ရာသီကပ်ဘေး ဆိုက်သည့်နှစ် (သို့မဟုတ်) မိုးနှင့် နွေ မှားသည့်နှစ်

ရာသီကပ်ဘေး ဆိုက်သည့်နှစ် (သို့မဟုတ်) မိုးနှင့် နွေ မှားသည့်နှစ်
Published 26 September 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

မိုးညှင်းမြို့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်

“ကချင်ပြည်နယ်က မနှစ်က မိုးကနွေဖြစ်၊ နွေက မိုးဖြစ်။ စက်တင်ဘာ၊ အောက်တိုဘာက နွေဖြစ်တော့ စပါးလေးဧက တစ်နှံမှ မငိုက်ဘူး။ ကိုင်း... ဧပြီ၊ မေကျတော့ လယ်ကွင်းတွေ ဖွေးအောင် မိုးတွေရွာ။ မိုးနဲ့မတည့်တဲ့ ခရမ်းချဉ်က အခင်းလိုက် ပစ်လိုက်ရရော။ တောင် သူတစ်သက်လည်း ဘိုးစဉ်ဘောင်ဆက် မကြုံ ဖူးပါဘူး။ ကပ်ဆိုက်တာပေါ့”ဟု ၀ိုင်းမော်မြို့ နယ်၊ မိုင်းနားရွာက အသက် ၆၀ ကျော် အရွယ် တောင်သူ ဦးစိုင်းအောင်ထွေးက ဆိုသည်။ မကြုံဖူးသည့် မိုးလေဝသဆိုတော့ ကချင်ပြည် နယ်က တောင်သူများ ကယ်ကွက်ပင် မရ လိုက်။

မိုးနှင့်နွေမှား၍ နှစ်ရာသီနာခဲ့ရသည့် တောင်သူများ

၂၀၂၁  စက်တင်ဘာ လလယ်ပိုင်းမှစတင် ကာ အပူချိန် တစ်ဟုန်ထိုး မြင့်တက်လာမှုက လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည် နယ်က ဒေသအချို့မှာ အပူစံချိန်သစ်တွေ တင်ကုန်သည်။ အကျိုးဆက်က မိုးရေသောက် လယ်များ အထိနာသည်။ သက်ကြီးစပါးနှင့် နောက်ကျသည့် တောင်ယာစပါးခင်းများ တံစဉ်လွတ် (လုံးဝမရိပ်သိမ်းရ) ဖြစ်ကုန်သည်။ ဆည်ရေသောက်လယ်များလောက်သာ သက် သာသည်။ ကချင်ပြည်နယ်က မြစ်ကြီးနားလွင် ပြင်၊ ဗန်းမော်လွင်ပြင်၊ မိုးညှင်းလွင်ပြင်က တောင်သူတွေထိသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို ၊ ဟုမ္မ လင်း၊ ခန္တီးက တောင်သူများလည်းပါသည်။ ဒေသခံတောင်သူများက အောင်ရေမဘဲ အပင်ငုတ်တုတ်သေသည်ကို “ပင်သေရေခန်း” ဟုဆိုကြသည်။

လယ် ၁၀ ဧကကျော်စိုက်သည့် မိုင်းနား ကျေးရွာမှ တောင်သူ ဦးအောင်ထွေးက “လယ် ပျက်တာကတော့ လယ်ထဲကိုမကြည့်ချင်၊ မသွားချင်အောင် ဖြစ်သွားတာ။ မြင်ရင် စိတ် ဆင်းရဲလို့လေ။ ရေစက် ရှစ်ရက်တင်ရတယ်။ ဝမ်းစာစပါးပြန်ရတယ်။ မတင်ရင် ဝမ်းစာမရ ဘူး။ ရေတွေက ပပ်ကြားအက်ထဲဝင်ကုန်တော့ လယ်တစ်တွင်းပြည့်ဖို့ တစ်ရက်လောက်နီးပါး မောင်းယူရတယ်။ ရက်ရာကျော်တဲ့  တုတ်ဖွေး စပါးမှာ ထိကြတာ။ ရက် ၉၀ ချင်းသုံးစပါးတော့ အထိနည်းတယ်။ ဒီနှစ်ဆီစျေးနဲ့ဆိုရင် ဝမ်းစာ ပါ ရလိုက်ကြမှာ မဟုတ်ဘူး”ဟု ဆိုသည်။

တုတ်ဖွေး၊ လုံးသွယ်မွှေးလို သက်လတ် စပါးမျိုးက စားရာတွင်ကောင်းသော်လည်း မနှစ်က အထိနာခဲ့ကြတော့ ယခုနှစ်စိုက်မည် သူ မရှိကြောင်း ၎င်းင်းကဆိုသည်။ ရေလိုသည့် စပါးထွက်ချိန်တွင် မိုးမရွာဘဲ ရေမလိုသည့် ခရမ်းချဉ်ကျတော့ နွေရာသီလယ်ကွက်ထဲ ရေတွေ ဖွေးနေသည်ဟုဆိုသည်။

“ခရမ်းချဉ် နှစ်ကြိမ်ခူးပြီး ရေထဲမှာ ပုပ်ကျ သွားတော့တာ။ မိုးနဲ့တည့်တဲ့ အပင်မှမဟုတ် တာ။ ပိဿာတစ်သိန်းဝန်းကျင်လောက် ရှုံး သွားတာပေါ့။ ဧပြီလကနေ မိုးအဝင်အထိ နွေပျောက်ပြီး  မိုးအထိ ကူးသွားတော့တာ။ အရင်းအနှီးအားနည်းတဲ့တောင်သူက တစ် နှစ်တည်းနဲ့ကို ဘဝပျက်တယ်။ ကျွန်တော် ယူဆချက်ကတော့ ကချင်ပြည်နယ်က သဘာဝ တောနေရာတွေမှာ တစ်ရှူးငှက်ပျောခင်းတွေ အစားထိုးလိုက်တာ အဓိကလို့ယူဆတယ်။ ဧကပေါင်း သောင်းချီ၊ သိန်းချီ တောတွေ ပြောင်သွားတာလေ”ဟု ၎င်းကဆိုသည်။

