စစ်ပွဲ၏အရိပ်အောက်၌ တောင်ပိုင်းရှိကမ်းခြေတွင် ခေတ္တ စိတ်အပန်းဖြေနေကြသည့် လက်ဘနွန်နိုင်ငံသားများ

စစ်ပွဲ၏အရိပ်အောက်၌ တောင်ပိုင်းရှိကမ်းခြေတွင် ခေတ္တ စိတ်အပန်းဖြေနေကြသည့် လက်ဘနွန်နိုင်ငံသားများ
Photo-AFP
Photo-AFP
Published 16 June 2024

အစ္စရေးစစ်လေယာဉ်အသံများသည် ၎င်း၏မြေးဖြစ်သူ ကလေးငယ်လေးကို ထိတ်လန့်စေခဲ့ပြီးနောက် အမ်းဟက်ဆန်အမည်ရှိအမျိုးသမီး၏ မိသားစုက တောင်ပိုင်းလက်ဘနွန်ကမ်းခြေတွင် အပန်းဖြေအနားယူခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများကို လွတ်မြောက်ရန် မျှော်လင့်လျက်ရှိသည်။

“အသက်ရှင်နေသေးပေမယ့် ကလေးတွေကတော့ အတော်လေးထိတ်လန့်နေကြပါတယ်”ဟုအစ္စရေး - လက်ဘနွန်နယ်စပ်မှ ၁၂ ဒသ မ ၄ မိုင်ကွာဝေးသည် တိုင်ရီမြို့ရှိ ကမ်းခြေတွင် ရောက်ရှိနေသော အသက် ၆၀ အရွယ်အမ်းကပြောပြခဲ့သည်။

အစ္စရေးတောင်ပိုင်းတွင် ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကြောင့် ဂါဇာတွင်စစ်ပွဲစတင် ဖြစ်ပွားချိန်ကတည်းက ဟားမာ့စ်မဟာမိတ်ဖြစ်သည့် လက်ဘနွန်၏ဟဇ်ဘိုလာနှင့် အစ္စရေးတို့သည် နေ့ စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလျက်ရှိသည်။

လက်ရှိဖြစ်ပွားနေဆဲ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု၏ နောက်ခံအခြေအနေကို ဆန့်ကျင်လျက်အမ်းဟက်ဆန်၏ အသက်တစ်နှစ်အရွယ် မြေးဖြစ်သူသည် မိခင်ဖာတီမာနှင့်အတူ ကမ်းခြေရှိသဲသောင်ပြင်တွင် ဆော့ကစား လျက်ရှိသည်။

အစောပိုင်းရက်အနည်းငယ်က အစ္စရေးဂျက်တိုက်လေယာဉ်တစ်စင်းသည် ဆရီဖာကုန်းတွင်းပိုင်း ကျေးရွာပေါ်တွင် ဆူညံစွာဖြတ်ပျံသန်းခဲ့ပြီး ယင်းကျေးရွာသည် မကြာသေးမီလများအတွင်း အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်ဟု အမ်းဟက်ဆန်ကဆိုသည်။

ယင်းဆူညံသံသည် ကလေးငယ်ကို အလွန်ထိတ်လန့်စေခဲ့ပြီး ကလေးသည်ရှိုက်ကြီးတငင်ငိုခဲ့ပြီးနောက် ရယ်မောနေပြီးနောက်ပိုင်းတွင်  တစ်နာရီခွဲကြာ ရှိုက်ကြီးတငင် ဆက်လက် ငိုကြွေးခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ ဆရာဝန်ကိုခေါ်ပြီး ပြသတဲ့အခါ ကလေးက စိတ်ချောက်ချားတဲ့ရောဂါ ဖြစ်ခဲ့တာလို့ပြောပါ တယ်။ကျွန်မတို့ကလေးကို မြစ်ကမ်းနံဘေးတွေနဲ့ ပင်လယ်ကိုခေါ်သွားခဲ့ပါတယ်။ အဲဒါမှသူလည်းအဖြစ်အ ပျက်တွေကို မေ့ပစ်နိုင်မှာပါ”ဟု အမ်းဟက်ဆန်က ဆိုသည်။

