Teknaf ဆိပ်ကမ်းမှတစ်ဆင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှု ရပ်တန့်နေကြောင်း The Daily Star ဖော်ပြ

Teknaf ဆိပ်ကမ်းမှတစ်ဆင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှု ရပ်တန့်နေကြောင်း The Daily Star ဖော်ပြ
Published 7 March 2024

Teknaf ဆိပ်ကမ်းမှတစ်ဆင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှု ရပ်တန့်နေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်သည့် The Daily Star တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများကြောင့် Teknaf ဆိပ်ကမ်းမှတစ်ဆင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ရပ်တန့်သွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်မှ သင်္ဘောများမှာ တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းတွင် ဆိုက်ကပ်ခြင်းမရှိသေးကြောင်း ပုဂ္ဂလိကပိုင် ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် ယင်းဆိပ်ကမ်း၏ အထွေထွေမန်နေဂျာ Jasim Uddin Chowdhury ၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားသည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်များမတိုင်မီက ငါးခြောက်၊ ချဉ်၊ ငါးခြောက်၊ ဆန်၊ အုန်းခြောက်၊ ကြက်သွန်နီ၊ ဂျင်း၊ ထင်း စသည့် ကုန်စည်သင်္ဘော ၁၅ စီးမှ ၂၂ စီးအထိ ဆိပ်ကမ်းတွင် နေ့စဉ်ဆိုက်ကပ်လေ့ရှိကြောင်း ဆိပ်ကမ်းအထွေထွေ မန်နေဂျာက ဆိုသည်။

သို့သော် နိုဝင်ဘာလမှစ၍ သင်္ဘောအရေအတွက်သည် ငါးစင်းမှ ခုနစ်စီးအထိ ကျဆင်းသွားခဲ့ပြီး လက်ရှိတွင် တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Teknaf ဆိပ်ကမ်းအခြေစိုက် တင်သွင်းသူ Chowdhury Traders ၏ ပိုင်ရှင် Shawkot Ali က ကြက်သွန်နီနှင့် ဂျင်းအပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းအချို့၏ ဈေးနှုန်းများသည် မြန်မာနိုင်ငံမှ တင်သွင်းမှု ရပ်တန့်လုနီးပါးဖြစ်သောကြောင့် ရမ်ဇာန်လမတိုင်မီ မြင့်တက်လာနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

"ဇန်နဝါရီလမှ ဖွင့်လှစ်ထားတဲ့ ဝယ်လိုအား မူကြမ်းတွေအောက်မှ ကုန်ပစ္စည်းတွေ တင်သွင်းနေတယ်။ ဝယ်လိုအား မူကြမ်းတွေ အားလုံးကုန်သွားရင်တော့ နိုင်ငံတွင်းကို ကုန်ပစ္စည်းတွေ တင်သွင်းဖို့ နည်းလမ်းမရှိတော့ဘူး" ဟု Chowdhury Traders ၏ ပိုင်ရှင် Shawkot Ali က ပြောကြားသည်။

ဒေသထွက် သီးနှံများ မလုံလောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ အိမ်နီးချင်းနိုင်ငံများထံမှ တင်သွင်းနေရပြီး မြန်မာနိုင်ငံဘက်မှ ကြက်သွန်နီနှင့် ဂျင်း တို့ကို အဓိက တင်သွင်းလျက်ရှိသည်။

Most Read

Most Recent