အခွန်အမှတ်တံဆိပ် ကပ်နှိပ်မှုမရှိသည့် အထူးကုန်စည်များကို သတင်းပေး တိုင်ကြားသူများအား တပ်ရိုက်ဒဏ်ကြေး၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ကြေညာ

အခွန်အမှတ်တံဆိပ် ကပ်နှိပ်မှုမရှိသည့် အထူးကုန်စည်များကို သတင်းပေး တိုင်ကြားသူများအား တပ်ရိုက်ဒဏ်ကြေး၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ကြေညာ
Published 25 September 2018

အခွန်အမှတ်တံဆိပ် ကပ်နှိပ်မှုမရှိသည့် အထူးကုန်စည်များကို တွေ့ရှိသတင်းပေး တိုင်ကြားသူများ တပ်ရိုက်ဒဏ်ကြေး၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

အရက်အမျိုးမျိုး၊ စီးကရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုးနှင့် ဆေးပေါ့လိပ် အမျိုးမျိုးတို့ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရမည့် ကုန်စည်များအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်ပြီး ယင်းအထူးကုန်စည် အမျိုးအစားများနှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ထားမှုမရှိခြင်း၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော်လည်း ထိုကပ်နှိပ်ထားသည့် အမှတ်တံဆိပ်မှာ အတုဟု ယူဆနိုင်ဖွယ်ရာရှိခြင်း၊ အခွန်အမှတ်တံဆိပ်အတုများ ထုတ်လုပ်ဆောင်ရွက်သည်ကို တွေ့ရှိခြင်း၊ ပြည်ပမှ တရားမဝင်တင်သွင်း ရောင်းချမှုများတွေ့ရှိရခြင်း စသည့် အချက်များကို တွေ့ရှိပါက ပြည်တွင်းအခွန်များဦးစီး ဌာနသို့ သတင်းပေးတိုင်ကြားနိုင်ပြီး ဆုကြေး ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

ထိုသို့ သတင်းပေးတင်ပြသူအား မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းပြုမည်မဟုတ်ဘဲ သတင်းပေးသူအား ချီးမြှင့်မည့်ဆုကြေးပမာဏမှာ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ) အရ တပ်ရိုက်သည့် ဒဏ်ငွေအဖြစ် ကောက်ခံရရှိငွေ၏ ၂၀ ရာခိုင်နှုန်းချီးမြှင့်မည်ဖြစ်ပြီး ဆက်သွယ်တိုင်ကြားရမည့် တိုင်းဒေသကြီး၊ ပြည်နယ်အခွန်ရုံးများ၏ ဖုန်းနံပါတ်များမှာ ကချင် ၀၇၄-၂၂၈၉၃၊ ကယား ၀၈၃-၂၂၂၁၆၉၄၊ ကရင် ၀၅၈-၂၁၀၈၅၊ ချင်း ၀၇၀-၂၁၉၄၂၊ စစ်ကိုင်း ၀၇၁-၂၃၃၂၅၊ တနင်္သာရီ ၀၅၉-၂၃၅၈၀၊ ပဲခူး ၀၅၂-၂၂၀၀၀၆၁၊ မကွေး ၀၆၃-၂၀၂၃၂၁၄၊ မန္တလေး ၀၂-၄၀၆၁၄၉၅၊ မွန် ၀၅၇-၂၃၀၁၈၊ ရခိုင် ၀၄၃-၂၃၃၇၆၊ ရန်ကုန် ၀၁-၂၅၂၅၁၆၊ ရှမ်း ၀၈၁-၂၀၂၁၇၂၊ ဧရာဝတီ ၀၄၂-၂၄၅၂၉၊ ပြည်ထောင်စုနယ်မြေ ၀၆၇-၅၅၀၁၆၇ တို့ကို ဆက်သွယ် တိုင်ကြားနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

Most Read

Most Recent