အမ်းဟက်ဆန်သည် ရာနှင့်ချီ သည့် ပင်လယ်ကမ်းခြေတွင် အပန်းဖြေနေသူများတွင် အပါအဝင်ဖြစ်ပြီး ၎င်းတို့ထဲတွင်အများစုက ဟဇ်ဘိုလာတို့ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားသော နိုင်ငံတောင်ပိုင်းမှဒေသခံ များဖြစ်ကာ ၎င်းတို့သည် သီတင်းပတ်ကုန်ကာလကို တိုင်ရီမြို့ရှိကမ်းခြေတွင် စစ်ပွဲသတင်းများအားအ ဆက်အသွယ်ဖြတ်ထားနိုင်ရန် ကြိုးပမ်းနေကြသူများ ဖြစ်သည်။

အစ္စရေးသည် အစောပိုင်းက ဟဇ်ဘိုလာနှင့် မြို့တွင်းနှင့်မြို့အနီးရှိ တိုက်ခိုက်ရေးသမားများကိုပစ် မှတ်ထားခဲ့ကာ လက်ရှိတွင်ယင်းမြို့များတွင် နေထိုင်ကြသောထောင်နှင့်ချီသည့် လူများသည် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

ဘီယာသောက်၍ ဆေးလိပ်ဖွာနေသော အက်ဘ်ဘက်စ်အွီးဒက်အမည်ရှိ အမျိုးသားသည် ဇနီးဖြစ်သူ အေရာနှင့်အတူ နေပူစာလှုံလျက်ရှိသည်။

“ကျွန်တော်တို့တွေ အခြားဘယ်ကိုမှ သွားဖို့ စိတ်မကူးခဲ့ဖူးပါဘူး။ကျွန်တော်တို့ဒီနေရာမှ အတော်လေး အပန်းပြေပါတယ်”ဟုအသက် ၃၄ နှစ်အရွယ် အွီးဒက်ကဆိုသည်။

“ခင်ဗျားတို့ဒီလိုမသွားဘူးဆိုရင်တော့ ခင်ဗျားတို့ရူးသွားပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

“တောင်ပိုင်းမှာနေထိုင်ကြတဲ့ လူတွေက ထိတ်လန့်နေကြပြီး စစ်ပွဲကြီးတစ်ရပ်ဖြစ်လာမှာကို စောင့် ဆိုင်းနေကြပါတယ်။လုပ်ငန်းခွင်မှာ တောင်လူတွေက စစ်ဖြစ်လိမ့်မယ်လို့ ပြောနေကြတယ်”ဟု အွီးဒက်ကဆို သည်။သို့သော် အွီးဒက်က“ကျွန်တော်တို့ဆီမှာ ဟဇ်ဘိုလာရှိနေပြီး အစ္စရေးကတိုက်ရင် ကျွန်တော်တို့ လူတွေက ပြန်တိုက်သွားမှာပါ”ဟု ယုံကြည်ချက်အပြည့်ဖြင့်ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးသည်မြောက်ပိုင်းနယ်စပ်တွင် ပြင်းထန်သောစစ်ဆင် ရေးတစ်ရပ်ဆင်နွှဲရင် ပြင်ဆင်နေကြောင်းလွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

ဟဇ်ဘိုလာကမူ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲမှသာ ၎င်းတို့လည်း အစ္စရေးကို တိုက်ခိုက်မှုရပ်တန့်ပေးမည် ဟုဆိုသည်။

အွီးဒက်ကမူ ၎င်း၏ကျေးရွာ အေဇက်တွင် အစ္စရေးဂျက်လေယာဉ်အသံများ ပုံမှန်ကြားနေရပြီး ယင်းအသံလှိုင်းဖိအားများကြောင့် အဆောက်အအုံများ တုန်ခါပြီး ပြတင်းပေါက်မှန်များ အက်ကွဲကြောင်း ပြောပြခဲ့သည်။               

Ref:AFP

Most Read

Most Recent