ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၂၉၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၂၉၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်
Published 20 September 2018

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၉ ရက်တွင် ၁၂၀၄ ဒေါ်လာဝန်းကျင်အထိ ပြန်တက်လာပြီး ဒေါ်လာဈေးဆက်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၂၉၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက်တိုက် စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀၊ စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၉၉၆၂၀၀၊ စက်တင်ဘာ ၁၇ ရက်တွင် ကျပ် ၉၉၈၅၀၀၊ စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၀၇၅၀၀၊ စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၁၀၂၉၂၀၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ရောက်လာပြီး သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ကာ စက်တင်ဘာ ၁၉ ရက်တွင် ၁၂၀၄ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent