ကိုဗစ်ကပ်အရေးနဲ့ ကာကွယ်ဆေး

ကိုဗစ်ကပ်အရေးနဲ့ ကာကွယ်ဆေး
Published 16 May 2022
ဒေါက်တာလွင်သန့်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ ၂၀၂၂ မေ ၁၀ ရက်အထိ လူသားသန်း ၅၁၀ သန်းကူးစက်ခံရကာ ၆.၂၇ သန်း သေဆုံးခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၆၁၃၀၅၆ ဦးရှိခဲ့ပြီး သေဆုံးသူ  ၁၉၄၃၄ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှား အိုမီခရွန်ဗီဇ  မျိုးကွဲသစ်ကူးစက်ရာမှာ ကလေးတွေအတွက်အသက် (၅-၁၁) နှစ် ကြား ဆေးရုံတက်ရောက်နှုန်းပိုများခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) ကဆိုတယ်။ အိုမီခရွန် မျိုးကွဲကူးစက်မှု လှိုင်းဖြစ်လာချိန်မှာ ဆေးရုံတက်ရတဲ့ကလေး ၄၀၈ ဦးမျှရှိခဲ့ပြီး ၈၇ ရာခိုင်နှုန်းက ကာကွယ်ဆေးမထိုးရသေးတဲ့သူများဖြစ် ပါတယ်။ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးတွေမှာရောဂါ အခံမရှိသူ ၃၀ ရာခိုင်နှုန်းဖြစ်တယ် ဆိုတယ်။ လေ့လာမှုအရ ကလေးတွေမှာ ကာကွယ်ဆေးမထိုးရသေးချိန်၊ အိုမီခရွန်မျိုးကွဲ ကူးစက်မှု အစောပိုင်းကာလတွေမှာ ဆေးရုံတက်ရတဲ့အထိ ကလေးတွေရဲ့နာမကျန်းမှု အခြေအနေကို မှတ်တမ်းတင်ထားပြီး ကာကွယ်ဆေးထိုးနှံဖို့ ကြိုးစားလာတယ်။ ၂၀၂၀ မတ်လကစပြီး အသက် ၅-၁၁ နှစ်အုပ်စု ဆေးရုံတက်ရသမျှ ကလေး ၁၅၀၀ ရဲ့ အချက်အလက်တွေ လေ့လာခဲ့ပြီး  ၂၀၂၂ ဒီဇင်ဘာ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်ကြား ဆေးရုံတက် ကလေး ၄၀၀ နီးပါးအထိရှိပါတယ်။

ကိုဗစ်ဗိုင်းရပ်က အစာအိမ်နဲ့ အူလမ်းကြောင်းမှာ လနဲ့ချီကြာမြင့်စွာ‌ ကျန်ရှိနေနိုင်ကြောင်း၊ ကိုဗစ် လူနာတစ်ဦးမှာ အစောပိုင်းကုသမှုအရ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်မရှိတော့ပေမဲ့ အစာအိမ်အူ လမ်းကြောင်းမှာ လေးလကြာအထိ  ဆက်ရှိနေကြောင်း လေ့လာမှုမှာ တွေ့ရှိရတယ်လို့ စတန်းဖို့တက္ကသိုလ်ရဲ့ ဆေးပညာနဲ့မျိုးရိုးဗီဇတွဲ ဖက်ပါမောက္ခက ဆိုပါတယ်။ အချို့လူနာတွေမှာ ရောဂါသက်သာသွားတဲ့တိုင်၊ ဗိုက်နာတာ၊ အော်ဂလီဆန်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာစတဲ့ လက္ခဏာတွေ ခံစားရကာ အူထဲမှာ ဗိုင်းရပ်ပိုး ကြာရှည်စွာကျန်ရှိနေတဲ့အချက်ကနေ ဆက်စပ်လို့ ကိုဗစ်ရောဂါခံစားမှုနဲ့ ဆက်စပ်နေနိုင်ကြောင်း ဆိုပါတယ်။

အခြားလေ့လာမှုအရ ကပ်ရောဂါအတွင်း ကိုဗစ်လူနာ ၁၀ ဦး မှာ ခြောက်ဦးဟာ ရောဂါလက္ခဏာ တစ်နှစ်ကျော်ခံစားရပြီး ကိုဗစ်ဖြစ်ပြီးလူနာတွေရဲ့ ၆၀ ရာခိုင်နှုန်းက မောပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ စိတ်တိုစိတ်ဆတ်တာ အဖြစ်အများဆုံးလက္ခဏာအဖြစ် တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာတွေ ကာလရှည် ဆက်လက်ခံ စားနေရတာကြောင့် နေ့စဉ်ဘဝနေထိုင်မှုကို သက်ရောက်မှုဖြစ်စေနိုင်တယ်လို့ လူဇင်ဘာ့ဂ် ကျန်းမာရေးဌာန လေ့လာမှု ဦးဆောင်သူ အောရီရယ်ဗစ်ရှားက ဆိုပါတယ်။ လူနာ ၁၀ ဦးမှာ ခြောက်ဦးက ကူးစက်မှုက နေသက်သာသွားတဲ့တိုင် ရောဂါလက္ခဏာတွေက သီတင်း ၁၅ ပတ် ကုန်ဆုံးတဲ့ အထိတစ်နှစ်ကျော်အထိ ကျန်ရှိဆဲဖြစ်တယ်ဆိုတယ်။ ပြင်းထန်တဲ့ကူးစက်မှုကနေ သက်သာသွားပြီးနောက် ရောဂါလက္ခဏာ ကြာရှည်စွာ ဆက်လက်ခံစားနေနိုင်ပြီး ပြင်းထန်တဲ့ကူးစက်မှုမဟုတ်ဘဲ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှု (သို့မဟုတ်) မပြင်းထန်တဲ့ ကူးစက်မှုတွေလည်း နောက်ပိုင်းခံစားရနိုင်တာကြောင့် ထပ်ဆင့်မြှင့်ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ကြောင်းဆိုပါတယ်။ ပြုပြင်မွမ်းမံထားတဲ့မိုဒါနာ ကာကွယ်ဆေးသစ်က ကိုဗစ်မျိုးကွဲများပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်တယ်ဆိုတယ်။ဖိုင်ဇာကုမ္ပဏီက အသက်ခြောက်လမှ ငါးနှစ်အတွင်း ကာကွယ်ဆေး ထိုးနှံခွင့်တင်ပြထားပါတယ်။

ကပ်ရောဂါကာလအတွင်း အလွယ်တကူ အိပ်မပျော်နိုင်သူ၊ ခြောက်နာရီအောက်နည်းသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေများတယ်ဆိုတယ်။ ကပ်ရောဂါမတိုင်မီနဲ့ကပ်ရောဂါအတွင်း အိပ်စက်မှု မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရ အိပ်မပျော်ကာလ ကြာမြင့်တဲ့အခါ စိတ်ဓာတ်ကျရောဂါနဲ့ အခြားကျန်းမာရေးဆိုင်ရာ အခက်အခဲတေ ွရုန်းကန်လာနေတာ တွေ့ရတယ်လို့ ဘော့စတွန်မြို့ ဘရီဟတ်ဆေးရုံမှ သုတေသီမာ့ခ်ဇစ် ဆလာက ဆိုတယ်။ ၂၀ ရာခိုင်နှုန်းက စိတ်သောကဖြစ်တာနဲ့ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေတွေ့ရပြီး ၃၀ ရာခိုင်နှုန်းက စိတ်ပန်း၊ လူပန်းဖြစ်တာ ၂၀ ရာခိုင်နှုန်းက စိတ်ဖိစီးမှုခံရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူဆိုင်ရာကျန်းမာရေးလက္ခဏာတွေ ခံစားရနိုင်ခြေများ လာနိုင်တယ်လို့ဆိုပါတယ်။ ကောင်းမွန်စွာအိပ်ပျော်ဖို့ ကြိုးစားပေးပြီး ပုံမှန်အိပ်စက်တဲ့ အချိန်ဇယားရှိသူ တွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကာကွယ်ထားနိုင်တယ်ဆိုပါတယ်။

