မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် Fury ကျူတံကုမ္ပဏီနှင့် စပွန်ဆာစာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းနေ

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် Fury ကျူတံကုမ္ပဏီနှင့် စပွန်ဆာစာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းနေ
Photos: Ko Ar Ti (At ko) Facebook
Photos: Ko Ar Ti (At ko) Facebook
Published 10 May 2020

Fury ကျူတံကုမ္ပဏီသည် ဘုန်းမြင့်ကျော်နှင့် ၂၀၁၇ ခုနှစ်က တည်းက စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး နှစ်နှစ်သက်တမ်းရှိကာ အောက်တိုဘာတွင် ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် စာချုပ်သက်တမ်းတိုး ရန် ညှိနှိုင်းနေခြင်းဖြစ်သည်။

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ တံဆိပ်နှစ်ခုရရှိခဲ့သည့်အပြင် လက်ရှိကျင်းပနေသည့် Chinese 8 Ball ပြိုင်ပွဲတွင် လေးပွဲဆက်အနိုင်ရထားသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်သည် Fury ကျူတံကုမ္ပဏီနှင့် စပွန်ဆာစာချုပ် သက် တမ်းတိုးရန် ညှိနှိုင်းနေကြောင်း သိရသည်။

Fury ကျူတံကုမ္ပဏီသည် ဘုန်းမြင့်ကျော်နှင့် ၂၀၁၇ ခုနှစ်က တည်းက စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး နှစ်နှစ်သက်တမ်းရှိကာ အောက်တိုဘာတွင် ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် စာချုပ်သက်တမ်းတိုး ရန် ညှိနှိုင်းနေခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် မေ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Chinese 8 Ball ပြိုင်ပွဲ စတုတ္ထပွဲစဉ်အပြီးတွင် Fury ကျူတံကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

"စပွန်ဆာစာချုပ်ကိစ္စအတွက် Fury ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာမှာ စာချုပ်သက်တမ်းကုန်ဆုံး တော့မှာဖြစ်တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့တာဖြစ်တဲ့အပြင် စပွန်ဆာကြေးတိုးမြှင့်ဖို့လည်း ပါပါတယ်။ ၂၀၁၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုတုန်းက ကျွန်တော်က အောင်မြင်မှုအများကြီးမရှိသေးတဲ့အတွက်  စပွန်ဆာကြေးက နည်းပါတယ်။ လက်ရှိအခြေအနေကတော့ ကျွန်တော်လည်း ထိုက်သင့်တဲ့အောင်မြင်မှုရလာပြီဖြစ်တာကြောင့် စပွန်ဆာကြေးတိုးမြှင့်ဖို့ လုပ်ဆောင်နေတာပါ။ သူတို့ကတော့ ကျူတံနဲ့ဆက်စပ် ပစ္စည်းတွေ ရောင်းချရတယ်ဆိုရင် ရာခိုင်နှုန်း ခံစားခွင့်ပေးထားပါတယ်" ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။