် စက်တင်ဘာလဆန်းက ခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိငွေလဲနှုန်း မြင့်တက်မှုသည် ဖြစ်သင့် သည့်နှုန်းထက် မြင့်တက်နေကြောင်း သိရှိ သဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရန်အတွက်  နိုင်ငံခြားငွေကြေးစျေးကွက်သို့ အမေရိကန် ဒေါ်လာပံ့ပိုးပေးနိုင်ရန် ဘဏ်များသို့ FX Swap Bank to Bank Facility အရ  စက် သုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ် လာထုတ်ချေးပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးမှ သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာများဝင်ရောက်စေရန် နှင့် နယ်စပ်ကုန် သွယ်မှုတွင် ဘဏ်လုပ်ငန်းစနစ် ပိုမိုတွင်ကျယ် စွာ အသုံးပြုနိုင်ရေးနှင့် ယွမ်၊ ထိုင်းဘတ်ငွေများ ပြန်လည်ဝင်ရောက်စေရန် ကြပ်မတ်ဆောင် ရွက်ခြင်း၊ အဓိကမဖြစ်မနေတင်သွင်းရမည့် သွင်းကုန်များအနက် အမေရိကန်ဒေါ်လာဦး စားပေး ရောင်းချပေးခြင်း၊ အစိုးရချင်း ပို့ကုန် တင်ပို့မှုများတွင် လိုအပ်သော Export Earning ပေးနိုင် ရေးအတွက် လိုအပ်သည့်ညှိနှိုင်းမှုများ ပြု လုပ်ပေးခြင်း၊ သွင်းကုန်အပါအဝင် အမေရိ ကန်ဒေါ်လာဖြင့် ပေးချေမှုများအား အခြား ငွေကြေး(ယွမ်၊ဘတ်)များဖြင့် ပေးချေနိုင်ရေး အတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အား ညှိနှိုင်းစေခြင်း၊ FX Inflow/Outflow  အခြေအနေများအား လေ့လာသုံးသပ်လျက် လိုအပ်သောမူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆောင်ရွက်လျက်ရှိသဖြင့် အမေရိကန်ဒေါ် လာမှာ တဖြည်းဖြည်း ကျဆင်းပြီး ဖြစ်သင့် သည့်နှုန်းထားသို့ တဖြည်းဖြည်းရောက်ရှိ လာမည်ဖြစ်ကြောင်း သုံးသပ်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP)နှစ်ရာ ခိုင်နှုန်းတိုးတက်မှုရှိကြောင်းနှင့် အာ ဆီယံဒေသအတွင်း စီးပွားရေးတိုး တက်မှုအနိမ့်ဆုံးဖြစ်နေကြောင်း ဖော် ပြထားသည်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအနေဖြင့် အ နှုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ ပြီး၂၀၂၂ ခုနှစ် ဧပြီတွင်   အနှုတ် ၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။

သို့သော်လည်း စက်တင်ဘာတွင် ကုန် ဆုံး မည့်၂၀၂၂ ဘဏ္ဍာ နှစ်တွင် GDP နှစ်ရာ ခိုင်နှုန်းတိုးတက်လာကြောင်း ဖော်ပြထား သည်။

အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအနေ ဖြင့် ၂၀၂၂ ခုနှစ် တွင်  ဗီယက်နမ်နှင့် ဖိ လစ်ပိုင်က  ၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှရပ် တည်နေ ကြောင်း၊ မလေးရှားက ခြောက်ရာခိုင်နှုန်း၊ အင်ဒိုနီးရှား က ၅ ဒသမ ၄ ရာခိုင် နှုန်း၊ ကမ္ဘော ဒီးယားက ၅ ဒသမ ၃ ရာခိုင်နှုန်း၊ စင်ကာပူက ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၂ ဒသမ ၉ ရာခိုင်နှုန်း၊လာအိုနိုင်ငံက ၂ ဒသမ ၅ ရာခိုင်နှုန်း၊ တီမောက ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက နှစ် ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ် ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ ်ADB  ၏ အစီရင်ခံစာတွင် ဖော် ပြထားသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင်မူ  မြန်မာနိုင်ငံ ၏ စီးပွား ရေးတိုးတက်မှု နှုန်း  GDP သည် ၂ ဒသမ ၆ တိုး တက်မည်ဟုလည်း ခန့်မှန်းထား ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent