အက်သလက်တီကိုအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲကို အယ်လစ်ဆန် ဒဏ်ရာကြောင့် လွဲချော်မည်

အက်သလက်တီကိုအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲကို အယ်လစ်ဆန် ဒဏ်ရာကြောင့် လွဲချော်မည်
Photos: Getty Images
Photos: Getty Images
Published 8 March 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်အနေဖြင့် တင်ပါးဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်အနေဖြင့် တင်ပါးဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

၎င်း၏ဒဏ်ရာနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က "သူက ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ နည်းနည်းထိခိုက်မိခဲ့တာပါ။ နောက်တစ်ရက်မှာ Scan စစ်ဆေး ကြည့်တော့မှ တစ်ခုခုဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ရတာပါ။ နောက်တစ်ပတ်မှာ ကစား နိုင်မလားဆိုတာ ကြည့်ရပါမယ်။ နောက်တစ်ပတ်ဆိုတာ အက်သလက်တီကိုနဲ့ပွဲကိုပြောတာမဟုတ်ပါဘူး။ ဘယ်တော့ပြန်ကစားနိုင်မလဲမသိပေမဲ့ နိုင်ငံတကာရက်သတ္တပတ်ပြီးသွားရင် ပြန်ကစားနိုင်မယ်ဆိုတာတော့ ၁၀၀ ရာခိုင်နှုန်း ပြောနိုင်ပါတယ်" ဟု ဆိုသည်။

 

Most Read

Most Recent