ရုရှားက ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

ရုရှားက ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်
မတ် ၂၉ ရက်က ယူကရိန်း၏ ကာမီယန်စကီမြို့တွင် ရုရှား၏ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံများကိုတွေ့ရစဉ် (Photo: AFP)
မတ် ၂၉ ရက်က ယူကရိန်း၏ ကာမီယန်စကီမြို့တွင် ရုရှား၏ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံများကိုတွေ့ရစဉ် (Photo: AFP)
Published 30 March 2024

ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို မတ် ၂၉ ရက်က အကြီးစားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရုရှား၏ဒရုန်းများနှင့် ဒုံးကျည်စုစုပေါင်း ၉၉ စင်းခန့်သည် ယူကရိန်း၏ ဒေသများကိုထိမှန်ခဲ့သည်ဟု ယူကရိန်းစစ်တပ်ကပြောကြားခဲ့သည်။

ယူကရိန်း၏ ဒေသ ၁၀ ခုတွင် တိုက်ခိုက်ခံခဲ့ရမှုနှင့်အတူ လေကြောင်းစီးနင်းတိုက်ခိုက်မှု သတိပေးချက်များကို နိုင်ငံတစ်ဝန်းတွင် ထုတ်ပြန်ခဲ့ကြောင်းယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဟော်ကလီမန်ကိုက ပြောကြားခဲ့သည်။

ရုရှားသည် မကြာသေးမီရက်ပိုင်းအတွင်း ယူကရိန်းအား တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး ကိယက်မြို့တော်ကို ဒုံးကျည်အချို့ဖြင့် တိုက်ခိုက်ခဲ့ကာ ယူကရိန်းနိုင်ငံတစ်ဝန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများ ထိမှန်ခဲ့သည်။

ရုရှားနယ်စပ် ဘယ်လ်ဂိုရော့ဒေသတွင် မကြာသေးမီကယူကရိန်း၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့ တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏အရှေ့ပိုင်း ခါကိဗ်မြို့တွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားခဲ့ပြီး ထိုမြို့၏ဓာတ်အားပေးစက်ရုံသည် မတ် ၂၂ ရက်က ဒရုန်းတစ်စင်းနှင့် ဒုံးကျည်တစ်စင်းထိမှန်ခဲ့ပြီးနောက် လူပေါင်း ၇၀၀၀၀၀ ခန့်သည် လျှစ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၂၂-၂၃ ဆောင်းရာသီကာလတွင် ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

ရုရှားသည် ယခုနှစ်ဆောင်းရာသီတွင်လည်း ထိုမဟာဗျူဟာကို ထပ်မံကျင့်သုံးဖွယ်ရှိနေသည်ဟု ယူကရိန်းနိုင်ငံသားများနှင့် အနောက်နိုင်ငံများက ယူဆထားသော်လည်း ရုရှားသည် ကနဦးအနေဖြင့် ယူကရိန်း၏ ကာကွယ်ဆေးစက်ရုံများကို အာရုံစိုက်ပြီးတိုက်ခိုက်ခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ Ukrenergo ကမူ မတ် ၂၉ ရက်က တိုက်ခိုက်မှုသည် ယူကရိန်းနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများရှိ အပူစွမ်းအင်နှင့် ရေအားလျှပ်စစ်စွမ်းအင်စက်ရုံများ ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကလည်း ယူကရိန်း၏ Kaniv နှင့် Dniester ရေအားလျှပ်စစ်စက်ရုံများ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ရုရှားသည် ၂၀၂၃ ခုနှစ်ဇွန်လက Kakhovka ရေကာတာ ပျက် စီးမှုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တစ်ခုဖြစ်စေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

ယူကရိန်းနှင့် ရုရှားသည် အဆိုပါရေကာတာ ပျက်စီးမှုအတွက် အပြန်အလှန်စွပ်စွဲပစ်တင်ခဲ့ကြပြီး ရုရှား၏ စွပ်စွဲချက်များမှာ အကြောင်းရင်းမျိုးစုံရှိခဲ့ကာ ရေကာတာပျက်စီးခဲ့သည့် အကြောင်းရင်းအတိအကျကို အ တည်ပြုရန် ခက်ခဲခဲ့သည်။

ထိုရေကာတာကျိုးပေါက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ကာ စိုက်ခင်းများပျက်စီးခဲ့ပြီး လူပေါင်း ထောင်ချီအတွက် သောက်သုံးရေပြတ်လပ်မည့်အရေးကို ခြိမ်းခြောက်မှုဖြစ်စေခဲ့ကာ သဘာဝဘေးအန္တ ရာယ်တစ်ခုဖြစ်ပွားခဲ့သည်။

ယူကရိန်း၏ ရေကာတာများသာ ထိခိုက်ပျက်စီးမည်ဆိုပါက အခြားနိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုဖြစ်လာလိမ့်မည်ဟု ဇယ်လန်စကီးက သတိပေးခဲ့သည်။

Dinester ရေအားလျှပ်စစ်စက်ရုံသည် ယူကရိန်း၏ နိုဗော့နစ်စထရိုဗက်စ်မြို့အနီးတွင်တည်ရှိပြီး မော်လ်ဒိုဗာနိုင်ငံနယ်စပ်နှင့် ၁၅ ကီလိုမီတာ(၉ မိုင်)အကွာတွင် တည်ရှိသည်။“ဒါဟာ ယူကရိန်းအတွက်သာခြိမ်း ခြောက်မှုမဟုတ်ဘဲ မော်လ်ဒိုဗာအတွက်ပါ ခြိမ်းခြောက်မှုဖြစ်ပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။                   Ref: AFP

Most Read

Most Recent