တောင်ကြီးမြို့မှ နှစ်တစ်ရာကျော်သက်တမ်းရှိသည့် စေတီတော်များ

တောင်ကြီးမြို့မှ နှစ်တစ်ရာကျော်သက်တမ်းရှိသည့် စေတီတော်များ
​​​​​​​ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ်ကို ဖူးတွေ့ရစဉ်
​​​​​​​ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ်ကို ဖူးတွေ့ရစဉ်
Published 3 March 2024

တောင်ကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူအကြောင်းကို ဖော်ပြခဲ့ပြီး နောက် နှစ်ပေါင်းတစ်ရာကျော် သက်တမ်း ရှိသော ရှေးဟောင်းစေတီတော်များကို ဆက် လက်ဖော်ပြသွားပါမည်။

တောင်ကြီးမြို့ရှိ ရပ်တော်မူဘုရားကြီးမှာ ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း ၁၁၂ နှစ် ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။ အလားတူ ဆုတောင်း ပြည့် အောင်တော်မူစေတီတော်သည်လည်း မူလဌာနတိုက်ထည့်သွင်းချိန် ၁၂၈၈ ခုနှစ် ဟု ဖော်ပြထားသဖြင့် ၉၅ နှစ် နီးပါး သက်တမ်း ကြာမြင့်ပြီဖြစ်သည်။

တောင်ကြီးမြို့ရှိ နှစ်သက်တမ်းတစ်ရာ ကျော်ရှိသော စေတီတော်တစ်ဆူမှာ နဂါး တောင်တန်းပေါ်တွင် တစ်မူထူးခြားတည် ထားသော ရွှေမုဋ္ဌောစေတီတော်ပင် ဖြစ်သည်။ (နောက်များမှ ဖော်ပြသွားပါမည်)

ရပ်တော်မူဘုရားကြီး သမိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှိ ရပ်တော်မူဘုရားကြီး သမိုင်းအကျဉ်းချုပ်မှာ သာသနာတော်နှစ် ၂၄၅၃ နှစ်၊ ကောဇာ သက္ကရာဇ် ၁၂၇၁ ခုနှစ် တွင် စောတစ်ပထီးလား က စေတီငယ်တစ်ဆူကို ဦးစွာတည်ထားကိုး ကွယ်ထားခြင်း ဖြစ်သည်။

ရပ်တော်မူကုန်းကို ယခင်က နန်းထီးလား ကုန်းဟုခေါ်ပြီး ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ် ကျိုင်းတုံ ခေမာရဋ္ဌတိုင်း စော်ဘွားကြီး ၏ သမီးတော်၊ ညောင်ရွှေစော်ဘွားကြီး ဆာ စောမောင်၏ မွေးစားသမီးတော် စောတစ်ပ ထီးလားက ယခု ရပ်တော်မူရုပ်ပွားတော်မြတ် ကြီး စံပယ်တော်မူရာနေရာတွင် စေတီတော် တစ်ဆူ ဦးစွာတည်ခဲ့သည်။ နှစ်အနည်းငယ် အကြာတွင် မသမာသူတို့က စေတီငယ်၏ ဌာ ပနာ ဖောက်ထွင်းခံလိုက်ရသဖြင့် စောနန်းပ ထီးလားက နောက်ထပ်စေတီငယ်တစ်ဆူ တည်ရန် ပြင်ဆင်နေစဉ် ရသေ့ကြီး ဦးခန္တီ ရောက်ရှိလာပြီး စေတီငယ်ကို မသမာသူတို့၏ ဖောက်ထွင်းခံရမည့်ဘေးမှ လွတ်ကင်းရန် ဉာဏ်တော်မြင့်သော ရပ်တော်မူရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရသေ့ကြီး  ဦးခန္တီသည် ရပ်တော်မူ ရုပ်ပွား တော်မြတ်ကြီးကို သာသနာတော်နှစ် ၂၄၆၁ နှစ်၊ မြန်မာသက္ကရာဇ် ၁၂၇၉ တွင် တည်ထား ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုစဉ်အချိန်က ရပ်တော်မူဘုရားကြီး ဆင်းတုတော်ကို သံ ပေါင်၊ သံတန်းများဖြင့် အခိုင်အမာတည် ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဗိသုကာ လက်ရာကို အံ့သြဖွယ်မျှ လေ့လာကြည့်နိုင် ပေသည်။

ရပ်တော်မူရုပ်ပွားတော်မြတ် အရှေ့ညာ ဘက်ခြေရင်းတွင်  ငှက်ပျောဖူးကျောက်စာ တိုင်ရှိသည်။ သာသနာတော်နှစ်  ၂၄၆၁ နှစ်၊ မြန်မာသက္ကရာဇ် ၁၂၇၉ ခု၊ သောကြာနေ့ နံနက်မွန်းတည့်ကျော်အချိန်တွင် စာတိုင် တည် သည်။ စေတီတော် ခေမာရဋ္ဌတိုင်း၊ ကျိုင်းတုံ သမီးတော် ညောင်ရွှေသမီးတော်ဖြစ်သူ စော တစ်ပထီးလား ကောင်းမှုရေးထိုးထားသည်။

ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးမှာ ခြေ ဖျားတော်မှ ဆံတော်အထိ ၃၁ ပေ ၆ လက်မ၊ မျက်လုံးတော် ၈ လက်မ၊ မျက်ခုံးတော် ၁ ပေ ၆ လက်မ၊  နှာခေါင်းတော် ၁ ပေ ၆ လက်မ၊ နား ရွက်တော် ၂ ပေ ၁ လက်မ၊ နှုတ်ခမ်းတော် ၁ ပေ  ၆ လက်မ၊ နဖူးသင်းကျစ်မှ မျက်နှာတော် ၂ ပေ ၄ လက်မ၊ လက်မတော် ၂ ပေ ၁၁ လက်မ ရှိကြောင်းသိရသည်။

ရပ်တော်မူရုပ်ပွားတော်မြတ်ကြီး စံပယ် တော်မူရာ ကျောင်းတိုက်မှာ ရင်ပြင်အကျယ် အရှေ့ အနောက် ၁၀၈ ပေ၊ တောင်မြောက် ၉၅ ပေ ရှိသည်။

ရသေ့ကြီးဦးခန္တီ တည်ထားခဲ့သော ရပ် တော်မူဘုရားကြီး အဆောက်အအုံကို ၁၃၄၄ ခုနှစ်တွင် ကျောင်းတော်ကြီးကို ပြန်လည်တိုး ချဲ့ခဲ့သည်။ ၁၃၅၇ ခုနှစ်တွင် ရပ်တော်မူ ရုပ် ပွားတော်မြတ်ကြီး စံပယ်ရာကျောင်းတော်ကြီး ၏ မုခ်ဦးနှင့် အုတ်တံတိုင်း ပြုပြင်သည်။ ၁၃၅၈ ခုနှစ်တွင် ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်သည်။၁၃၅၉ ခုနှစ်မှ စတင်၍ ယနေ့ အချိန်ကာလအထိ ရွှေစေတီ၊ ငွေစေတီ၊ ကျိုက်ထီးရိုးဘုရား၊ တံခွန်တိုင် စိုက် ထူခြင်း၊ ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ပုံတော်ရုပ်တု များ တည်ထားကိုးကွယ်ခြင်းများ ဆောင်ရွက် ခဲ့သည်။

အံ့သြဖွယ်ရာ လက်ရာမြောက် ရပ်တော် မူဘုရားကြီးသည် ဂျပန်ခေတ် ဗုံးများကြဲချရာ ဘုရားကြီးကို လုံးဝ ဗုံးဆန်ထိမှန်ခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ ရပ်တော်မူဘုရားကြီးသို့ နိုင်ငံခြားသားများ လာရောက်ဖူးမြော်လေ့ရှိ ကာ ဘုရားကြီးတွင် ရေးထိုးခဲ့သော ဂျပန်စာ များကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါ ရပ်တော်မူဘုရားကြီး သင်္ကန်း အောက်ခြေနှင့် ဘေးဘယ်ညာတို့တွင် (ဓား မြောင်)ဘက်နက်ဖြင့် ရေးထွင်းခဲ့သော ဂျပန် စာများကို ယနေ့တိုင်မြင်တွေ့နိုင်သည်။ ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ပြောပြချက်အရ ရပ်တော်မူဘုရားကြီး အောက် ခြေတွင် ဂျပန်များ ပုန်းအောင်းခဲ့ကြောင်း၊ အင်္ဂလိပ်များက လေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ အသက်ဘေးမှ လွတ်မြောက်ခဲ့သဖြင့် ဂျပန်စာ များ ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။              ထိုရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး အောက်တွင် ဂျပန်များ ရက်အတန်ကြာအောင် ပုန်းအောင်းခဲ့သည်ဟု မြို့ခံလူကြီးများထံမှ သိရသည်။