သစ်တော သစ်ပင်ပြုန်းတီးခြင်းကလည်း နွေနှင့် မိုးရာသီတွင် သိသာသော မိုးလေဝသ အခြေအနေကို ဖြစ်စေကြောင်း ဒေသခံများက ဆိုသည်။ ၀ိုင်းမော်ဒေသခံများ၏ ထင်မြင်ယူ ချက်များကလည်း စဉ်းစားစရာဖြစ်သည်။ ၀ိုင်းမော်မြို့နယ်အတွင်း တစ်ရှူးငှက်ပျော ဧကပေါင်း တစ်သိန်းနီးပါးရှိနေကြောင်း စစ် တမ်းများက ဆိုသည်။ တောင်၊ တော၊ လယ် အစဉ်လိုက်ရှိနေခဲ့ရာမှ တောင်၊ တစ်ရှူးငှက် ပျောခင်း၊ လယ် ဖြစ်လာသည်။

“စက်တင်ဘာနေဟာ ၁၀ နာရီကျော်ရင် အပြင်မထွက်နိုင်ဘူး။ မြို့ပတ်လည်၊ ရွာပတ် လည်၊ လယ်ပတ်လည်ဟာ ငှက်ပျောခင်းပဲ လေ။ အရင်က တောတွေနေရာ။ ဒီအကြောင်း ကို ပညာရှင်တွေကို သုတေသန ပြုသင့်ပြီ” ဟု ၎င်းင်းက အကြံပြုသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက  ညွှန်ကြားရေးမှူး ဦးလှထွန်းက  “သစ်တောပြုန်းတာက ဒေသတွင်းမိုးလေဝသ အခြေအနေကို ထိခိုက်တာရှိတယ်။ သစ် တောကြီးတွေက ဒေသတွင်းမှာ အပူချိန် သမ မျှတစေတယ်။ မိုးရွာရင် မြေဆီလွှာတွေ ထိန်းထားနိုင်တယ်။ ရေကို ထိန်းထားနိုင်တယ်။ ရာသီဥတုပြောင်းလဲခြင်းမှာကြတော့ ကာဗွန် တွေကြောင့် ကမ္ဘာ့အပူချိန် တိုးတယ်။ ကာဗွန် ကို စုပ်ယူတာ သစ်ပင်၊ သစ်တော ဖြစ်နေတယ်။ တောင်သူတွေ အနေနဲ့ သစ်တော အပြောင်ရှင်း စိုက်ပျိုးမှုထက် သစ်ပင်သီးနှံရောနှောစိုက် တာ။ လယ်ဘေး၊ အခင်းဘေးက သစ်ပင်တွေ ချန်ထားတာက ရေရှည် မြေဆီလွှာထိန်းသိမ်း ရာ ရောက်တယ်”ဟု ဆိုသည်။

နွေရာသီတွင် ရိပ်သိမ်းကြရသည့် ပဲပုပ်၊ မြေပဲ၊ နေကြာ၊ ခရမ်းချဉ်များက ဧပြီနှင့် မေလ မိုးကြောင့် ပျက်စီးကုန်သည်။ ရလိုက်သည့် သီးနှံကလည်း အရည်အသွေးကျဆင်းရသည်။ အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှ ပဲပုပ် ၁၇ ဧက စိုက်ခဲ့သူ တောင်သူကိုစိုင်းလင်းက  ရိတ် သိမ်းချိန်တွင် မိုးများမှုကြောင့် ရေထဲတွင် လုပ် ငန်းလုပ်ကိုင်ခဲ့ရပြီး  ဆုံးရှုံးမှုများဖြစ်ခဲ့ကြောင်း၊ ရရှိသည့် ပဲပုပ်များလည်း အရည်အသွေးတွင် ထိခိုက်ခဲ့ကြောင်း၊ တောင်သူတိုင်းနီးပါး ရှုံးခဲ့ရ ကြောင်း၊ ကုန်ထုတ်လမ်း မရှိခြင်းနှင့်လယ်ကွင်း အနီးတွင် သီးနှံအတွက် သီးခြားဂိုဒေါင်များ မထားရှိခြင်းတို့ကြောင့်လည်း သီးနှံများအရည် အသွေးကျဆင်းခဲ့ရကြောင်း၊ ဒေသစျေးနှင့် မြို့ပေါ်ဒိုင်စျေးများ ကွာဟနေခြင်းများကြောင့် လည်း တောင်သူများ နစ်နာခဲ့ရကြောင်း  ၎င်းင်း က ဆိုသည်။ 

“ကျွန်တော့်ထက် ဆုံးရှုံးတဲ့သူတွေလည်း များပါတယ်။ မေလဒုတိယပတ်ကနေ မိုးကျ သည်အထိ မပြတ်တော့ မိုးထဲရေထဲ သိမ်းရင်း နဲ့ ပဲတွေက ပုပ်ကုန်တာ။ သယ်စရိတ်၊ လုပ် အားခတွေက ထပ်ထပ်ရှုံးတဲ့အဖြစ်ရောက် ကုန်တာ။ ရနိုင်ဦးမလား မျှော်လင့်ချက်နဲ့ ရုန်း ရင်း နစ်သွားတာ။ လာမယ့်နှစ်တော့ ဆီစျေး တွေနဲ့ ရာသီအခြေအနေနဲ့ဆိုရင် စိုက်ဧက နည်းနည်းပဲလုပ်နိုင်မယ်”ဟု ဆိုသည်။

