ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအာကာမိုးသူ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအာကာမိုးသူ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ
Published 19 January 2022

ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအာကာမိုးသူ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ကြေညာသည်။

ရန်ကုန်တက္ကသိုလ် အရှေ့ပိုင်းပညာဌာ ပါမောက္ခ ဒေါက်တာအာကာမိုးသူကို ဇန်နဝါရီ ၁၇ ရက်တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာအာကာမိုးသူသည် တက္ကသိုလ်ဆရာသမဂ္ဂကို စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တက္ကသိုလ် ဆရာ ဆရာမများ၏ CDM လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။

ဒေါက်တာအာကာမိုးသူအနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၂ ရက်က လှိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။

ဒေါက်တာအာကာမိုးသူသည် ဖမ်းဆီးခြင်းမခံရမီက သမဂ္ဂများတွင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူး၊ တစ်နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်တွင် တက္ကသိုယ် ဆရာ ဆရာမများ ကိုယ်စားပြုကိုယ်စားလှယ်နှင့် တက္ကသိုလ်ဆရာ ဆရာမများ ကိုယ်စားပြုကော်မတီတွင် မူဝါဒရေးရာနှင့် သုတေသနတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

Most Read

Most Recent