ဆုတောင်းပြည့် အောင်တော်မူ စေတီတော် (ခ) လွမ်းစေတီဦး

ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး တည် ထားပြီးစီး၍ ရေစက်သွန်းချချိန်တွင် ကျိုင်းတုံ ခေမာရဋ္ဌတိုင်းစော်ဘွားကြီး၏ သမီးတော်၊ စောတစ်ပထီးလား စိတ်တွင် ယခင် စေတီငယ် ကို သတိရလျက်ရှိသည်ကို ရသေ့ကြီးဦးခန္တီက သိရှိတော်မူသဖြင့် ရပ်တော်မူရုပ်ပွားတော် မြတ်ကြီးတောင်ဘက် တောင်ကုန်းပေါ်တွင် စေတီငယ်တစ်ဆူကို တည်ထားကိုးကွယ်တော် မူသည်။

ထိုစေတီငယ် တည်ထားကိုးကွယ်ချိန်မှ စောတစ်ပထီးလား၏ စေတီကို သတိရစိတ် ကွယ်ပျောက်ခဲ့သည်။ ထိုလွမ်းစေတီဦးဟု ခေါ်ဆိုသော ဆုတောင်းပြည့် အောင်တော်မူ စေတီတော်မှာ ရပ်တော်မူရုပ်ပွားတော်မြတ် ကြီး၏ မလှမ်းမကမ်းတွင် တည်ရှိသည်။ လွမ်း စေတီသည် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဝတ္ထု ရှည်ထဲတွင် လွမ်းစေတီအကြောင်းကို ထည့် သွင်း ဖော်ကျူးထားသဖြင့် လူအများသိပြီး ဖြစ်လိမ့်မည်။

ဆုတောင်းပြည့် အောင်တော်မူစေတီ တော် မှတ်တမ်းစာအုပ်ငယ်တွင် ဖော်ပြထား သည်မှာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ကျိုင်းခမ်း သခင်ကြီး စောနန်းထီးလား ဘုရားအစ်မပြု၍ ယခု ရပ်တော်မူကိုယ်စားတော် ရန်အုတ်မြစ် နှင့်တကွ ဌာပနာတိုက်ကို တည်ထားတော်မူခဲ့ သည်။ အစောင့်အရှောက်မရှိသဖြင့် နောင်အ ခါ သူခိုးဓားပြများက ဌာပနာတိုက်ကို ဖျက်ဆီး ၍ ကျောက်မျက်ရတနာ ရွှေငွေများကို ခိုးယူ သွားခဲ့ကြောင်း သိရသည်။

မဏိရတနာ ဓာတုစေတီခေါ် ဆုတောင်း ပြည့် အောင်တော်မူစေတီတော်ရှိ ဌာပနာ တိုက် ထည့်သွင်းသောအချိန်ကာလသည် ၁၂၈၈ ခုနှစ်နှင့် ၁၂၈၉ ခုနှစ် ကြားကာလတွင် ဖြစ်ပေလိမ့်မည်ဟု ထိုစာအုပ်တွင် ဖော်ပြထား သည်။

ရပ်တော်မူဘုရားကြီး မှတ်တမ်းအရ ရပ် တော်မူရုပ်ပွားတော်မြတ်ကြီး ရေစက်ချပွဲ တွင် မူလစေတီတော်ကို သတိရသဖြင့် တည်ထား ကိုးကွယ်သည်ဟု ဖော်ပြထားချက်အရ ၁၂၇၉ ခုနှစ်၊ ၁၂၈၀ ခုနှစ် နောက်ပိုင်းတွင် စတင်၍ ဘုရားတည်ခြင်း ဖြစ်နိုင်သည်ဟု စာရေးသူ ယူဆမိသည်။ အောင်တော်မူစေတီတော် သမိုင်းစာအုပ်၌ ဖော်ပြထားသည်မှာ ဖောက် ထွင်းခံရာမှ ကျန်ရှိသော ဓာတ်တော်၊ မွေတော် များကို သက္ကရာဇ် ၁၂၉၅ ခုနှစ်တွင် ဆုတောင်း ပြည့ ်အောင်တော်မူစေတီကုန်းသို့ ပင့်ဆောင် ၍ ရသေ့ကြီးဦးခန္တီနှင့်အတူ မင်္ဂလာရာမ ကျောင်းဆရာတော် အမှူးပြုသော သံဃာ တော်များက ဓာတ်တော်များကို ဌာပနာခဲ့ သည်ဟု ဆိုသည်။