မိုးခေါင်ခဲ့သည့် အကျိုးဆက်ကြောင့် စိုက်ပြီး ချိန်တွင်  အပင်ပေါက် လဝက်နီးပါး နောက်ကျနေခြင်းကလည်းရိတ်သိမ်းချိန်ကို နောက်ကျစေသည့် အချက်ဟု သုံးသပ်ကြ သည် ။

“ကျွန်တော်တို့လိုအပ်တာ နည်းပညာပါ။ငွေကြေးထောက်ပံ့တာတွေ မဟုတ်ဘူး။ တောင်သူတွေကလည်း ကိုယ်ပတ်ဝန်းကျင် နည်းနာလောက်ပဲ ပြောင်းလဲနိုင်ကြတာလေ” ဟု ၎င်းင်းကဆိုသည်။

ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့်  နွေစပါး ၁၁၉ ဧက  ပျက်စီးခဲ့ ပြီး မိုးရာသီတွင် အစေ့ထုတ်ပြောင်း ၃၅၃၁ ဧက၊ မိုးစပါး ၃၇၅၉ ဧက ပျက်စီးခဲ့ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဌာန မှတ်တမ်း များအရသိရသည်။ မြေပဲ၊ ပဲပုပ်၊ နေကြာ၊ ခရမ်းချဉ် စသည့် နွေသီးနှံပျက်စီးမှု စာရင်းပင် မကောက်နိုင်ခဲ့ကြ။

Climate Change  (ရာသီပြောင်းလဲခြင်းဆိုတာ)

Climate Change (ရာသီပြောင်းလဲခြင်း) ဆိုသည်မှာ ကမ္ဘာ့လေထုအပူချိန် တိုးခြင်း ကြောင့်ဖြစ်လာရသည်။ လေထုအပူချိန်တိုး ရသည့်အကြောင်းရင်းများစွာ ရှိနေသော်လည်း အဓိကအချက်မှာ လူသားတို့ထုတ်လုပ် လိုက်သည့် (ဥပမာ စက်ရုံ၊ မော်တော်ကား စသည့် ရုပ်ကြွင်းလောင်စာ) ကာဗွန်ဒိုင် အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ် စသည့်ဓာတ်ငွေ့များက နေရောင်ခြည်မှ အပူ စွမ်းအင်ကို ကမ္ဘာ့လေထုအပြင်ဘက် ထွက်ခွင့် မပြုတော့ဘဲ စုပ်ယူထားမှုကြောင့်  ကမ္ဘာကို ဝန်းပတ် လွှမ်းခြုံထားသည့် လေထုအတွင်း အပူချိန်တိုးလာခြင်းဖြစ်သည်။ ကမ္ဘာ့လူဦး ရေတိုးလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူလုပ်ငန်း များ အကျယ်ချဲ့ လုပ်ဆောင်လာခြင်း၊ သစ် တောများ ပြုန်းတီးခြင်းကလည်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ကို တိုးထုတ်ပြန်ရာ  ကမ္ဘာ့လေထုအပူချိန်မှာ အတိုးဘက်သို့သာ ဦးတည်နေဆဲဖြစ်သည်။

လေထု အပူချိန်တိုးလာတော့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်ဖြစ်လာပြီး   ရာသီဥတုတွေ  နှစ်ပေါင်း ၁၀ နှစ်၊ နှစ် ၃၀၊ နှစ် ၅၀၊  နှစ် ၁၀၀ အတွင်း ပုံမှန်ဖြစ်မနေဘဲ ပြောင်းလဲ ကုန်သည်။ ယင်းဖြစ်စဉ်ကိုပင် ဃူငာအေန ဃ့ညေါန  (ရာသီဥတုပြောင်းလဲခြင်း) ဟု ဆို သည်။

အပူကို စုပ်ယူပြီး ကမ္ဘာ့အပူချိန်တိုးလာ စေသည့် ဓာတ်ငွေ့များကို Greenhouse Gases (ဖန်လုံအိမ် ဓာတ်ငွေ့များ) ဟု ခေါ်သည်။အပူ ချိန်တိုးလာသည့် ဖြစ်စဉ်ကိုလည်း  Greenhouse Gases effect (ဖန်လုံအိမ်ဓာတ်ငွေ့ အကျိုးသက်ရောက်မှု) ဟု ခေါ်ကြသည်။ ကမ္ဘာက အများဆုံးစွန့်ထုတ်နေသည့်  ဖန်လုံအိမ် ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့မှာ နှစ်ပေါင်း ၂၀၀ နီးပါး သက်တမ်း ရှိသည်။ ထုတ်လုပ်မှုလည်း ကြာလေတိုးလေ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုများကလည်း နှစ်ပေါင်း ၁၀၀ အတွင်း သိသိသာသာ အကျိုး သက်ရောက်မှုများ  (အများအားဖြင့် ဆိုးကျိုး များ) တဖြည်းဖြည်း ကြီးထွားလာမှုကြောင့် ကမ္ဘာ့နိုင်ငံအများစုက ကပ်ဘေးဆောင် ရာသီ ဥတု (Climate Crisis) ဟု ပြောင်းလဲခေါ်ဆို နေကြပြီဖြစ်သည်။ မြန်မာတောင်သူများမှာ နည်းပညာနှင့် သတင်းအချက်အလက် အားနည်းချက်ကြောင့် Climate Change(ရာ သီပြောင်းလဲခြင်း) နှင့် အကျွမ်းတဝင်မသိ သေးသည်မှာလည်း ရေရှည်စိုက်ပျိုးရေးလုပ် ငန်းများအတွက်  ဆင်ကန်းတောတိုးသည့်နှယ် ဖြစ်ကုန်တော့သည်။

မိုးလေဝသ စံချိန်သစ်ချိုးပြီး  အထိနာခဲ့သည့် မိုးညှင်းဒေသ

၂၀၂၂ ခုနှစ် ကချင်ပြည်နယ်အတွင်း အစွန်းရောက် မိုးလေဝသဖြစ်စဉ်ကြောင့် အထိအနာဆုံးဒေသမှာ မိုးညှင်းဒေသ ဖြစ်ပါ သည်။   မိုးညှင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်အ တွင်း  နေရာကွက် မိုးကြီးမှုများခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးညှင်းမြို့၊ နန့်မွန်းမြို့၊ မော်ဟန် ကျေးရွာ၊ ဟဲပုကျေးရွာတို့တွင် ဖြစ်ပွားခဲ့ပြီး  လမ်းများပျက်စီးခြင်း၊ တံတားများရေမျောခြင်း၊ လယ်မြေဧကများ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ သည်။ သြဂုတ် ၂၇ ရက်က ရွာသွန်းခဲ့သည့်မိုးမှာ၄၉ နှစ်အတွင်း စံချိန်အမြင့်ဆုံးဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ရွာသွန်း ခဲ့သည့် ၆ ဒသမ ၀၂ လက်မကိုကျော်လွန်ကာ ၇ ဒသမ ၄၈ လက်မ ရောက်ရှိခဲ့သည်။ အိမ် ထောင်စု ၇၀ ကျော် ရေဘေးလွတ်ရာ ပြေးကြရ သည်။ တံတားငယ်တွေ ပျက်စီးသည်။ နေအိမ် လေးလုံး လျှပ်စီးဝင်သည်။

ဆုံးရှုံးမှုများသည်က ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့သည့် နန့်မွန်းမြို့ စံချိန်တင်တောင် ကျရေနှင့်  ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ဟဲပုကျေးရွာတောင်ကျရေဖြစ်သည်။

နန့်မွန်းမြို့တောင်ကျရေက လူမှုစီးပွား၊ လမ်းတံတား၊ လယ်များ ပျက်စီးခဲ့ပြီး  ဆုံးရှုံးမှု ကျပ်သိန်းငါးရာအထက်တွင်ရှိသည်။ နန့်မွန်း မြို့က ကွန်ပျူတာ သင်တန်းကျောင်း ဖွင့်နေသူ ဦးဆန်းလင်းစိုးက “ကျွန်တော်က ချောင်း ဘေးက ကွန်ပျူတာသင်တန်းက ပစ္စည်းတွေ အချိန်မီ မသိမ်းနိုင်တော့ ကျပ်သိန်းလေး ဆယ် ကျော်လောက် ထိသွားတယ်။ ခြံဝင်းတံတိုင်း တွေ ပြိုတယ်။ လမ်းတွေနေရာများများ ရေထိုး ဖဲ့တယ်။ လယ်တွေ သဲဖုံးတယ်။ဘိလပ်မြေ ရောင်းတဲ့ ဆိုင်ကြီးက အိတ်တစ်ရာကျော် ရေ နစ်တယ်။ အဲဒါတွေကို အရပ်ကလူတွေ စျေး နည်းနည်းနဲ့ဝင်ပြီး  ချက်ချင်းပဲ လမ်းခင်းလိုက် ကြတယ်”ဟု ဆိုသည်။

နန့်မွန်းမြို့ခံများ သုံးသပ်ချက်အရ နန့် မွန်းတောင်ကျချောင်းတွင် ကျောက်အလွန် အကျွံထုတ်ခြင်း၊ နန့်မွန်း-ဟိုပင်ကားလမ်းချဲ ထွင်ရာတွင် တောင်ကြောလမ်းတစ်ခုလုံး မြေ စာဖယ်ရှားရာတွင် ချောင်းဖျားအတွင်းသို့ ဖြို ချခဲ့ခြင်း၊ နန့်မွန်းမြို့အတွင်း ချောင်းစီးဆင်းရာ လမ်းတစ်လျှောက်တွင် လူနေအိမ်များက ချောင်းနေရာကျူးကျော်သဖြင့် ကျဉ်းသွားခြင်း၊ ချောင်းဘေး လယ်သမားများက တစ်ပိုင်တစ် နိုင်ရေလွှဲဆည်များ ပြုလုပ်နေကြခြင်းကလည်း မြို့တွင်ရေ အဆမတန် မြင့်တက်စေသည့် အကြောင်းရင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

လယ်များ အထိအနာဆုံးက ဟဲပုရွာ တောင်ကျရေဘေးဖြစ်သည်။ ရေဘေးဆိုသော် လည်း မိုးက နံနက် ၃ နာရီ ၁၅ မိနစ်မှ ၄ နာရီ ကျော်ရုံလေးသာ ရွာချိန်ရှိသည်။

နေရာကွက်မိုးကြီးခြင်းဖြစ်သည်။ လူနေ အိမ်ရေမျောခြင်း၊ အိမ်မွေးတိရစ္ဆာန်များ ရေ မျောပါ ပျောက်ဆုံးခြင်းများဖြစ်ခဲ့သည်။  လယ် ၈၁ ဧက ပျက်စီးခဲ့ပြီး  အင်းတော်ကြီးအင်း အရှေ့တောင်ခြေရှိ လယ်ဧက ၃၀ ကျော်မှာတောင်မြေဖို့ခြင်း ခံလိုက်ရသည်။ ပျက်စီးစေ သည့် အကြောင်းရင်းများတွင် မိုးရုတ်တရက် များလွန်းခြင်း၊ လယ်ရေထုတ်မြောင်းများကို လယ်သမားများက ဖဲ့ယူလာခြင်း၊ မိုးရေ လှောင်ကန်များ မထားရှိခြင်း၊ ရေဝေရေလဲ တောင်များတွင် သစ်ပင်များ ခုတ်ထွင် ရှင်း လင်းလိုက်ခြင်း စသည့်အကြောင်းများ ပါဝင်ကြောင်း သိရသည်။

လယ် ၁၃ ဧက တောင်ပြီုကာ ဆုံးရှုံးခဲ့ သည့် တောင်သူ ကိုတင်ထွန်းက “တောင်စွယ် က ချောင်းကို ပြိုပိတ်လိုက်တော့ ရှိသမျှ ရေ တွေ၊ ဒိုက်တွေ၊ သစ်ပင်တွေက ဘေးလည်တွေ ကို ထိုးဖို့လိုက်တယ်။ တောင်ပြီုမြေဖုံးသွားတာလယ်ဧက ၂၀ ကျော်ပါတယ်။ ကိုယ့်လယ်ပြန် လုပ်နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ အစိုးရ ဘက်က အကူအညီရရင်တော့ လယ်ပြန်လုပ်ဖို့ မြေတွေ  ဆယ်ပေးစေချင်တယ်”ဟု ဆိုသည်။

လက်ရှိတွင်  တောင်မြေဖို့သည့်နေရာကို ပဲပုပ်နှင့် မြေပဲ စမ်းသပ် စိုက်ပျိုးနေသည်။

“ပဲပုပ်က အဆင်မပြေချင်ဘူး။ မြေပဲ တော့ ကောင်းတယ်ဗျ။ လာမယ့် ဆောင်းရာသီ ကတော့ မြေတွေက သဲများတော့ စွန့်ပြီး စိုက်ရ မလား။ ဘာလုပ်ရမလဲ မသိသေးပါဘူး”ဟု ဆိုသည်။

မိုးညှင်းဒေသတွင် ယခုကဲ့သို့ အစွန်း ရောက် မိုးလေဝသ ဖြစ်စဉ်များက ၂၀၂၁ ခုနှစ် မိုးနှောင်းပိုင်းအပူချိန်ကြောင့်ဟု မိုးညှင်း မိုးဇလ စခန်းတာဝန်ခံ ဦးသောင်းဝင်းက ဆို သည်။ ၂၀၂၁ ခုနှစ်တွင်  စခန်းဖွင့်သည့် နှစ ပေါင်း ၄၈ နှစ်အတွင်း ၂၀၀၇ ခုနှစ် အောက်တို ဘာ ၅ ရက်တွင်  ရောက်ရှိခဲ့သည့် အပူချိန် ၃၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကိုကျော်လွန်ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် အပူချိန်   ၃၆ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ကို စံချိန်တင်ရောက်ရှိခဲ့သည်။

ယင်းအောက်တိုဘာ ၁၂ ရက် စံချိန်ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သို့ စံချိန်ထပ်ချိုးခဲ့ခြင်း ဖြစ် သည်။ မိုးညှင်းမြို့တွင်သာမက မြစ်ကြီးနား၊ဗန်းမော်မြို့များနှင့် စစ်ကိုင်းတိုင်းဒေသ အထက်ပိုင်းက ဟုမ္မလင်းမြို့များတွင် ၂၀၂၁ ခုနှစ်အောက်တိုဘာ အပူချိန် စံချိန်သစ်တွေ တင်ကုန်သည်။

မိုးညှင်းမြို့ မိုးလေဝသနှင့် ဇလဗေဒ မှတ်တမ်းများအရ  ၁၉၉၁ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အထိ နှစ်ပေါင်း ၃၀ ပျမ်းမျှ မိုးရွာသွန်းမှုမှာ ဇန်နဝါရီမှမတ်လကုန်အထိ ပျမ်းမျှ  မိုးရွာရက် ၂၄ ရက်၊ မိုးရေချိန် ၁၁ ဒသမ ၈၇ လက်သာရှိ သော်လည်း ၂၀၂၂ ခုနှစ်တွင် မိုးရွာရက် ၃၇ ရက်၊ မိုးရေချိန်  ၁၅ ဒသမ ၁၂ လက်မ ရွာသွန်း ခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးရေချိန် ၄၀ ရာခိုင် နှုန်းကျော် ပိုမိုနေသည်။

မိုးညှင်းမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနရုံးတာဝန်ခံ ဦးသောင်းဝင်းက “နွေသီးနှံပျက်တာက မေလမှာတစ်လက်မ ကျော် သုံးရက်ရွာတာက အဓိကပါ။ တစ်ပြည် နယ်လုံးလည်း စိုက်ပျိုးရေးမှာ ထိတယ်။ ကချင်မှာက ဒီနှစ်နွေပျောက်သလို ဖြစ်သွား တယ်လေ။ မနှစ်က အောက်တိုဘာမှာ စံချိန် တင်ပူခဲ့တဲ့အကျိုးဆက်တွေလိုပဲပြောရမှာ။ တောင်သူတွေက နှစ်အတော်ကြာ မိုးတွေ နည်းလာတော့ ရေမြောင်းတွေ၊ ချောင်းတွေ ကျဉ်းပစ်တယ်။ လယ်မြောင်း၊ ရေလွှဲမြောင်း တွေက ကျယ်ကျယ်ကောင်းကောင်းပြင်ဖို့ လိုတယ်။ ရေပြတ်ရင် သိုလောင်ဖို့ ရေစုကန် ထားတာမျိုး လုပ်ရမယ်။ ကုန်းဘေးလယ်တွေ ဆိုရင် ပတ်ဝန်းကျင် သစ်ပင်တွေ မခုတ်ပစ်ဖို့ လိုတယ်ဗျ။ ဃူငာအေန ဃ့ညေါန ကို စိုက်ပျိုးရေး တင်မက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာပါ 

