ချန်ပီယံလိဂ်ပွဲစဉ်ရှိသည့် ကြားရက်သတ္တပတ်တွင် မန်စီးတီး - အာဆင်နယ်ပွဲကျန်ကို ကစားသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်း အတည်ပြု

ချန်ပီယံလိဂ်ပွဲစဉ်ရှိသည့် ကြားရက်သတ္တပတ်တွင် မန်စီးတီး - အာဆင်နယ်ပွဲကျန်ကို ကစားသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်း အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 4 March 2020

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ပရီးမီးယားလိဂ်အဖွဲ့ ချုပ်တို့ ၂၀၁၇ ခုနှစ်အတွင်းက သဘောတူညီချက်အရ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်သော ပရီးမီးယားလိဂ်ပွဲစဉ်များကို ဥရောပပွဲစဉ်များ ကစားသည့် နေ့ရက်များတွင် ကစားစေပါက ဥရောပပွဲများမစတင်မီ အနည်းဆုံး (၁၅)မိနစ်အလို၌ ယင်းပရီးမီးယားလိဂ်ပွဲများကို အပြီးသတ်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

ပြီးခဲ့သည့်တစ်ပတ်က လိဂ်ဖလားဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် မန်စီးတီး - အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမည့်မတ် (၁၁) ရက်နေ့တွင် ကစားသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

ယင်းရက်တွင် ချန်ပီယံလိဂ် ရှုံး ထွက် (၁၆)သင်းအဆင့်ပွဲစဉ်များအဖြစ် PSG - ဒေါ့မွန်၊ လီဗာပူးလ် - အက်သလက်တီကို အသင်းများ၏ပွဲများ ရှိနေသည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ပရီးမီးယားလိဂ်အဖွဲ့ ချုပ်တို့ ၂၀၁၇ ခုနှစ်အတွင်းက သဘောတူညီချက်အရ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်သော ပရီးမီးယားလိဂ်ပွဲစဉ်များကို ဥရောပပွဲစဉ်များ ကစားသည့် နေ့ရက်များတွင် ကစားစေပါက ဥရောပပွဲများမစတင်မီ အနည်းဆုံး (၁၅)မိနစ်အလို၌ ယင်းပရီးမီးယားလိဂ်ပွဲများကို အပြီးသတ်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။ 

ယခု ကစားရန် စီစဉ်ထားသည့် မန်စီးတီး - အာဆင်နယ်ပွဲမှာ ဒေသစံတော်ချိန် ည (ရး၃၀) နာရီတွင် စတင်မည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ် လီဗာပူးလ် - အက်သလက်တီကိုပွဲမှာ ဒေသစံတော်ချိန်ည (၈)နာရီတွင် စတင်မည်ဖြစ်သည်။ သို့ဖြစ်ရာ UEFA နှင့် ပရီးမီးယားလိဂ်အဖွဲ့ ချုပ်၏ သဘောတူညီချက်နှင့် မကိုက်ညီသော်လည်း UEFA က မန်စီးတီး အသင်းကို အထူးခွင့်ပြုချက်ပေးပြီး ကစားခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ယင်းရက်သတ္တပတ်တွင် ချန်ပီယံလိဂ်ပွဲကစားရန်မရှိဘဲ ရှေ့တစ်ပတ် မတ်(၁၈) ရက်နေ့မှ ရီးယဲလ်မက်ဒရစ်အသင်း နှင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent