မြစ်ဆုံတွင် အပြည်ပြည်ဆိုင်ရာ မြစ် ချောင်း အင်းအိုင်များနေ့ ကျင်းပ

မြစ်ဆုံတွင် အပြည်ပြည်ဆိုင်ရာ မြစ် ချောင်း အင်းအိုင်များနေ့ ကျင်းပ
Published 14 March 2024

မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ ဆုတောင်းအစီအစဉ်နဲ့ အသိပညာပေး ဟောပြောမှုများကို ကချင်ပြည်နယ်  မြစ်ဆုံတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့၊ မြစ်ဆုံဒေသ အနီး ကျေးရွာ ၁၅ ရွာက ဒေသခံ ၂၀၀ ခန့် စုဝေးပြီး ဆုတောင်းခြင်း၊မြစ်ချောင်းအင်းအိုင် ကာကွယ်ထိန်းသိမ်းရန် နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အစီအစဉ်တွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက Eleven Media သို့ ပြောကြားသည်။

 "နိုင်ငံရေးအခြေအနေ မတည်ငြိမ်လေမြစ်ချောင်း၊ အင်းအိုင်တွေ ပျက်စီးလေပဲ။ ဘေးပတ်ဝန်းကျင်တွေလည်းပိုပျက်စီးတယ်။ဒေသခံအသံတွေကတော့ ရေတွေလည်း အရင်လို မကြည်လင်တော့တာ။ကင်ဆာလို၊စမ်းသပ်မရတဲ့ အရင်က မဖြစ်ဖူးတဲ့ရောဂါတွေအကြောင်း၊ကျွဲနွား တွေဒုက္ခရောက်တာပါတယ်။ မြစ်ချောင်း၊ အင်းအိုင်ကို ကာကွယ်တဲ့အနေနဲ့ လုပ်တာပေါ့။ အထိမ်းအမှတ်နေ့ကို အလေးထားပြီး လုပ်ဖြစ်တာပေါ့"လို့ ဆိုပါတယ်။

 “အခမ်းအနားတွင် ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းများတွင် စက်ယန္တရားဖြင့် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်း အင်းအိုင်များ လွတ်လပ်စွာ ရှင်သန်ရေး၊ မြစ်ကြောင်း တစ်လျှောက် အကြီးစား ရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေ ရရှိရေးနှင့် မြစ်ချောင်းအင်းအိုင်များ ဖျက်ဆီးသူ အလိုမရှိ"အစရှိတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent