နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေများ ဆွေးနွေး

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေများ ဆွေးနွေး
Published 8 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရသည့် သံအမတ် ကြီးက ဇွန် ၇ ရက်တွင် ၎င်းင်း၏ သံအမတ်ခန့် အပ်လွှာကို နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဧည့်ခန်းမဆောင်$ လာရောက်တွေ့ ဆုံ၍ ပေးအပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံကြားတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီရိ လ င်္ကာ သံအမတ်ကြီးတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန်နှင့် သီရိလင်္ကာနိုင်ငံသို့ မြန်မာ နိုင်ငံမှ အကူအညီပေးရေး၊ နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာများနှင့် စိုက်ပျိုးရေးဆိုင်ရာများ ပူး ပေါင်းဆောင်ရွက်မည့်ကိစ္စများအပြင် နှစ်နိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေများကို ပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။