ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းသည် ရီးယဲလ်အသင်း၏ ၀ါရင့်စပိန်နောက်ခံလူ နာချိုကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
နာချို (၃၄ နှစ်)သည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၆၄)ပွဲ ကစားထားသူဖြစ်ပြီး ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ဆော်ဒီကလပ်များစွာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး လက်ရှိအချိန်တွင် အယ်လ်ကတ်ဆီယာအသင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။