ရာသီဥတုဘေးကို ထည့်မတွက်ကြတော့ နာရီ ပိုင်း၊ ရက်ပိုင်းနဲ့ ရေမြောင်းမရှိတဲ့ လမ်းတွေ ထိုးဖြိုကုန်တာ။ အားလုံးက ရာသီဥတုဒဏ်ကို အလုပ်တိုင်းမှာ စဉ်းစားထားဖို့လိုတယ်ဗျ” ဟု အကြံပြုသည်။ 

ယခုနှစ်ဖြစ်စဉ်သည် ဃူငာအေ ဃ့ညေါန (ရာသီဥတု ပြောင်းလဲခြင်း) ခြင်းဖြစ်စဉ်တွင် လာနီညာ ဖြစ်စဉ်ကြောင့် သမုဒ္ဒရာတွင် ပုံမှန် ထက်ပိုအေးကာ ကုန်းတွင်းပိုင်းမှာ အလွန် ပူသည့် အခြေအနေကြောင့်ဖြစ်ကြောင်း ၎င်းင်း က ဆိုသည်။

သက်တမ်းပိုတိုသည့် စပါးမျိုးကို ရွေးချယ်လာသည့် တောင်သူများ

ကချင်ပြည်နယ်သည်  အင်း၊အိုင်ချောင်း၊ မြောင်း ပေါ်များသည့် ဒေသဖြစ်သော်လည်း မိုးရာသီ တိုတောင်းလာမှုက တောင်သူများ၏ စိုက်ပျိုးရေး အလေ့အထကို တဖြည်းဖြည်း ပြောင်းလဲစေခဲ့သည်။   သက်ကြီးစပါးမျိုးများကို ၁၉၉၀ ကာလများမတိုင်ခင် စိုက်ပျိုးခဲ့သော် လည်း၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတွင် သက်လတ်နှင့်သက်လျင် (သက်ငယ်)စပါးမျိုး များကိုသာ အဓိက စိုက်ပျိုးလာကြောင်း နှစ် ပေါင်း ၄၀ ကျော် တောင်သူလုပ်ငန်းလုပ်ကိုင် ခဲ့သူများက ဆိုသည်။

လက်ရှိတွင် နာမည်ရနေသည့် ခတ်ချို လုံးသွယ်မွှေးစပါး၊ ငွေတိုး စပါးမျိုးမှာ သက် လက်စပါးမျိုးဖြစ်ပြီး  ၁၉၈၅ အရှေ့ပိုင်းတွင်  ခုနှစ်ရာဗိုလ်၊ ပင်လည်ဘူး၊ ရွှေတစ်ဆုပ်၊ ဆေးကျည်တောက်၊ စပါးနက်၊ မြွေစွယ် စပါး မျိုးများကိုသာဘိုးဘွားစဉ်ဆက်စိုက်ပျိုးလာခဲ့ကြောင်း နှစ်ပေါင်း ၅၀ ကျော်လယ်လုပ် ငန်းလုပ်ကိုင်ခဲ့သူ ဦးအောင်ထွေးကဆိုသည်။ 

၀ိုင်းမော်၊ မြစ်ကြီးနားနှင့် ကချင်ပြည် နယ်က မိုးရေခံ လယ်တွေက ၂၀၂၁ ခုနှစ်တွင် သက်လတ်စပါးများ စပါးအောင်ရေမခဲ့ခြင်း ကြောင့်  ရက် ၉၀ စပါးမျိုးများကို အဓိက စိုက် ပျိုးလာကြောင်း ၎င်းင်းက ဆိုသည်။ သက်တမ်း တိုစပါးက အထွက်တိုးသော်လည်း စျေးနှုန်း တွင် တစ်တင်းလျှင် ကျပ်သုံးထောင်ဝန်းကျင်မို့ နည်းကြောင်းဆိုသည်။

“မနှစ်က ရက်၉၀ စပါး ချင်းသုံး (ဆင်း ဧကရီ ၃) ထွက်ပြီး  မိုးခေါင်တော့ အထွက်လျော့ ပေမဲ့ အောင်သေးတယ်။ ငွေတိုး၊ မှော်ဘီ၊ ခတ် ချိုဆန်မွှေးတွေ တစ်ပင်မှ မငိုက်တော့ ဒီနှစ် အားလုံးပယ်ကြတယ်။ ကြာရင် ဒီထက် သက် တမ်းတိုတဲ့စပါး ရှာစိုက်ရတော့မလား မသိ ဘူး။ ရာသီကို လိုက်ပြောင်းရတာပေါ့။ မိုးက လည်း တစ်နှစ်ပြီး တစ်နှစ် တဖြည်းဖြည်း နည်း လာပြီကော”ဟု ဆိုသည်။

၂၀၂၁ ခုနှစ် မိုးရေခံလယ် အထိနာမှုက တောင်သူများကို သင်ခန်းစာ အများဆုံးပေးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်မှ တောင်သူ ဦးမောင်ဦးက ဆိုသည်။

“လယ်ဘေး မိုးရေစုကန်တူးထားတဲ့သူက အထိသက်တော့ လိုက်တူးကြရတယ်။ အချို့ လည်း မြေကျယ်သူတွေက ငါးကန်သဘောမျိုးအထိ မိုးရေစုကန် တူးကြတယ်။ လယ်ကျဉ်း တဲ့သူတွေက ငါးပေါက်၊ ခြောက်ပေါက် ကျင်း ရိုက် ကြတယ်။ ရေမရင် တောင်သူမှာ ငတ်မယ့် နှစ်မျိုးပဲလေ။ ဧရာမင်း၊ ပဒေသာ၊ မှော်ဘီ စပါးမျိုးတွေ ထိတယ်။ လုံးသွယ်မွှေး၊ တုတ်ဖွေး၊ ချင်းသုံးသက်တာတယ်။ အထိနာတဲ့ စပါးမျိုး ပယ်၊ ရေငတ်ခံကို မျိုးယူပြန်ယူတာပေါ့”ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် စပါးစိုက်ဧက ကိုးသောင်းကျော်အနက် တစ်သောင်းကျော် သာ ဆည်ရေသောက်လယ်မြေများဖြစ်ပြီး  ရှစ်သောင်းနီးပါးမှာ မိုးရေခံလယ်များဖြစ်သော ကြောင့် မုတ်သုံရာသီ ပြောင်းလဲလာသည့်အမျှ စပါးမျိုးများ၊ သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း မြစ်ကြီးခရိုင်၊ စိုက်ပျိုးရေး ဦးစီးမှူး  ဦးအောင်မျိုးဝင်းက အကြံပြုသည်။

“စပါးအပါအဝင် ဘယ်သီးနှံမဆို သက် တမ်းအထွက်တိုးမျိုးတွေကို စိုက်စေချင်တယ်။

နောက်လုပ်အား နည်းစနစ်၊ စက်မှုစွမ်းအား အကူအညီတွေလိုတယ်။ မျိုးစေ့ချ စနစ်သုံး တာ မျိုးပေါ့။ အချိန်တိုနဲ့ အမြန် သီးနှံတွေ သိမ်းနိုင်တော့ ရာသီဘေးတွေကနေ လွှတ်နိုင် တာပေါ့”ဟု သုံးသပ်သည်။

ကချင်ပြည်နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း မိုးကာလမှာ ရက်ပေါင်း ၂၂ ရက်အထိ တိုလာ သည်။ Climate Change ကြောင့် မုတ်သုံကာ လ တိုတောင်းခြင်းဖြစ်ပြီး  မုတ်သုံမိုးကာလ ဆက်လက်တိုမည်ဖြစ်ကြောင်း၊ ကမ္ဘာ့မိုးလေဝ သပညာရှင်များက မုတ်သုံမိုးသည် ပျောက် ကွယ်နိုင်သည့် သုံးသပ်ကြကြောင်း ကချင်ပြည် နယ် မိုးလေဝသနှင့် ဇလဗေဒ ဒုတိယညွှန်ကြား ရေးမှူး ဦးတင်ထိုက်က  ဆိုသည်။

“ကချင်ပြည်နယ်က မုတ်သုံနောက်ဆုံးမှ ဝင်ပြီး  အရင်ဆုံးထွက်တာလေ။ မုတ်သုံကာလ တိုသွားတာ သိသာတယ်”ဟု ဆိုသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက အနာဂတ် ကာလတွင် ဆည်ရေသောက် လယ်ယာလုပ် ငန်းတိုးမြှင့်ရေးမူဝါဒများချမှတ်ခြင်း၊ ရာသီ ဒဏ်ခံနိုင်ပြီး အထွက်တိုးသည့် သက်ငယ်စပါး မျိုးများကို ထုတ်လုပ်နိုင်ရန် သုတေသနပြုနေ ကြောင်း သိရသည်။ ရာသီဥတုပြောင်းလဲခြင်း ဃူငာအေန ဃ့ညေါန ကြောင့် မိုးရွာသွန်းမှု ပုံစံ မမှန်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မုတ်သုံ ကာလ ၁၄၄ ရက်မှ ၁၂၁ ရက်အထိ တိုတောင်း လာတာဖြစ်လာသည်။ မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ်နောက်ပိုင်း မုတ်သုံရာသီဥတု အပြောင်းအလဲများ စတင်ပြောင်းလဲလာခဲ့ပြီး  မုတ်သုံလေ အဝင် နောက်ကျခြင်း၊ မုတ်သုံ ကာလ အထွက်စောခြင်း၊ မုတ်သုံအားပြတ် ခြင်း၊ မုတ်သုံမိုးလျော့နည်းလာခြင်း စသည့် လက္ခဏာများ ကြုံတွေ့လာခဲ့သည်။

စိုက်ပျိုးရေးဌာနများနှင့် မိုးလေဝသ ဌာနပူးပေါင်းပြီး  ပြောင်းလဲလာသည့် ရာသီ ဥတုနှင့်အညီ ရေလိုအပ်ချက်နည်းသည့် ရာသီ ဒဏ်ခံ စျေးကွက်ဝင်သီးနှံများ အစားထိုးစိုက် ပျိုးရန် ပညာပေးခြင်းများလုပ်နေသည်ဟု ဆို သည်။

၂၀၁၇ ခုနှစ်က ထုတ်ဝေသော “မြန်မာ နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း”အစီရင်ခံစာတွင် ရာသီဥတု၏ ပြောင်းလဲမှု အကျိုးဆက်ကြောင့်  မြန်မာနိုင်ငံ ၏ ကုန်းတွင်းပိုင်းဒေသတွင် ၁၉၈၀ မှ ၂၀၁၀ ခုနှစ်အထိ  ဆယ်စုနှစ် တစ်ခုတိုင်းတွင် ပျှမ်းမျှ အပူချိန် ၀ ဒသမ ၃၅ ဒီကရီ စင်တီဂရိတ်အထိ တိုးလာနေကြောင်း  စာရင်းဇယားများက ဆို သည်။ အပူချိန်တိုးလာသည့် အကျိုးဆက် အပြင် မိုးရွာသွန်းမှု ပုံစံ ပြောင်းလဲခြင်း၊ မိုး များခြင်း၊ နည်းခြင်း၊ မိုးမမှန်ခြင်း စသည့် အကျိုးဆက်များကို မြန်မာ့တောင်သူများ ခံစားနေကြရသည်။

ကြိုပြင်မှ သက်သာမည်

“ဒီနှစ်လိုမျိုးရာသီက ဘာနဲ့မှ မကယ်နိုင် ဘူးဗျာ။ ပဲပုပ်တွေ၊ မြေပဲလည်း စကောက်ဖို့ ပြင်နေကြတုန်း မေလ ၁၃ ရက် စကြီးတာပဲ။ ရေက ဒူးခေါင်းလောက်ကနေ ခါးလောက် အထိ မြုပ်သွားတာ။ ခါတိုင်းနှစ်လို လှည်းနဲ့

ကားနဲ့ သွားသိမ်းရတာ မဟုတ်ဘူး။ စက်လှေ တွေနဲ့ ပဲနုတ်ရတော့ မကောင်းတော့ဘူးလေ။ တာပိန်မြစ်ကြောင်း တစ်လျှောက်လုံးက ရွာ တွေ အားလုံးထိကြတာ။ ဧကပေါင်း ရာကြီး ထောင်ဂဏန်းရောက်သွားတာပဲ။ အခုလယ်

ပြီး လို့ နွေမှာ သိမ်းတဲ့သီးနှံ စိုက်ရတော့မယ်။ ဘာရွေးရမှန်း မသိကြသေးဘူး” ဟု ဗန်းမော် ခရိုင်၊ တာပိန်မြစ်ရိုးမန်နောင်ကျေးရွာက ကိုအောင်နွေထွန်းက ဆိုသည်။

သီးနှံအခြောက်ခံစက်များ၊ ကုန်ထုတ် လမ်းကြောင်းများနှင့် နည်းပညာများ ဒေသခံ တောင်သူများ လိုအပ်နေကြောင်းလည်း ဆို သည်။

“မြေပဲဆိုရင် မိုးရေထဲ နုတ်ပြီး နေပူလှန်း ရင် ဆီထွက်နှုန်း ကျတာမျိုး မရှိဘူး။ ဒီနှစ်က ရေကြီးပြီး မိုးပါ ရက်ဆက်ရွာလိုက်တော့ရစရာ ကိုမရှိတာ။ အခြောက်ခံစက်မျိုးနဲ့ဆိုရင် ဆုံး ရှုံးနိုင်ခြေ နည်းမှာပဲ။ ပဲပုပ်လိုမျိုးကျတော့ မိုး ထိမခံချင်ဘူး။ ဒီနှစ်တော့ ပြောင်း၊ မြေပဲနဲ့ နေ ကြာစိုက်ဖို့ တောင်သူတွေ  ပြောနေကြတယ်” ဟု ၎င်းင်းက ဆိုသည်။

ကချင်ပြည်နယ် စိုက်ပျိုးရေးဌာန ပြည် နယ်ညွှန်ကြားရေးမှူး ဦးဌေးလွင်က ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ တောင်သူ အများစုမှာ မည်သည့်သီးနှံမဆို သက်တမ်းတို မျိုးများကို ရွေးချယ်စိုက်ပျိုးလာကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး  ပိုးမွှားဒဏ်ခံသည့် မျိုး များကို ရွေးချယ်သင့်ကြောင်း၊ စိုက်ပျိုးရေးတွင် သီးနှံအမျိုးအစား ရွေးချယ်လိုပါက ပညာရှင် အကြံပြုချက်၊ စိုက်ပျိုးရေးဌာနများတွင် အကြံ ဉာဏ်များ တောင်းယူသင့်ပါကြောင်း၊ စိုက်ပျိုး မြေပျက်စီးမှု၊ ရေမြောင်း၊ ကုန်ထုတ်လမ်း တွေနှင့် ပတ်သက်ရင် အထွေထွေ အုပ်ချုပ်ရေး ဌာန၊ ဆည်မြောင်းဌာန၊စိုက်ပျိုးရေးဌာနများ ကို  စုပေါင်းစာတင်မှုများ ပြုလုပ်သင့်ကြောင်းအကြံပြုသည်။

၎က “ပျက်စီးတာတွေ စုပေါင်းပြုပြင် စရာရှိရင်တော့ စုပေါင်းပြီး  တင်ပြတာမျိုး လုပ် စေချင်တယ်။ သို့ပေမဲ့ နယ်မြေဒေသ အေးချမ်း တည်ငြိမ်မှ လုပ်နိုင်တဲ့ အခြေအနေဖြစ်ပါ တယ်”ဟု ဆိုသည်။

သိပ္ပံပညာရှင်များ တွေ့ရှိချက်က ကမ္ဘာ ကြီးပူနွေးမှုသည် ကမ္ဘာပေါ်မှာ ဆယ်စုနှစ်၊ ရာစုနှစ်ချီဆက်လက် ရှိနေဦးမည်။ ယခုထက် ပိုမိုဆိုးရွားသည့် ဥတုဘေးများနှင့်လည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ကြရမည့် အခြေ အနေဖြစ်သည်။ စိုက်ပျိုးရေးတွင် မိရိုးဖလာ အားကိုးခဲ့သည့် မုတ်သုံမိုးတစ်ခုတည်းဖြင့် ရေရှည်ရပ်တည်ဖို့ ခက်ပါလိမ့်မည်။ ပြောင်းလဲ နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီ ထွေ စိုက်ပျိုးနိုင်ရေးမှာဘက်ပေါင်းစုံက  ပြင် ဆင်ကြရမည်ဖြစ်ပေသည်။

Most Read

Most Recent