ရပ်တော်မူဘုရားကြီးနေရာတွင် မူလ တည်ထားသော စေတီငယ်ကို လွမ်းဆွတ်တမ်း တသဖြင့် စောတစ်ပထီးလားသည် မလှမ်းမ ကမ်း တောင်ဘက်ကုန်းပေါ်တွင် တည်ထား သော စေတီဖြစ်သောကြောင့် ဆုတောင်းပြည့် အောင်တော်မူစေတီတော်ကို လွမ်းစေတီဟု လည်း ခေါ်ဝေါ်ကြောင်း သိရသည်။

ရပ်တော်မူဘုရားကြီးနှင့် ဆုတောင်းပြည့် အောင်တော်မူစေတီတော် မုခ်ဦးနှစ်ခုသည် လမ်းဆုံနေရာတွင် မျက်နှာချင်းဆိုင် တည်ရှိ သဖြင့် မုခ်ဦးတစ်နေရာနှင့် တစ်နေရာ လှမ်း မြင်နိုင်ပေသည်။

တောင်ကြီးမြို့သည် အင်္ဂလိပ်တို့တည်ခဲ့ သော မြို့ဖြစ်သောကြောင့် အနောက်တိုင်းသား တို့၏ အတွေးအခေါ် အိုင်ဒီယာများ၊ အင်္ဂလိပ် လက်ရာအဆောက်အအုံများ ယနေ့တိုင် ကျန် ရစ်နေသေးသည်။ မြို့အုပ်မင်းနေအိမ်တွင် အိမ်တွင်းမီးလင်းဖိုနှင့် မီးခိုးခေါင်းတိုင် ထည့် သွင်းတည်ဆောက်ထားဟန်မှာ မြန်မာမှု မြန် မာ့ဟန်တို့နှင့်မတူ တစ်မူထူးခြားပေသည်။

တောင်ကြီးမြို့တည်ပြီး  ၁၅ နှစ် အကြာ ၁၉၀၉ ခုနှစ်တွင် ရသေ့ကြီးဦးခန္တီသည် တောင် ကြီးမြို့ကိုရောက်ရှိလာပြီး ပထမဆုံးသော စေ တီတော်အဖြစ် ရပ်တော်မူဘုရားကြီးကို စတင် တည်ထားကိုးကွယ်ခဲ့ကြောင်း ရှေ့မီနောက်မီ လူကြီးများထံမှ ကြားသိရသည်။

ကူလီကုန်း နေထိုင်သူများက အုတ်သယ် ကျောက်သယ် စေတနာများဖြင့် ကူညီပေးခဲ့ သူများကို ရသေ့ကြီး ဦးခန္တီက ပိုက်ဆံပေးရာ ရပ်ကွက်နေ ပြည်သူများက မယူပါကြောင်း၊ ကုသိုလ်ယူခြင်းဖြစ်ကြောင်းပြောဆိုရာ ရသေ့ကြီး ဦးခန္တီက “မင်းတို့ဟာ ကူလီတွေ မဟုတ် ဘူး။ ကူညီတဲ့လူတွေပါကွာ” ဟု ပြောဆိုရာမှ ကူလီကုန်းမှ ကူညီကုန်းဟု အမည်ပြောင်းလဲ ခေါ်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရပ်တော်မူဘုရားအနီးရှိ ကုန်း သာကျောင်းဆရာတော်သည် ဗေဒင်တွက် ချက်ရာ ကျောင်းမီးဘေးသင့်နိုင်သဖြင့် ယတြာ ချေသည့်အနေဖြင့် ၁၉၄၀ ခုနှစ်တွင် ပေ  ၅၀  အမြင့်ရှိသာ ပိတ်စဖြင့် စပ်ချုပ်အပ်သော မီးပုံး ပျံကြီးကို ကူညီကုန်းတောင်ပေါ်မှ လွှတ်တင် ရာ ချိန်သားကိုက်ညီမှုမရှိသဖြင့် မကြာခင် အနီးအနားပျက်ကျသဖြင့် မီးကျိန်းမကျေဘဲ ယတြာပျက်သည်ဟု သိရသည်။

