လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လမ်းပတ် ပေါင်သန်း (၁၅၀) သုံးစွဲခွင့်ရမည်

လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လမ်းပတ် ပေါင်သန်း (၁၅၀) သုံးစွဲခွင့်ရမည်
Photo: Sky Sports
Photo: Sky Sports
Published 5 February 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူရန်အတွက် ပေါင်သန်း (၁၅၀) သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Evening Standard က ဖော်ပြခဲ့သည်။

 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူရန်အတွက် ပေါင်သန်း (၁၅၀) သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Evening Standard က ဖော်ပြခဲ့သည်။

လမ်းပတ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

သို့သော် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အသင်းနည်းပြ လမ်းပတ်ကို ပေါင်သန်း (၁၅၀) ပေးသွားမည်ဖြစ်ကြောင်း Evening Standard က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းစာ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်အတွက် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာနှင့် လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီတို့ကို စိတ်ဝင်စားနေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နေပြီး အဆင့် (၅)နေရာမှ စပါးအသင်း (၃၇ မှတ်)ကို (၄)မှတ် ဖြတ်ထားသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် အသင်းတိုက်စစ်ပိုင်း၌ အေဘရာဟမ်၊ ပူလီဆစ်တို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် အခက်တွေ့နေပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့သည်။ 

 

 

Most Read

Most Recent