Total ကုမ္ပဏီ ထွက်ခွာသွားသည့် မြန်မာနိုင်ငံမှ ဓာတ်ငွေ့လုပ်ကွက်ကို ထိုင်းကုမ္ပဏီက အစားထိုးရယူမည်။ ပင်နီဆူလာဟိုတယ်လုပ်ငန်းစုက စီမံကိန်းရပ်ဆိုင်းထားသည့် ရန်ကုန်ဟိုတယ်စီမံကိန်း၏ မူရင်းတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၃၀ ထဲမှ ဒေါ်လာ ၈၇ သန်းကိုလျှော့ချပြီး အရှုံးစာရင်းဖြင့်ဖော်ပြခဲ့

Total ကုမ္ပဏီ ထွက်ခွာသွားသည့် မြန်မာနိုင်ငံမှ ဓာတ်ငွေ့လုပ်ကွက်ကို ထိုင်းကုမ္ပဏီက အစားထိုးရယူမည်။ ပင်နီဆူလာဟိုတယ်လုပ်ငန်းစုက စီမံကိန်းရပ်ဆိုင်းထားသည့် ရန်ကုန်ဟိုတယ်စီမံကိန်း၏ မူရင်းတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၃၀ ထဲမှ ဒေါ်လာ ၈၇ သန်းကိုလျှော့ချပြီး အရှုံးစာရင်းဖြင့်ဖော်ပြခဲ့
ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပင်နီဆူလာလုပ်ငန်းစု၏ စီမံကိန်းရပ်ဆိုင်းထားသော ရန်ကုန်ဟိုတယ်စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပင်နီဆူလာလုပ်ငန်းစု၏ စီမံကိန်းရပ်ဆိုင်းထားသော ရန်ကုန်ဟိုတယ်စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 20 March 2022

Total  ကုမ္ပဏီ ထွက်ခွာသွားသည့် မြန်မာနိုင်ငံမှ ဓာတ်ငွေ့လုပ်ကွက်ကို ထိုင်းကုမ္ပဏီက အစားထိုးရယူမည်

ဇန်နဝါရီတွင် ကမ္ဘာ့စွမ်းအင် ကုမ္ပဏီကြီးများဖြစ်သော Chevron နှင့် Total-Energies တို့ ထွက်ခွာ သွားပြီးနောက် မြန်မာနိုင်ငံအတွက် အဓိကကျသော ရတနာသဘာဝ ဓာတ်ငွေ့လုပ်ကွက်ကို လုပ်ကိုင်ရန် အတွက် ၎င်းတို့က အစားထိုးဝင် ရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်  လူ့အခွင့်အရေးအဖွဲ့များကြောင့် မြန်မာနိုင်ငံ၏ နစကအစိုးရနှင့် ဘဏ္ဍာရေးအရ အဆက်အသွယ်ဖြတ်တောက်ရန် နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာသဖြင့် အဆိုပါ အမေရိကန်နှင့် ပြင်သစ်ကုမ္ပဏီများက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဒါမန်ပင်လယ်အတွင်းရှိ ရတနာသဘာဝဓာတ်ငွေ့လုပ်ကွက်သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေကြေး အများဆုံးရရှိသည့် တစ်ခုတည်းသော ရင်းမြစ်များဖြစ်သော သဘာဝဓာတ်ငွေ့ စီမံကိန်းများစွာ အနက် တစ်ခုဖြစ်ကာ နှစ်စဉ် အမေရိကန် ဒေါ်လာတစ်ဘီလျံအထက် ရရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့သည်။

“ရတနာစီမံချက်ကနေ ထွက်ခွာဖို့ Total-Energies က ဆုံးဖြတ်ခဲ့ပြီးနောက် သဘာဝဓာတ်ငွေ့ထောက်ပံ့မှု မပြတ်တောက်ရေး သေချာစေဖို့ရာ လုပ်ငန်းကို ဆက်ခံရေး ခြေလှမ်းကိုလှမ်းဖို့ PTTEP ကုမ္ပဏီက စေ့စေ့စပ်စပ် သေသေချာချာ စဉ်းစားခဲ့ပြီးပါပြီ”ဟု PTT Exploration and Production Public Company (PTTEP) က မတ် ၁၄ ရက်က ထုတ်ပြန်သောကြေညာချက်၌ ပြောကြားထားသည်။

