အီတီဟတ်ကွင်း၌ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၀၀ အထိပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း မန်စီးတီးအသင်း ကြေညာ

အီတီဟတ်ကွင်း၌ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၀၀ အထိပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း မန်စီးတီးအသင်း ကြေညာ
Photos: Getty Images
Photos: Getty Images
Published 10 May 2020

အီတီဟတ်ကွင်း၌ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၀၀ အထိပြုလုပ်နိုင်သလို ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုဝန်ထမ်း ၂၆၀၀၀ ကို ဝင် ရောက်ခွင့်ပြုခြင်း၊ နိုက်တင်ဂေး ဆေးရုံတွင် အလုပ်လုပ်နေသူများ အပါအဝင် သူနာပြုဝန်ထမ်း ၃၅၀ ကျော်ကို စမ်းသပ်စစ်ဆေးမှုတွင် အရေးပါသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက အီတီဟတ်ကွင်း၌ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်စစ် ဆေးမှု ၁၀၀၀ အထိပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း အသိပေးကြေညာခဲ့သည်။

မန်စီးတီးအသင်းသည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလ တွင် ဗြိတိန်အမျိုးသားကျန်းမာရေး ဌာန (NHS) နှင့် လက်တွဲ၍ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏လုပ်ဆောင်မှုများကို အသိပေးထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ အီတီဟတ်ကွင်း၌ တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၀၀ အထိပြုလုပ်နိုင်သလို ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုဝန်ထမ်း ၂၆၀၀၀ ကို ဝင် ရောက်ခွင့်ပြုခြင်း၊ နိုက်တင်ဂေး ဆေးရုံတွင် အလုပ်လုပ်နေသူများ အပါအဝင် သူနာပြုဝန်ထမ်း ၃၅၀ ကျော်ကို စမ်းသပ်စစ်ဆေးမှုတွင် အရေးပါသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျယ်ပြန့်တဲ့ လူမှုအကျိုးပြု လုပ်ငန်းမှာ သေးငယ်တဲ့အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ရပေမဲ့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဒါဟာ မန်ချက်စတာမြို့သားတွေရဲ့ စိတ်ဓာတ်အင်အားပြင်းထန်မှု၊ ခံနိုင်ရည်ရှိမှု၊ အတူတကွရင်ဆိုင်ဖြတ်သန်းမှု စတဲ့အချက်တွေကို နောက်တစ်ကြိမ်ပြသနိုင်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ်ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို သေချာသိထားပြီး ကျွန်တော်တို့မြို့အတွက် ပူးပေါင်းကူညီအားပေးရမှာပါ။ ဒီလို ကူညီပေးနိုင်မယ်လို့လည်း အစက တည်းက ကြိုသိထားပါတယ်။ ဒါပေမဲ့ အကောင်းဆုံးပုံစံနဲ့ ဘယ်လိုထိထိ ရောက်ရောက်ကူညီပေးနိုင်မလဲဆိုတာကို နားလည်သဘောပေါက်ချင်ခဲ့တာပါ။ မန်ချက်စတာမြို့ကို ကူညီ ထောက်ပံ့မယ်လို့ ပေးထားတဲ့ကတိ ကဝတ်က လာမယ့်ရက်သတ္တပတ် တွေမှာလည်း ဆက်ပြီးရှိနေဦးမှာပါ" ဟု မန်စီးတီးအသင်း၏ စီမံခန့်ခွဲမှု အရာရှိချုပ် အိုမာဘာရာဒါက ပြောကြားခဲ့သည်။

ထို့ပြင် အီတီဟတ်ကွင်းကို NHS ဝန်ထမ်းများအတွက် အနားယူခြင်း၊ အပန်းဖြေခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း ဆောင်ရွက်နိုင်သည့်စင်တာအဖြစ် အသုံးပြုခွင့်ပေးထားသလို ကျန်းမာရေးဝန်ဆောင်မှု၏ လိုအပ်ချက်များ တိုးတက်များပြားလာသည်နှင့်အမျှ အမျိုးမျိုးသော လုပ်ငန်းများအတွက် အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။