နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲပြုလုပ်ရန်စီစဉ်နေစဉ် ပျောက်ဆုံးသွားသော ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲပြုလုပ်ရန်စီစဉ်နေစဉ် ပျောက်ဆုံးသွားသော ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား
Published 13 December 2019
ဉာဏ်လင်းထွန်း

ICJ တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲပြုလုပ်ရန် စီစဉ်နေစဉ် ပျောက်ဆုံးသွားသော ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရခိုင် လက်နက်ကိုင်အဖွဲ့(AA) စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ(မြန်မာပိုင်း) သတင်းဌာနသို့  ဒီဇင်ဘာ ၁၃ ရက်တွင် ဖြေကြားထားချက်အရ သိရသည်။ 

ဦးရဲသိန်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို မေးမြန်းရန် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ The Daily Eleven သတင်းစာက ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် သုံးကြိမ်တိုင် ဖုန်းခေါ်ဆို သော်လည်း လက်ခံဖြေကြားမှု မပြုခဲ့ပေ။

ဧရာဝတီ သတင်းဌာနဖော်ပြချက်တွင် AA စစ်ဦးစီးချုပ်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲပြုလုပ်ရန် စီစဉ်နေမှုအား နှစ်သက်ခြင်း မရှိ၍ ဦးရဲသိန်းကို ဖမ်းဆီးခြင်းဖြစ်ကြောင်းဖြေကြားခဲ့သည်။

AA အဖွဲ့ လှုပ်ရှားသည့်နယ်မြေတွင် ထောက်ခံပွဲပြုလုပ်မည်ဆိုပါက AA ထံမှ ခွင့် ပြုချက်တောင်းခံခြင်း သို့မဟုတ် နားလည်မှု ယူခြင်းများ လုပ်ဆောင်ရမည်ဟု AA စစ်ဦးစီးချုပ်က ဆိုသည်။

ICJသူက ဘာမှ ဂရုမစိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူ့ကို မေးမြန်းစရာတွေလည်းရှိတယ်” ဟု AA စစ် ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီ(မြန်မာပိုင်း) သို့ ပြောကြားသည်။ 

ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲကို ဘူးသီးတောင်မြို့နယ်တွင်ပြု လုပ်ရန် ဦးဆောင်စီစဉ်နေသူဖြစ်ပြီး ထောက်ခံပွဲကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာသို့သွားစဉ် မွန်းလွဲပိုင်း၌ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် NLD ပါတီပြောရေးဆို ခွင့်ရှိသူတို့က ပြောကြားသည်။

ဦးရဲသိန်းကို AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သည်ဆိုသည့်သတင်းများအပေါ် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား မေးမြန်းရာ တွေ့ဆုံမေးမြန်းချက် အရသာ ပျောက်ဆုံးကြောင်း အတည်ပြုနိုင်ပြီး အခြားသောအတည်ပြုနိုင်သည့်နည်း လမ်းမရှိဟု ပြောကြားသည်။

ICJကျွန်တော်တို့ကတော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို နိုင်ငံရေးသတိနှင့် လှုပ်ရှားသွားလာဖို့ပဲပြောဖို့ တတ်နိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့ နေရာဒေသတွေမှာ ကြုံတွေ့နေရတဲ့ နိုင်ငံ သားများနဲ့ အလားတူပဲ လုံခြုံရေးပြဿနာ ကို ခံစားရတယ်လို့ ကျွန်တော်တို့ သဘော ပေါက်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထိုကဲ့သို့ ပြဿနာများ ထပ်မံမပေါ် ပေါက်ရန် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ဆို သည်။

ဦးရဲသိန်းကို ဒီဇင်ဘာ ၁၃ ရက်အထိ ပြန်လည်မတွေ့ရှိသေးကြောင်းနှင့် မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သည်ကို အတိအကျမသိရှိဟု ၎င်း၏ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောကြားသည်။

ICJအစ်ကိုကိုတော့ ပြန်တွေ့ချင်တာပေါ့။ ဘယ်အဖွဲ့အစည်းဆိုတာလည်း မသိဘူး။ ဘယ်သူက ခေါ်သွားလဲဆိုတာလည်း မသိ ဘူး။ ဘာဖြစ်လဲဆိုတာလည်း မသိဘူး” ဟု ဦးအောင်ကိုဆွေက ပြောကြားသည်။

AA အဖွဲ့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း AA ၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်ခြင်း၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိသည်ဆိုကာ နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယနေ့တိုင် ပြန်လွှတ်ပေးခြင်းမရှိသေးပေ။