တစ်ဖန် လပြည့်ညတွင် နောက်ထပ် စက္ကူဖြင့် မီးပုံးပျံများ ပြုလုပ်၍ လွှတ်တင်ခဲ့ရာ အောင်မြင်သော်လည်း မူလယတြာပျက်ခဲ့ သဖြင့် မီးဘေးသင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။ ထိုမှအစ မီးပုံးပျံအစ ကုန်းသာကျောင်း ကဟု ပြောစမှတ်တွင်ခဲ့သည်။ ၁၉၄၀ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်တွင် အစောဆုံး မီးပုံးပျံလွှတ်တင်ခြင်း မှတ်တမ်းမှာ ကုန်းသာ ကျောင်း၌ ပိတ်စများ စပ်ချုပ်ထားသော မီးပုံး ပျံကြီးသည် အကြီးဆုံး မီးပုံးပျံကြီးဖြစ်ကြောင်း၊ ထိုမှစတင်၍ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး စတင်လာခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၄၂ ခုနှစ် စစ်ငွေ့စစ်ရိပ်သန်းလာစဉ် တောင်ကြီးမြို့ရှိ ရပ်တော်မူဘုရား၊ ကူလီကုန်း (ခ) ကူညီကုန်းရပ်ကွက်တွင် အချက်ပေးဥသြ များ ထားရှိပြီး တစ်အိမ်ထောင်လျှင် တစ်ဦး ကင်းစောင့်၍ ဂျပန်လေယာဉ်စောင့် ကြည့်ရန် အချက်ပြစနစ်ထားရှိကြောင်း သိရသည်။          

အဆိုပါ လေကြောင်းကာကွယ်ရေး အချက်ပေးစနစ်ကို ဂျပန်ထောက်လှမ်းရေး များသိရှိသဖြင့် ကူညီကုန်းအရပ်ကို ဂျပန်လေ ယာဉ်များက ဗုံးကြဲချရာ နေအိမ်များကို မထိ မှန်ဘဲ ကုန်းသာကျောင်းကို ဗုံးဆန်တစ်လုံး ကျ၍ ကျောင်းမီးလောင်ပျက်စီးကာ ကျောင်း ထိုင်ဆရာတော်လည်း ပျံလွန်တော်မူလေ သည်။ ဂျပန်များထင်သည်မှာ အင်္ဂလိပ်လေ ကြောင်း ကာကွယ်ရေးစနစ်တွင် လေယာဉ်ပစ် အမြောက်များ ရှိသည်အထင်နှင့် ဗုံးချခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါနေ့သည် သင်္ကြန် အကြိုနေ့၊ သောကြာနေ့၊ နံနက် ၁၀ နာရီ ၀၄ မိနစ်၊ ၁၉၄၂ ခုနှစ်တွင် ဗုံးတစ်လုံးချသဖြင့် ဘုန်းကြီးကျောင်း မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်လည်း ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ လူသိနည်းသော ရှေးဟောင်းသမိုင်းဝင် စေတီတော်

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ တွင် နှစ်ထောင်ပေါင်းများစွာကပင် တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင်စေ တီတော် များစွာရှိပါသည်။ ရှေးကျသော ရှေး ဟောင်းသမိုင်းဝင်စေတီတော်နှစ်ဆူမှာ တောင် ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ ရှေးဟောင်းသမိုင်း ဝင် ရတနာဇေယျ စေတီတော်မြတ်နှင့် မဟာ မြတ်မုနိဘုရားကြီး ၊ ဘုရားဖြူရပ်ကွက်ရှိ အေး စေတီ စာသင်တိုက်အနီး ဘုရားဖြူစေတီတော် တို့ပင်ဖြစ်သည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ရတနာ ဇေယျ စေတီတော်မြတ်သည် တောင်ကြီးမြို့ တွင် ထူးခြားသော ရှေးဟောင်းမွေတော်စေတီ တော် တစ်ဆူဖြစ်ပြီး နောင်တော်ဘုရားဖြူ ဟုလည်း ခေါ်ကာ ဘုရားဖြူရပ်ကွက် အေးစေ တီစာသင်တိုက်အနီးတွင်ရှိသော ဘုရားဖြူစေ တီတော်ကို ညီတော်ဘုရားဖြူဟုခေါ်ကြောင်း ပါးစပ်ရာဇဝင် ပြောစကားများအရ ကြားသိ ရသည်။

တည်နေရာ

တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ သိမ် တောင်အတက်လမ်းအတိုင်းလာလျှင် ရှေး ဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော် မြတ်နှင့် မဟာမြတ်မုနိဘုရားကြီးကို ရောက် နိုင်ပေသည်။

အဆိုပါ သမိုင်းဝင် ရတနာဇေယျစေတီ တော်မြတ်တည်ရှိရာ ကုန်းမြေသည် အမြင့် ပိုင်းတွင် တည်ရှိကာ အနောက်မြောက်ဘက်မှ လည်းကောင်း၊ အရှေ့ဘက်မှလည်းကောင်း စောင်းတန်းလှေကားများဖြင့် သွယ်တန်းထား သည်။ ဘုရားကြီး အနောက်တောင်ဘက်ဝင် ပေါက်ရှိရာသို့ လမ်းဆုံမှ ပတ်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် တက်လာ၍ရသလို၊ သိမ် တောင်ကျောင်းဘက်မှ လမ်းအတိုင်း လာလျှင် လည်း ရပါသည်။

ရှေးဟောင်းသမိုင်းဝင်ဘုရားကြီး တည်ရှိ သဖြင့် မဟာမြတ်မုနိဘုရားကြီး အတွင်း ကျောင်း ပရိယတ္တိ စာသင်တိုက်ဟူ၍လည်း ကောင်း၊ မြောက်ဘက်တွင် ရွှေကျင်နိကာယ ဘုရားကြီးမြောက်ကျောင်း ပရိယတ္တိ စာသင် တိုက်ဟူ၍လည်းကောင်း ၊ အနောက်ဘက်ရှိ ကျောင်းတိုက်ကို ဘုရားကြီးအနောက်ကျောင်း ပရိယတ္တိ စာသင်တိုက်ဟူ၍လည်းကောင်း ခေါ်ဝေါ်သည်။ ဘုရားကြီးတောင်ဘက် ခပ် လှမ်းလှမ်းတွင်မူ တောင်ကြီးမြို့ ပထမသိမ် တောင် ပရိယတ္တိစာသင်တိုက် တည်ရှိလေ သည်။

ဘုရားသမိုင်း အကျဉ်း

တောင်ကြီးမြို့ ချမ်းသာရပ် အနောက် ဘက် မင်္ဂလာကုန်းတော်ပေါ်တွင် ရှေးဟောင်း မြေပေါက် စေတီတော်မြတ်တစ်ဆူ တည်ရှိကာ အများဝေနေယျသတ္တဝါများ၏ ပစ္စုပ္ပန်၊ သံသ ရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာအတွက် ဘုရားတည် မူလဒါယကာမှာ မဏိစည်သူမင်း တရားကြီးဖြစ်ကြောင်း သိရသည်။ ကောဇာသက္ကရာဇ် ၄၄၈ ခု၊ ကဆုန်လ ပြည့်၊ ဗုဒ္ဓဟူးနေ့တွင် တည်ထားကိုးကွယ်တော် မူခဲ့ကြောင်း သိရသည်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ရှေးဟောင်းမြေပေါက် စေတီတော်မြတ်ကို အကြောင်းပြု၍ ဒါယကာ၊ ဒါယိကာမများ ကုသိုလ်တရား တိုးပွားစေရန် အလို့ငှာ မန္တလေးရှိ မဟာမြတ်မုနိရုပ်ရှင် တော်မြတ်နှင့် ပုံစံတူ ရုပ်ပွားဆင်းတုတော်မြတ် တစ်ဆူကိုလည်း စေတီတော်နှင့်ကပ်လျက် အာရုံခံ ဓမ္မာရုံ ဂန္ဓကုဋီအတွင်း တည်ထားကိန်း ဝပ် အပူဇော်ခံတော်မူစေခဲ့သည်။ မန္တလေးရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၏ ရင်ငွေ့လှုံ ထားသည့် ယင်းဆင်းတုတော်မြတ်ကို ကျောင်း ဒကာညွန့်နှင့် ၎င်းင်း၏ဇနီး မထိုက်၊ သားသမီး မြေးတစ်စုတို့က တစ်ဦးတည်း မတည်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားကြီးသွန်းလုပ်ပူဇော်ရာတွင် ကြေး ပိဿာချိန် ၁၅၀၀ ကုန်ကျခဲ့ပြီး ထိုခေတ်အခါ က မော်တော်ကားများ မတိုးတက်သေးသည့် အတွက် မန္တလေးမှ ရွှေညောင်သို့ ရထားဖြင့် အပိုင်းငါးပိုင်းခွဲ၍ ပင့်ဆောင်ခဲ့ကြောင်း သိရ သည်။ ရွှေညောင်မှတစ်ဆင့် တောင်ကြီးသို့ လှည်းဖြင့် တစ်ဖန်ပင့်ဆောင်ခဲ့သည့် လမ်း လျှောက်ကိုယ်တော်ဖြစ်သည်။ အဆိုပါ သမိုင်း အကျဉ်းဖော်ပြချက်ကို မျှဝေရေးသားသူ အရှင် Óဏသာရ (တောင်ကြီး) ထံမှ သိရခြင်းဖြစ် သည်။

ရှေးဟောင်းသမိုင်းဝင်ဘုရား

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ရတနာ ဇေယျ စေတီတော်မြတ်သမိုင်းကြောင်းဟူ၍ စာအုပ်စာတမ်း ပြုစုထားခြင်းမရှိသေးဘဲ ပြုစု နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။ အခြားတစ်ခုမှာ တောထဲတွင် ဆုတောင်းပြည့် စေတီတော်ကို နွားကျောင်းသားတစ်ဦး စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းမင်း တရား ယကချီလာစဉ် ဘုရင်မင်းတရားထံ တင်လျှောက်ခြင်းကြောင့် စေတီတော်ကို ပြန် လည် တွေ့ရှိသည်ဟု ပါးစပ်ရာဇဝင်အရ သိရ သည်။

နောက်တစ်နည်းမှာ ဥစ္စာစောင့်သည် ဘုရင့်ထံသို့ ရတနာပေး၍ ဘုရားတည်စေသ ဖြင့် မြေပေါက်စေတီတော် နှင့် ဆင်းတုတော်ကို ရတနာရ စေတီတော်ဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြောင်း၊ ဘုရားဘွဲ့တော်သည် လောဘတဏှာ မကင်းသဖြင့် ရတနာဇေယျ စေတီတော်မြတ် ဟု ပြောင်းလဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ရတနာ ဇေယျစေတီတော်မြတ်မြောက်ဘက်တွင် တည် ရှိသော လက်ရှိ ဥပရိပါသာဒ အာကာသဋ္ဌ သီလဝိသုဒ္ဓိသိမ် တည်ဆောက်ထားသော နေ ရာတွင် ယခင်က ရသေ့မကျောင်းဆောင် တည်ရှိခဲ့ကြောင်း၊ ဂျပန်ခေတ်ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ဆုတောင်းပြည့် ဆင်းတုတော်

ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ်သည် ပေတစ်ရာပတ်လည် ဝန်းကျင်ခဲ့သာ ကျယ်ဝန်းပြီး စေတီတော်၏အရှေ့ဘက်ကပ်လျက်တွင် ဓမ္မာရုံဂန္ဓကုဋီ တိုက်တည်ရှိသည်။ ထိုဓမ္မာရုံထဲ၌ ရှေးဟောင်း ဆင်းတုတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး ဆုတောင်းပြည့်သည်ဟု တန်ခိုးကြီးကျောင်း ဆရာတော်က မိန့်သည်။

အဆိုပါဘုရားကို လာရောက်ပူဇော်ဆု တောင်းသူတိုင်း ရာထူးတိုးခြင်း၊ လုပ်ငန်း အောင်မြင်ခြင်းရှိကြောင်း မိန့်သည်။ တောင် ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်နှင့် ရတနာဇေ ယျစေတီတော်တို့တွင် ရောင်ခြည်တော် ကွန့် မြူးကြောင်း သိရသည်။

ယခုအခါ အဆိုပါ စေတီတော်မြတ် ရင် ပြင်တော်ကို ကာရံ၍ နဂါးရုပ်တုများ အသစ် ထပ်မံတည်ဆောက်ထားသည်ကို မြင်တွေ့ရ သည်။

တောင်ကြီးမြို့ရှိ သက်တမ်းရင့် ရှေးဟောင်းမွေတော်ဘုရား

တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ ရှေး ဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော် မြတ်နှင့်  ဂန္ဓကုဋီတိုက်အတွင်းရှိ ဆင်းတုတော် တို့မှာ တောင်ကြီးမြို့တွင် နှစ်ကာလသက်တမ်း အားဖြင့် အရှည်ကြာဆုံး ရှေးဟောင်း မွေတော် ဘုရားဟုပင် ဆိုနိုင်ပေသည်။ အဆိုပါ မြေ ပေါက်စေတီတော်သည် တောင်ကြီးမြို့တည် စကပင် တည်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရှေ့မီ နောက်မီ သက်တမ်းရင့်ပုဂ္ဂိုလ်များ၏ လက် ဆင့်ကမ်းပြောကြားချက်အရ သိရသည်။

ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ်၏ ထီးတော်မြတ်ကို ကြည့်ရှု ရာတွင် စေတီတော်ထက် ထီးတော်မြတ်သည် ပို၍ကြီးနေသည်ကို ကြည့်ခြင်းအားဖြင့်လည်း ကောင်း၊ စေတီတော်၏ မူလလက်ရာကို လေ့ လာခြင်းအားဖြင့်လည်းကောင်း နှစ်ပရိစ္ဆေဒ ကြာမြင့်နေကြောင်း ခန့်မှန်းနိုင်ပေသည်။ စေ တီတော် တစ်ကြိမ်ပြုပြင်လျှင် ထီးတော်ကို အနည်းငယ်ကြီးပေးရသဖြင့် လက်ရှိ ထီးတော် နှင့် စေတီတော်မှာ ကွာဟချက်ကို ခန့်မှန်းနိုင် သည်။ ကောဇာသက္ကရာဇ် ၁၂၈၄ ခုနှစ် ၊ တန် ဆောင်မုန်းလပြည့်နေ့တွင် တောင်ကြီးမြို့ မဟာမြတ်မုနိဘုရားကြီးကို ဒါယကာဒါယိ ကာမတို့ကောင်းမှုဟု ဘုရားကြီး အောက်ခြေ တွင် စာတန်းရေးသားထားသည်။ ဘုရားကြီး ၏ ဂန္ဓာကုဋီအဆောင်နဖူးစည်းတွင် တောင် ကြီးမြို့အလယ်ပိုင်း ဒေသစိပ်၊ ကောင်းမှု၊ (၁၃၂၇) (၁၉၆၅) ဟု စာရေးသားထားသည်။ အဆောင်အဝင်ပေါက် ဘယ်ဘက်ညာဘက် တို့တွင် သျှမ်းဦးစီးအဖွဲ့ အတွင်းဝန်ကြီးတို့၏ ကောင်းမှုကို ကမ္ပည်းရေးထိုးထားခြင်းကို ကြည့် ခြင်းအားဖြင့် ဂန္ဓကုဋီကို ခရစ်နှစ် ၁၉၆၅ ခုနှစ် ခန့်က ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ခန့် မှန်းနိုင်သည်။

အခြား ရှေးဟောင်းမွေတော်ဘုရားများ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ အေး စေတီ စာသင်တိုက်အနီးရှိ ဘုရားဖြူစေတီ တော် ကမ္ပည်းကျောက်စာတွင် ဖော်ပြချက် အရ အမရပူရခေတ် ဟိုဘက်၌ တည်ထားခဲ့ ခြင်းဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်းနှစ်ရာကျော် ၀ါတော်ရင့်သည့် စေတီတော်တစ်ဆူဟု ဖော်ပြ ပါရှိသည်။ ကျောက်စာသည် လေးမျက်နှာ ဖော်ပြထားပြီး မြန်မာနှစ် ၁၃၃၆ ခုနှစ်အထိ ရှေးပြုပြင်စောင့်ရှောက်မှုနှင့် ၀ါတော် ခန့်မှန်း ခြင်း အစရှိသဖြင့် အကျယ်တဝင့် ရေးသားဖော် ပြထားသည်ကို လေ့လာနိုင်ပေမည်။

ထို့ပြင် တောင်ကြီးမြို့ရှိ ဆုတောင်းပြည့် အောင်တော်မူ စေတီတော် (လွမ်းစေတီ)၊ ရပ် တော်မူ ရုပ်ပွားတော်မြတ်ကြီးတို့လည်း အထင် ကရ တည်ရှိသည်။ အဆိုပါ စေတီတော် နှစ်ဆူ ကို ရသေ့ကြီး  ဦးခန္တီ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပေသည်။ အောင်တော်မူကျောင်းသည် ကုန်းမြင့်ပိုင်းတွင် တည်ရှိပြီး အဆင်းလမ်းဆုံ နေရာတွင် ရပ်တော်မူဘုရားကြီး တည်ရှိသည်။ မုခ်ဦးနှစ်ခုတို့သည် မျက်စောင်းထိုး အနေအ ထားတွင် တည်ရှိခြင်း ဖြစ်သည်။

တောင်ကြီးမြို့၊ သီရိမင်္ဂလာရပ်တော်မူ ကုန်းတော်တွင် တည်ရှိသော ရပ်တော်မူ ရုပ် ပွားတော်မြတ်ကြီးနှင့် ဆုတောင်းပြည့်အောင် တော်မူ စေတီတော် (လွမ်းစေတီ) အကြောင်း ကို သီးခြားဖော်ပြသွားပါမည်။

တောင်ကြီးမြို့သို့ တစ်ခါတစ်ခေါက် အလည်ရောက်လာပါက ရှေးဟောင်းမွေတော် စေတီတော်မြတ်တို့ထံ လာရောက်ဖူးမြော်နိုင် ပါကြောင်း လမ်းညွှန်ရေးသားလိုက်ပါသည်။