လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 September 2024

အာဆင်နယ် - ဘော်လ်တန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

အာဆင်နယ်အသင်းက အဝေးကွင်း(၃)ပွဲဆက် ဆက် တိုက်ကစားခဲ့ရတဲ့ ပွဲကျပ်ကာလကို အမှားအယွင်းမရှိဘဲ အ ကောင်းဆုံးကျော်ဖြတ်နိုင်တယ်လို့ ပြောရမယ်။ အခုပွဲကတော့ (၃)ပွဲဆက်တိုက် ပွဲကြီးပွဲကောင်းတွေ ကစားခဲ့ရတဲ့ အမာခံ ကစားသမားတွေကို အနားပေးရမယ့် အလှည့်လည်းဖြစ်ပါ တယ်။ စတာလင်၊ ဂျော်ဂျင်ဟို၊ ဂျေးဇူးတို့လို ကစားသမားတွေ အသင်းကို ဦးဆောင်လာပြီး ပွဲထွက်လာဖို့များတယ်။ ဘော်လ် တန်အသင်းကတော့ League One မှာတောင် အမှတ်ပေးဇ ယား အောက်ခြေနားရောက်နေတဲ့အသင်းပါ။ အာဆင်နယ် (၃)ဂိုးလောက်ပြတ်လိမ့်မယ်။

လီဗာပူးလ် - ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ကွာတားဖိုင်နယ်မှာလည်း ဒီနှစ်သင်း တွေ့ဆုံထားဖူးပြီး လီဗာပူးလ်အသင်းက ဂိုးပြတ် အနိုင်ယူထားခဲ့တယ်။ နည်းပြသစ် အာနယ်ဆလော့လက်ထက် စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းနေသေးတယ်။ လီဗာ ပူးလ်အနေနဲ့ ဖလားပြိုင်ပွဲတစ်ခုခုက စောစောစီးစီး ထွက်ခွာရ မယ့် အခြေအနေမျိုး အဖြစ်ခံမှာမဟုတ်သလို၊ လက်ရှိချန်ပီယံ ဂုဏ်သိက္ခာကိုလည်း ထည့်တွက်ရလိမ့်မယ်။ ဝက်စ်ဟမ်းက တော့ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး အသင်းကြီးတွေ ကိုလည်း ယှဉ်နိုင်တဲ့အနေအထား မရှိသေးဘူး။ လီဗာပူးလ်ပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent