စီရော်နယ်လ်ဒို၏အနီကတ်အတွက် စက်တင်ဘာ ၂၇ ရက်တွင် UEFA ဆုံးဖြတ်မည်

စီရော်နယ်လ်ဒို၏အနီကတ်အတွက် စက်တင်ဘာ ၂၇ ရက်တွင် UEFA ဆုံးဖြတ်မည်
Published 22 September 2018

Photo: AFP

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အနီကတ်နှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံရမည့်ပွဲအရေအတွက်ကို စက်တင်ဘာ ၂၇ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က အတည် ပြုကြေညာခဲ့ကြောင်းသိရသည်။

စီရော်နယ်လ်ဒိုသည် စက်တင်ဘာ ၁၉ ရက်က ဗလင်စီယာအသင်းနှင့်ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ မူရယ်ယိုနှင့် အချင်းများရာမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

UEFA ၏ စည်းမျဉ်းအရ စီရော်နယ်လ်ဒိုသည် အောက်တိုဘာ ၂ ရက်တွင် ယန်းဘွိုင်းစ်အသင်းနှင့်ကစားမည့် အုပ်စုဒုတိယပွဲကို အလိုအလျောက်လွဲချော်မည်ဖြစ်ပြီး ယင်းပွဲအတွက် အယူခံဝင်ခွင့်မရှိကြောင်း သိရသည်။

သို့သော် ၎င်းအား ထပ်တိုးပြစ်ဒဏ်ချမှတ်ခြင်းရှိ၊ မရှိကို စက်တင်ဘာ ၂၇ ရက်တွင် UEFA ကျင့်ဝတ်နှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်မည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ပွဲစဉ် (၃) နှင့် (၄) တွင် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ စီရော်နယ်လ်ဒိုအနေဖြင့် (၁)ပွဲထက်ပို၍ ပြစ်ဒဏ်ချမှတ်ခံရပါက အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။

Most Read

Most Recent