ကမ္ဘာတစ်လွှား အိုမီခရွန်ဗီဇ မျိုးကွဲသစ်ကူးစက်ရာမှာ ကလေးတွေအတွက်အသက် ၅-၁၁ နှစ် ကြား ဆေးရုံတက်ရောက်နှုန်းပိုများခဲ့ကြောင်း အမေရိကန်ရောဂ ါထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးဗဟို (CDC) ကဆိုတယ်။ အိုမီခရွန် မျိုးကွဲကူးစက်မှု လှိုင်းဖြစ်လာချိန်မှာ ဆေးရုံတက်ရတဲ့ကလေး ၄၀၈ ဦး မျှရှိခဲ့ပြီး ၈၇ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးရသေးတဲ့ သူများဖြစ်တယ် ဆိုတယ်။ ကူးစက်ခံရမှုကြောင့်ဆေးရုံတက်ရတဲ့ ကလေးတွေမှာရောဂါအခံမရှိသူ ၃၀ ရာခိုင်နှုန်းဖြစ်တယ် ဆိုပါတယ်။ ယခုလေ့လာမှုအရ ကလေးတွေမှာ ကာကွယ်ဆေးမထိုးရသေးချိန်၊ အိုမီခရွန်မျိုးကွဲကူးစက်မှုအစောပိုင်းကာလတွေမှာ ဆေးရုံတက်ရတဲ့ အထိကလေးတွေရဲ့ နာမကျန်းမှု အခြေအနေကို မှတ်တမ်းတင်ထားပြီး ကာကွယ်ဆေးထိုးနှံဖို့ ကြိုးစားလာပါတယ်။ ၂၀၂၀ မတ် လကစပြီး အသက် ၅-၁၁ နှစ်အုပ်စု ဆေးရုံတက်ရသမျှ ကလေး ၁၅၀၀ ရဲ့ အချက်အလက်လေ့လာခဲ့ပြီး၊ ၂၀၂ ၂ ဒီဇင်ဘာ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်ကြား ဆေးရုံတက်ကလေး ၄၀၀ နီးပါးအထိရှိခဲ့ပြီလို့ သိရပါတယ်။

ကိုဗစ်ဗိုင်းရပ်က အစာအိမ်နဲ့အူလမ်းကြောင်းမှာ လနဲ့ချီကြာမြင့်စွာ ‌ကျန်ရှိနေနိုင်ကြောင်း၊ ကိုဗစ်  လူနာတစ်ဦးမှာ အစောပိုင်း ကုသမှုအရ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်မရှိတော့ပေမဲ့ အစာအိမ် အူလမ်းကြောင်းမှာ လေးလကြာအထိ ဆက်ရှိနေကြောင်း လေ့လာမှုမှာ တွေ့ရှိရတယ်လို့ စတန်းဖို့တက္ကသိုလ်ရဲ့ဆေးပညာနဲ့ မျိုးရိုးဗီဇတွဲဖက်ပါမောက္ခဆိုတယ်။ အချို့ ကိုဗစ်လူနာတွေမှာ ရောဂါသက်သာသွားတဲ့တိုင် ဗိုက်နာတာ၊ အော်ဂလီဆန်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာ စတဲ့လက္ခဏာတွေခံစားရကာ အူထဲမှာ ဗိုင်းရပ်ပိုးကြာရှည်စွာ ကျန်ရှိနေတဲ့အချက်ကနေ ဆက်စပ်လို့ ကိုဗစ်ရောဂါခံစားမှုနဲ့ဆက်စပ်နေနိုင်ကြောင်း အသေးစိတ်ထပ်ပြီး လေ့လာဖို့လိုကြောင်း ဆိုတယ်။

အခြားလေ့လာမှုအရ ကပ်ရောဂါအတွင်းကိုဗစ်လူနာ ၁၀ ဦး မှာ ခြောက်ဦးဟာ ရောဂါလက္ခဏာ တစ်နှစ်ကျော်ခံစားရပြီး ကိုဗစ်ဖြစ်ပြီးလူနာတွေရဲ့ ၆၀ ရာခိုင်နှုန်းက မောပန်းနွမ်းနယ်ကာ အသက်ရှူကျပ်တာ၊ စိတ်တိုစိတ်ဆတ်တာ၊ အဖြစ်အများဆုံးလက္ခဏာအဖြစ် တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေ ကာလရှည် ဆက်လက်ခံစားနေရတာကြောင့် နေ့စဉ်ဘဝ နေထိုင်မှုကို သက်ရောက်မှုဖြစ်စေနိုင်တယ်လို့ လူဇင်ဘာ့ဂ်ကျန်းမာရေးဌာန လေ့လာမှုဦးဆောင်သူ အောရီရယ် ဗစ်ရှားကဆိုတယ်။ လူနာ ၁၀ ဦး မှာ ခြောက်ဦးက ကူးစက်မှုကနေ သက်သာသွားတဲ့တိုင်ရောဂါလက္ခဏာတွေက သီတင်း ၁၅ ပတ်ကုန်ဆုံးတဲ့အထိ တစ်နှစ်ကျော် ကျန်ရှိဆဲ ဖြစ်တယ ်ဆိုတယ်။ ပြင်းထန်တဲ့ကူး စက်မှုကနေ သက်သာသွားပြီးနောက် ရောဂါလက္ခဏာကြာရှည်စွာဆက်လက်ခံစားနေနိုင်ပြီး ပြင်းထန်တဲ့ကူးစက်မှုမဟုတ်ပဲ ရောဂါလက္ခဏာမပြတဲ့ကူးစက်မှု(သို့)မပြင်းထန်တဲ့ ကူးစက်မှုတွေလ ည်း နောက်ပိုင်းခံစားရနိုင်တာကြောင့် ထပ်ဆင့်မြှင့်ကာကွယ်ဆေးထိုးနှံဖို့လိုအပ်ကြောင်း ဆိုတယ်။ ပြုပြင်မွမ်းမံထားတဲ့ မိုဒါနာကာကွယ်ဆေးသစ်က ကိုဗစ်မျိုးကွဲများ ပိုမိုထိရောက်စွာကာကွယ်ပေးနိုင်တယ်ဆိုတယ်။ ဖိုင်ဇာကုမ္ပဏီက အသက် ခြောက်လမှ ငါးနှစ်အတွင်းကာကွယ် ဆေးထိုးနှံခွင့်တင်ပြထားတယ်။

ကပ်ရောဂါကာလအတွင်း အလွယ်တကူအိပ်မပျော်နိုင်သူ၊ ခြောက်နာရီအောက်နည်းသူတွေ မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေများတယ် ဆိုတယ်။ ကပ်ရောဂါမတိုင်မီနဲ့ ကပ်ရောဂါအတွင်း အိပ်စက်မှု မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ အိပ်မပျော်ကာလကြာမြင့်တဲ့အခါ စိတ်ဓာတ်ကျရောဂါနဲ့ အခြား ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေရုန်းကန်လာနေတာတွေ့ရတယ်လို့ ဘော့စတွန်မြို့ ဘရီဟတ် ဆေးရုံမှ သုတေသီမာ့ခ်ဇစ်ဆလာက ဆိုတယ်။ ၂၀ ရာခိုင်နှုန်းက စိတ်သောကဖြစ်တာနဲ့ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေတွေ့ရပြီး ၃၀ ရာခိုင်နှုန်း က စိတ်ပန်း၊ လူပန်းဖြစ်တာ ၂၀ ရာခိုင်နှုန်းက စိတ်ဖိစီးမှုခံရတယ် လို့ဆိုပါတယ်။

ကိုဗစ်ကာလ အချို့လုပ်ငန်းတွေ ဆက်လက်ရှင်သန်နေပါတယ်။ ဗီဒီယိုတည်းဖြတ်သူအနေနဲ့ ရုပ်ပုံများ သက်ဝင်လှုပ်ရှားလာအောင် ဖန်တီးပေးရတဲ့ အတတ်ပညာ၊ ဗီဒီယိုတည်းဖြတ်တဲ့ ဆော့ဝဲကိုအသုံး ပြုနိုင်တဲ ့အတတ်ပညာ၊ ဗီဒီယိုတည်းဖြတ်တဲ့လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်လာဖို့နဲ့ဗီဒီယိုများ၊ စီဒီခွေများပေါ် ကူးယူမှု မြန်ဆန်လာရေးအတွက် ကွန်ပျူတာဆော့ဝဲများကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ ်။  ရုပ်ရှင်ဇာတ်ကား ဗီဒီယိုထုတ်လုပ်ရေးမှာ စျေးကွက် ဝယ်လိုအားနှင့်အညီ ဗီဒီယိုများကို အချိန်မီ အမြန်ထွက်ဖို့လိုတယ်။ဖောက်သည် များလာတာနဲ့အမျှ ကိုယ့်ရဲ့ဗီဒီယိုတည်းဖြတ်မှုစွမ်းရည် ကြောင့် ကိုယ်ရဲ့ကနဦး ရင်းနှီးမြှုပ်နှံမှုများမှအမြတ်အစွန်းအမြောက် အမြားရနိုင်ပါတယ်။

ဘဏ်လုပ်ငန်း/ဘဏ်လုပ်ငန်း၊ ငွေကြေးစုဆောင်းခြင်း၊ ထုတ်ပေးခြင်းတို့မှာ နိုင်ငံတကာတွင် ကျယ်နေပါတယ်။ စျေးဝယ်ကတ်၊ အကြွေးဝယ်ကတ်၊ ဘဏ်ပေး (Bank Pay)၊ ဘဏ်အကောင့် (Bank Account) ဘဏ်နဲ့ အေတီအမ် (ATM) ငွေထုတ်၊ငွေလွှဲစနစ်တွေက ဘဏ်ပိတ်ထားပေးမဲ့ ၂၄ နာရီ လည်ပတ်လို့နေပါတယ်။

ဘဏ်မန်နေဂျာ/ဘဏ္ဍာရေး မန်နေဂျာဟာအဖွဲ့အစည်းတစ်ခုရဲ့ ဘဏ္ဍာရေးအခြေအနေကောင်းမွန်အတွက်လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ သူ့ရဲ့တာဝန်က ဘဏ္ဍာရေးအခြေအနေဆိုင်ရာ အစီရင်ခံစာတင်ပြခြင်း၊ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုအတွက် ဆောင်ရွက်ပေးခြင်း၊ အဖွဲ့အစည်းများအတွက် ရေရှည်ဘဏ္ဍာရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေး စီမံကိန်း ရေးဆွဲပေးခြင်းတို့ဖြစ်တယ်။ဘဏ်များ၊ အာမခံကုမ္ပဏီများမှာ စွမ်းရည်မြင့်လေ၊ လစာကောင်းကောင်းပေးကာ ခန့်အပ်ထားလာကြပါတယ်။ နေအိမ်ကနေလုပ်ကိုင် နိုင်တယ်။

ပညာရေး/အီးပညာရေးဟာ နည်းပညာပြည့်စုံတဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်ကာလထိုးဖောက်ဝင် ရောက်လာတာပဲဖြစ်တယ်။ဆရာနဲ့တပည့်အွန်လိုင်းကတွေ့ဆုံပြီး ဗီဒီယိုကွန်ဖရင ့်စနစ်နဲ့သင်ကြားပို့ချနိုင်တယ်။ စာမေးပွဲဖြေဆိုနိုင်တယ်။အတန်းအတက်၊ အကျပြုလုပ်နိုင်တယ်။ ကျူရှင်၊ ဂိုက်သင်ကြား သင်ယူနိုင်ပါတယ်။ လျှပ်စစ်မီး၊အွန်လိုင်း‌ကောင်းမွန်မှု၊ လပ်တော့စတဲ့ အခြေခံပစ္စည်းများဖူလုံဖို့ လိုအပ်နေပါတယ်။

ကျန်းမာရေး/အိမ်ထဲမှာနေ ကာလမှာ ဆရာဝန်၊ မိသားစု၊ ဆရာဝန်နဲ့တိုင်ပင်ကာဆေးကုသနိုင်ပါတယ်။ ဆေးခန်း၊ ဆေးရုံဆီ သွားစရာမလိုဘဲ ဆရာဝန်ထံ ဖုန်းဆက် ဗိုင်ဘာ (Viber) ဖွင့်ကာ အပြင်နဲ့ မခြား ကုသမှုယူနိုင်တယ်။ အထွေထွေ ရောဂါကုဆရာဝန်များက အင်တာနက်အွန်လိုင်းက နေဗီဒီယိုဖိုင်နဲ့ ဖြစ်ပွားနေတဲ့ရောဂါအမျိုးအမည်ကို ရှာဖွေသတ်မှတ်ပေးပြီး၊ လိုအပ်တဲ့ညွှန်ကြားမှုများပေးကာ၊ သာမန်ဖျားနာမှုမှ သွေးတိုး၊ နှလုံးသွေးကြော၊ ဆီးချိုရောဂါအထိ ကုသပေးနိုင်ပါတယ်။

ရှေ့နေနှင့်အွန်လိုင်းတရားရုံး/အကြံပေးရှေ့နေဟာ စီပွားရေးလုပ်ငန်း (သို့) ကုမ္ပဏီအတွက်ဥပဒေ ဆိုင်ရာ အကြံပေးဖ ို့ဖြစ်တယ်။အကြံပေးရှေ့နေအနေနဲ့ဥပဒေလောကမှ အတွေ့အကြုံများနဲ့ပညာရေးဆိုင်ရာ အရည်အချင်းများရှိဖို့လိုအပ်ပါတယ်။ နိုင်ငံရေးသိပ္ပံဘွဲ့၊ ဥပဒေ ဘွဲ့နဲ့နိုင်ငံခြားဘာသာ(အင်္ဂလိပ်စာ၊ ကိုးရီးယားစာ၊ ဂျပန်စာ) များ သင်ယူနိုင်ပါတယ်။

ကိုဗစ်ကာလမှာ တရားရုံးဆီ သွားလာစရာမလိုပဲ အွန်လိုင်းမှတဆင့် (Virtual)စနစ်နဲ့တရားစီရင်နိုင်တယ်။ ရှေ့နေများလျှောက်လွှဲချက်ပေးနိုင်ပါတယ်။ တရားသူကြီးများ၊ အိမ် (သို့မဟုတ်) တရားရုံးကနေ ဗီဒီယို (Virtual) စနစ်နဲ့ စီရင်နိုင်ကြပါတယ်။

ကိုဗစ်ရောဂါကာလ ကမ္ဘာ့နေရာအနှံ့အပြားရောဂါကူးစက်ပျံ့နှံ့သေဆုံးမှုများလာတာနဲ့အမျှ “လူသားတို့ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ပုံမှန်ဘဝသစ်”ကို ကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။

ကိုဗစ်ကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ ကျန်းမာရေးလက္ခဏာတွေ ခံစားရနိုင်ခြေများ လာနိုင်တယ်လို့ဆိုတယ်။ကောင်းမွန်စွာ အိပ်ပျော်ဖို့ကြိုးစားပေးပြီး ပုံမှန်အိပ်စက်တဲ့အချိန် ဇယားရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ကာကွယ်ထားနိုင်တယ်ဆိုတယ်။  

Most Read

Most Recent