အများစုကို ထိုင်းအစိုးရက ပိုင်ဆိုင်သည့် စွမ်းအင် ကုမ္ပဏီ ဖြစ်သော PTT ၏ ယူနစ်တစ်ခု ဖြစ်သော PTTEP က ဇူလိုင် ၂၀ ရက်မှ စ၍ လုပ်ငန်းဆောင်ရွက်မှုများကို လွှဲပြောင်းရယူကာ ဓာတ်ငွေ့ ထုတ်လုပ်မှုကို ဆက်လက်ဆောင်ရွက်လျက် စွမ်းအင်လိုအပ်ချက် ပြတ်တောက်မှုကို ကာကွယ်မည်ဖြစ်ကြောင်းနှင့် ယင်းသည် အလွန်တရာ အရေးကြီးကြောင်းလည်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ သဘာဝဓာတ်ငွေ့လုပ်ကွက်သည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လိုအပ်ချက် ရာခိုင်နှုန်း ၅၀ ခန့်ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ၏ လိုအပ်ချက် ၁၁ ရာခိုင်နှုန်းကိုလည်းကောင်း ထုတ်လုပ်ပေးနေသည့် လုပ်ကွက်ဖြစ်သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို အကြီးအကျယ်ခံခဲ့ရပြီး စီးပွားရေးမြို့တော် ရန်ကုန်၌ လူအများ ရေ ရရှိရန် တန်းစီနေရခြင်းကိုပင် ဖြစ် ပေါ်စေခဲ့ရာ နစကအစိုးရက လောင်စာစျေးနှုန်းများ မြင့်တက်ခြင်းနှင့် အကြမ်းဖက်သမားများက  အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်းတို့အပေါ် အပြစ်တင်ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ အပါအဝင် နိုင်ငံ၏ ကျယ်ပြောလှစွာသော စီးပွားရေးကဏ္ဍများကို နစကကထိန်းချုပ်ကာ အကျိုးအမြတ် ရရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် British American Tobacco နှင့် ပြင်သစ်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်သော Voltalia တို့ အပါအဝင် အခြားနိုင်ငံတကာ ကုမ္ပဏီကြီးများသည်လည်း မြန်မာနိုင်ငံ၌ လုပ်ငန်းလုပ်ကိုင်ခြင်းမှနေ၍ ထွက်ခွာသွားခဲ့ကြသည်။

 

ပင်နီဆူလာဟိုတယ်လုပ်ငန်းစုက စီမံကိန်းရပ်ဆိုင်းထားသည့် ရန်ကုန်ဟိုတယ် စီမံကိန်း၏ မူရင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ထဲမှ ဒေါ်လာ ၈၇ သန်းကို လျှော့ချပြီး အရှုံးစာရင်းဖြင့်ဖော်ပြခဲ့

မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် လွန်ခဲ့သောနှစ်က ရပ်ဆိုင်းထားခဲ့သော ရန်ကုန်ဟိုတယ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ထဲမှ ဒေါ်လာ သန်း ၉၀ နီးပါး ကို ပင်နီဆူလာဟိုတယ်လုပ်ငန်းစု လုပ်ကိုင်သော ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းက တန်ဖိုးလျှော့အဖြစ် သတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ မီးရထားဝင်းအတွင်းတွင် တည်ဆောက်လျက်ရှိသော ၈၈ ခန်းပါ ရန်ကုန်ဟိုတယ်သည် ရာခိုင်နှုန်း ၇၀ ပြီးစီးနေပြီဟု မတ် ၁၆ ရက်တွင် ယင်းအုပ်စု၏ အမှုဆောင်ချုပ် ကလီးမန့်ကော့က Nikkei Asia ကိုပြောကြားခဲ့ပြီး လက်ရှိအနေအထားဖြစ်အောင်တည်ဆောက်ရာတွင် အားထုတ်မှု၊ အရင်းအမြစ်များ၊ ပုံစံနှင့် စီမံဆောင်ရွက်မှု တို့ အများအပြားရှိခဲ့သည်ဟု ဆိုသည်။

“အလုပ်တွေပြန်စဖို့ ဆီလျော်တဲ့အချိန် သတ်မှတ်ရေးအတွက် မြန်မာ့အရေးကို ကျွန်တော်တို့ ဆက်လက်လေ့လာဆန်းစစ်နေပါတယ်”ဟု ဟိုတယ်အုပ်စု၏ တစ်နှစ်တာ စာရင်းများကို ထုတ်ပြန်ရာတွင် ဖော်ပြခဲ့ပြီး လုပ်ငန်းပြန်စရန် တိကျသည့်အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိဟု ဖြည့်စွက်ဖော်ပြခဲ့သည်။

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ မိတ်ဖက်လုပ်ငန်းဖြစ်သည့် ရိုးမအုပ်စုနှင့် လုပ်ကိုင်နေသောလုပ်ငန်းကို ၁၂လကြာ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့သည်ဟု လွန်ခဲ့သော မေလတွင် ၎င်းက အစုရှယ်ယာဝင်များကို ပြောကြားခဲ့သည်။

စာရင်းရှင်းတမ်းတွင် ဖော်ပြထားသော စီမံကိန်း၏မူလတန်ဖိုးမှာ ယခုအခါ တန်ဖိုး လျော့ကျသွားပြီဟု မှတ်ယူထားကြောင်း ဟောင်ကောင် နှင့် ရှန်ဟိုင်းဟိုတယ်များအုပ်စုက ပြောကြားခြင်းနှင့်အတူ ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ်စာရင်းထဲတွင် ရန်ကုန်ဟိုတယ်စီမံကိန်း၏တန်ဖိုးကို ဟောင်ကောင်ဒေါ်လာ ၆၇၉ သန်း (အမေရိကန်ဒေါ်လာ ၈၇ သန်း) တန်ဖိုး လျှော့ချသတ်မှတ်ခဲ့သည်။ ယင်းသို့ တန်ဖိုး လျှော့ချသတ်မှတ် သည့်ပမာဏမှာ စီမံကိန်းမူရင်း တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းခန့်ရှိသည် ဟု ကုမ္ပဏီက ပြောကြားသည်။

ဟိုတယ်လုပ်ငန်းစုအနေဖြင့် ၂၀၂၀ ထက် အမြတ် ၂၈ ရာခိုင်နှုန်း တက်လာကာ ဟောင်ကောင် ဒေါ် လာ ၃ ဒသမ ၄၆ ဘီလျံ အမြတ်ပေါ်ခဲ့သော်လည်း စာရင်းအင်းတွင် ရန်ကုန်ဟိုတယ် အရှုံးပေါ်ခြင်းကြောင့် ပင်နီ ဆူလာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် အရှုံးပြခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် အသားတင်အရှုံး မှာ ဟောင်ကောင်ဒေါ်လာ သန်း ၁၂၀ ရှိခဲ့ရာ ၂၀၂၀ တွင် အရှုံး ပြခဲ့သည့် ဟောင်ကောင် ဒေါ်လာ ၁ ဒသမ ၉၄ ဘီလျံမှ အရှုံးသက်သာလာခြင်းဖြစ်သည်။

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ မိတ်ဖက်လုပ်ငန်းဖြစ်သည့် ရိုးမအုပ်စုနှင့် လုပ်ကိုင်နေသောလုပ်ငန်းကို ၁၂ လကြာ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့သည်ဟု လွန်ခဲ့သော မေလတွင် ၎င်းက အစုရှယ်ယာဝင်များကို ပြောကြားခဲ့သည်။

စာရင်းရှင်းတမ်းတွင် ဖော်ပြထားသော စီမံကိန်း၏မူလတန်ဖိုးမှာ ယခုအခါ တန်ဖိုး လျော့ကျသွားပြီဟု မှတ်ယူထားကြောင်း ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များအုပ်စုက ပြောကြားခြင်းနှင့်အတူ ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ်စာရင်းထဲတွင် ရန်ကုန် ဟိုတယ်စီမံကိန်း၏တန်ဖိုးကို ဟောင်ကောင်ဒေါ်လာ ၆၇၉ သန်း (အမေရိကန်ဒေါ်လာ ၈ရသန်း) တန်ဖိုး လျှော့ချသတ်မှတ်ခဲ့သည်။ ယင်းသို့ တန်ဖိုး လျှော့ချသတ်မှတ် သည့်ပမာဏမှာ စီမံကိန်း မူရင်းတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကုမ္ပဏီက ပြောကြားသည်။

ဟိုတယ်လုပ်ငန်းစုအနေဖြင့် ၂၀၂၀ ထက် အမြတ် ၂၈ ရာခိုင်နှုန်း တက်လာကာ ဟောင်ကောင်ဒေါ် လာ  ၃ ဒသမ ၄၆ ဘီလျံ အမြတ်ပေါ်ခဲ့သော်လည်း စာရင်းအင်းတွင် ရန်ကုန်ဟိုတယ် အရှုံးပေါ်ခြင်းကြောင့် ပင်နီဆူလာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် အရှုံးပြခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် အသားတင်အရှုံး မှာ ဟောင်ကောင်ဒေါ်လာ သန်း ၁၂၀ ရှိခဲ့ရာ ၂၀၂၀ တွင် အရှုံး ပြခဲ့သည့် ဟောင်ကောင် ဒေါ်လာ ၁ ဒသမ ၉၄ ဘီလျံမှ အရှုံးသက်သာလာခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် စတုတ္ထ သုံးလပတ်ထက် ၄ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာ ခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထ သုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်န ၀ါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည် မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း  ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။ တတိယသုံးလပတ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှု နှုန်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထသုံးလပတ်က ၁ ဒသမ  ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။