ဘင်္ဂါလီမွတ်စလင်များအား ဆောလျင်စွာပြန်လည်လက်ခံမှုနှင့် ပြဿနာဖြေရှင်းရန် နည်းလမ်းတို့ကို မျှော်လင့်ကြောင်းနှင့် ICJ ရလဒ်ကို စောင့်ကြည့်ရန်လိုလားကြောင်း တရုတ်နိုင်ငံက ပြောကြား

ဘင်္ဂါလီမွတ်စလင်များအား ဆောလျင်စွာပြန်လည်လက်ခံမှုနှင့် ပြဿနာဖြေရှင်းရန် နည်းလမ်းတို့ကို မျှော်လင့်ကြောင်းနှင့် ICJ ရလဒ်ကို စောင့်ကြည့်ရန်လိုလားကြောင်း တရုတ်နိုင်ငံက ပြောကြား
ဒီဇင်ဘာ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် IFRC ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ချန်ကျူးတို့အဖွဲ့ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း၌ ရောက်ရှိနေစဉ်  (ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook)
ဒီဇင်ဘာ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် IFRC ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ချန်ကျူးတို့အဖွဲ့ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း၌ ရောက်ရှိနေစဉ် (ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook)
Published 13 December 2019
Ref: The Daily Star

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျိမင်းက ဘင်္ဂါလီမွတ်စလင်များအား ဆောလျင်စွာပြန်လည်လက်ခံမှုနှင့် ပြဿနာဖြေရှင်းရန် နည်းလမ်းတို့ကို မျှော်လင့်ကြောင်းနှင့် သည်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရလဒ်ကို စောင့်ကြည့်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထား မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အမြင်ကို မေးမြန်းရာတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေအပေါ် အခြေခံသည့် နိုင်ငံတကာအမိန့်ကို ထိန်းသိမ်းကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်မှာ သည်ဟိတ်မြို့တရားရုံးကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကိုပဲ စောင့်ကြည့်ကြပါစို့” ဟု ကော့ဘဇားခရိုင်ရှိ   ဒုက္ခသည်စခန်းများသို့ မကြာသေးမီက သွားရောက်စဉ်အတွင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။ ဘင်္ဂါလီအရေးသည် နက် ရှိုင်းသော သမိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ဇာစ်မြစ်များရှိခြင်းနှင့်အတူ အလွန်ရှုပ်ထွေး သည်ဟုလည်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန် တရုတ်နိုင်ငံက ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံကို အထောက်အပံ့ပြု သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တရုတ်သံအမတ်ကြီး ကျိမင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်း (IFRC) ဒုတိယဥက္ကဋ္ဌနှင့် တရုတ် ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ချန်ကျူးနှင့်အတူ  ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အဆုံး၌ သံအမတ်ကြီးသည် ချန်ကျူးနှင့်အတူ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ယခုခရီးစဉ်သည် ယခုနှစ် စက်တင်ဘာ၌ နယူးယောက်မြို့တွင်ပြုလုပ်သော တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား တတိယအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ အတွင်း ရရှိခဲ့သည့် ဘုံသဘောတူညီချက် များကို ရှေ့ဆက်အကောင်အထည်ဖော်ရန် တရုတ်၏ အရေးကြီးသော နောက်ထပ်ခြေလှမ်းတစ်ရပ်နှင့် ဘင်္ဂါလီမွတ်စလင်အရေး နှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေရန် နောက်ထပ်အရေးပါသည့် ခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း တရုတ်သံအမတ်ကြီး က ပြောကြားခဲ့သည်။

ချန်ကျူးသည် RRRC ၊  UNHCR နှင့် BDRCS တို့မှ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ ဆုံလျက် လက်ရှိအခြေအနေရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာအမြင်ဖလှယ်မှုများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်စခန်းအတွင်းရှိ BDRCS နှင့် UNHCR တို့၏ အရေးပါသည့်စီမံကိန်းများကို လေ့လာခဲ့ကြသည်။

ချန်ကျူးသည် ဘင်္ဂလားဒေ့ရှ်သို့ မလာရောက်မီ ဂျီနီဗာမြို့၌ ဘင်္ဂါလီမွတ်စလင်ကိစ္စအား အဓိကထားသည့် ဘေးဆွယ်ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး IFRC က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးရန်ကို ပူးပေါင်းလုပ်ဆောင်ကြရန် လူသိရှင်ကြား တောင်းဆိုခဲ့သည်။

ရွှေ့ပြောင်းလာကြသော ဘင်္ဂါလီပြည်သူများကို လက်ခံပြီး စားနပ်ရိက္ခာနှင့် နေစရာများ ပေးအပ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ရပ်များကို  တရုတ်နိုင်ငံက အ လွန်လေးစားချီးကျူးပါကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံစလုံး ၏ ယုံကြည်ကိုးစားရသော မိတ်ဆွေနှင့် မိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ယခုကိစ္စကို ဖြေရှင်းရန်အတွက် ရေရှည်ခံသည့် နည်းလမ်းတစ်ရပ်အား ရှာဖွေရန် အားထုတ်မှု၌ အတုမရှိသော အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း နှင့် တရုတ်နိုင်ငံသည် အစောပိုင်းကတည်းက   အရေးတယူလုပ်ဆောင်မှုများကို ပြုလုပ်လာခဲ့ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။