WLC:11 တွင် တူးတူး၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ ကို တူးတာဗို့ ပြောင်းလဲ စိန်ခေါ်မည်

WLC:11 တွင် တူးတူး၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ ကို တူးတာဗို့ ပြောင်းလဲ စိန်ခေါ်မည်
 တူးတူး (ယာ) နှင့် တူတာဗို့ (ဝဲ) တို့ အား တွေ့ရစဉ် (ဓာတ်ပုံ - WLC)
တူးတူး (ယာ) နှင့် တူတာဗို့ (ဝဲ) တို့ အား တွေ့ရစဉ် (ဓာတ်ပုံ - WLC)
Published 18 November 2019

WLC:11 BATTLEBONES တွင်လက်ရှိချန်ပီယံ တူးတူး၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့က ပြောင်းလဲစိန်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။ မူလက WLC:11 BATTLEBONES တွင် တူးတူး၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို သြစတေးလျနိုင်ငံသား ဂျေးတွန်ကင် ကစိန်ခေါ်မည်ဖြစ်သော်လည်း ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ(၁၈)ရက်နေ့ ညနေပိုင်းတွင် တူးတူး၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို တူတာဗို့က စိန်ခေါ်မည်ဖြစ်ကြောင်း မြန်မာ့လက်ခမောင်း ဥက္ကဋ္ဌ ဦးဇေသီဟသူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့နှင့် တူးတူးတို့သည် ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သော Thai Fight Kard Chuek ၌ ရင်ဆိုင်ဖူးခဲ့ပြီး တူးတူးက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။  တူးတူးသည် WLC လက်ဝှေ့ပြိုင်ပွဲ စတင်ချိန်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး WLC:3 တွင် ပထမဦးဆုံး ချန်ပီယံအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့သည်။ ယင်းနောက် WLC:4 တွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ပြီးနောက်  လက်ဝှေ့ကြိုးဝိုင်းနှင့် အဆက်အသွယ်ပြတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်ရောက်မှသာ စိန်ခေါ်ပွဲများပြန်လည်း ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

1e079abf34d43228476cecdf14853e7d.jpg

ဓာတ်ပုံ - miruhon.net

တူတာဗို့နှင့် ထိုးသတ်ရမည့် ချန်ပီယံကာကွယ်ပွဲသည် တူးတူးအတွက် WLC တွင် ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ရသည့် ချန်ပီယံကာကွယ်ပွဲဖြစ်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့သည် မြန်မာလက်ဝှေ့ သမားများအနက် တူးတူးအပြင် ဖျံသွေးနှင့်ပါ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး မြန်မာပရိသတ်များနှင့် ရင်းနှီးသော မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်သည်။တူးတူး၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ပါဝင်သည့် WLC:11 BATTLEBONES ကို လာမည့် ၂၀၂၀ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent