ရုရှား အမျိုးသားလုံခြုံရေး မဟာဗျူဟာကို စိစစ်ပြင်ဆင်ရန် သမ္မတ ပူတင် အတည်ပြု

ရုရှား အမျိုးသားလုံခြုံရေး မဟာဗျူဟာကို စိစစ်ပြင်ဆင်ရန် သမ္မတ ပူတင် အတည်ပြု
Published 4 July 2021
Ref: AP

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို စိစစ်ပြင်ဆင်ရန် အတည်ပြုခဲ့ပြီး ယင်းသည် ရုရှား၏ အချုပ်အခြာပိုင်နှင့် နယ်မြေပိုက်နက်တည် တံ့ခိုင်မြဲမှုတို့ကို ခြိမ်းခြောက်သည့် မိတ်ဆွေ မဆန်သည့် လုပ်ရပ်များလုပ်ဆောင်နေသည့် ပြည်ပနိုင်ငံများကို တုံ့ပြန်ရာတွင် အချိုးညီမျှ သည့် စီမံချက်များ၊ အချိုးမညီမျှသည့် စီမံချက်များပါဝင်လာဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

ယင်းမဟာဗျူဟာကို စိစစ်ပြင်ဆင်ရန် ပူတင်က ဇူလိုင်လ ၂ ရက်တွင် ဥပေဒတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

စာမျက်နှာ ၄၄ မျက်နှာပါသည့် ယင်းစာရွက်စာတမ်းများကို ဇူလိုင် ၂ ရက်က ရုရှားအစိုးရဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ပြီး ရုရှား၏ အမျိုးသားအကျိုးစီးပွားများနှင့် ဦးစားပေး အကြောင်းအရာများကို အလေးထားဖော်ပြ ခဲ့သည်။

ယင်းထုတ်ပြန်ချက်များအရ အချို့နိုင်ငံများ၏ လုပ်ဆောင်ချက်များသည် လွတ်လပ်သည့် ဓနသဟာယ နိုင်ငံများအဖွဲ့၏ လုပ်ငန်းစဉ်များကို အစိတ်စိတ်အမွှာမွှာပြိုကွဲစေရန် သွေးထိုးလှုံ့ဆော်နေပြီး ရုရှားနှင့် ယင်းအဖွဲ့အကြား အစဉ်အလာရှိသည့် ဆက်ဆံရေးကို ဖျက်ဆီးရန် ရည်ရွယ်နေကြောင်းနှင့် နိုင်ငံအချို့သည် စစ်ရေးပြိုင်ဘက်ဖြစ်သည့်တိုင် ရုရှားအား ခြိမ်းခြောက်မှုအဖြစ် သတ်မှတ် ခေါ်ဆိုနေကြကြောင်း ဖော်ပြခဲ့သည်။

ရုရှားအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းရေး ပဋိပက္ခများကို ဖြေရှင်းရန် နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ယင်းစာရွက်စာတမ်းများတွင် ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားအစိုးရသည် ရုရှား၏ အချုပ်အခြာပိုင်နှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုတို့ကို ခြိမ်းခြောက်သည့် မိတ် ဆွေ မဆန်သည့် လုပ်ရပ်များလုပ်ဆောင်နေ သည့် ပြည်ပနိုင်ငံများကို တုံ့ပြန်ရာတွင် အချိုး ညီမျှသည့် စီမံချက်များ၊ အချိုးမညီမျှသည့် စီမံချက်များဖြင့် လုပ်ဆောင်သွားရန် ၎င်းင်း၏ တရားဝင်ဖြစ်မှုကို စဉ်းစားနေသည်ဟုလည်း ဆိုသည်။

၂၀၁၄ ခုနှစ်က ယူကရိန်း၏ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခဲ့မှု၊ အမေ ရိကန်ရွေးကောက်ပွဲတွင် ရုရှား၏ ကြားဝင် စွက်ဖက်မှုစွဲချက်များ၊ ဆိုက်ဘာတိုက်ခိုက်မှု စွဲချက်များနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ၎င်းင်း၏မဟာမိတ်များနှင့် ရုရှားအကြား ဆက် ဆံရေးများ စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ပိုင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။

ဇွန်လ ၂၃ ရက်က ဗြိတိန်ရေတပ်မှ  HMS Defender စစ်သင်္ဘောသည် ရုရှားက ၎င်း၏ ရေပိုင်နက်ဟု ကြေညာထားသည့် ခရိုင်းမီးယားကျွန်းအနီးမှ ရေပြင်များတွင် ဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ရုရှားစစ်သ င်္ဘောများက သတိပေးပစ်ခတ်မှုများပြုလုပ် ခဲ့ရသည့် ဖြစ်စဉ်သည် ရန်စမှုတစ်ခုဖြစ်သည် ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ပူတင်က ပြောကြားခဲ့သည်။

“ဒါဟာ ရန်စတဲ့လုပ်ရပ်ဆိုတာ ထင်ရှား နေပါတယ်။ဒီရှုတ်ထွေးတဲ့ ဖြစ်စဉ်မှာ ဗြိတိန် တစ်နိုင်ငံတည်းသာမဟုတ်ဘဲ အမေရိကန် လည်း ပါဝင်နေပါတယ်” ဟု ပူတင်က ပြော ကြားခဲ့ပြီး ဗြိတိန်စစ်သင်္ဘောကို အမေရိကန် ကင်းထောက်လေယာဉ်က ကင်းထောက်ပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အခြားနိုင်ငံအများစုကဲ့သို့ ၂၀၁၄ ခုနှစ် က ရုရှား၏ ခရိုင်းမီးယားကျွန်းဆွယ်သိမ်း ပိုက်မှုကို အသိအမှတ်မပြုသည့် ဗြိတိန်ကမူ ၎င်း၏ စစ်သင်္ဘောသည် မည်သည့်ပစ်ခတ်မှု ကိုမှ မပြုလုပ်ခဲ့ဘဲ ယူကရိန်းရေပိုင်နက်အ တွင်း မောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။              

 

Most Read

Most Recent